ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Friday, May 21, 2010

ဒုတိယကမ္ဘာစစ်အတွင်း ပျက်ကျသွားသောတိုက်လေယာဉ် ပြန်လည်တွေ့ရှိ


၁၉၄၂ခုနှစ်က ဝေလနိုင်ငံ ကမ်းရိုးတန်းတွင် ပျက်ကျခဲ့သော ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သည့် P38 Lightning တိုက်လေယာဉ်တစ်စင်း သဲများ အောက်တွင် နစ်မြုပ်နေရာမှ ပြန်လည်ဆယ်ယူနိုင်တော့ မည်ဖြစ်သည်။ ထိုလေယာဉ်မှာ အမေရိကန်ပြည်ထောင် စုလေတပ်(USAAF)မှ တိုက်လေယာဉ်ဖြစ်ပြီး လေ့ ကျင့်ရေးအစီအစဉ်အဖြစ် ပျံသန်းမောင်းနှင်နေစဉ် Gwynedd ကမ်းရိုးတန်းတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။


လေယာဉ်ပေါ်မှ လေသူရဲရောဘတ်အယ်လီယော့မှာမူ အံ့အားသင့်ဖွယ်ရာပင် လေယာဉ်ပျက်ကျသည့် ဘေးမှ အနာတရမရှိ ရှောင်ထွက်နိုင်ခဲ့သော်လည်း တာဝန်မှပျောက်ဆုံးနေခဲ့ပြီး နောက်သုံးလ အကြာတွင် မူ မြောက်အာဖရိကရှိ အမေရိကန်တို့၏ စစ်ဆင်ရေး တစ်ခုတွင် တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရှိခဲ့ကြ ရသည်ဟုဆိုသည်။

ပို၍အံ့အားသင့်ဖွယ်ရာအဖြစ်မှာ ယခင်ကရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသော P38 Lightning တိုက်လေယာဉ်မှာ ၂၀၀၇ခုနှစ်တွင် ဝေလနိုင်ငံ ပင်လယ်ကမ်းခြေ တွင် မယုံနိုင်ဖွယ်ရာ ပြန်လည်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ပင်လယ်ရေလှိုင်းနှင့်အတူပါလာသော သဲမြေ တို့က လေယာဉ်အား နှစ် ၆၀ကြာမျှ ဖုံးကွယ် နေခြင်းဖြစ် သည်။ လာမည့်နှစ်တွင် စေတနာ့ဝန်ထမ်း ကူညီထောက် ပံ့ရေးအဖွဲ့က လေယာဉ်ပျက်အား ပြန်လည်ဆယ် ယူရန် စီစဉ်လျက်ရှိနေပြီး သမိုင်းဝင်လေယာဉ်ပျံများ ပြန်လည်ဖော်ထုတ်ရေး နိုင်ငံတကာအုပ်စုက လည်း ကူညီပံ့ပိုးပေးရန် အသင့်ရှိနေခဲ့ပြီဖြစ်သည်။ 

မူရင်း(http://yangonmedia.com/news/news_detail.asp?nid=2061)
1. 2. 3.

0 comments: