ယခင် သီတင်းပတ်က သောကြာကြယ်နှင့် လတို့ နီးကပ်မှု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင်အုတ်အော် သောင်းနင်း ဖြစ်ပြီးနောက် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံတို့ တွင် ယနေ့ မနက် ၁၁နာရီခန့်က နေထီးဆောင်း မှု ဖြစ်စဉ် ကို တစ်နာရီခန့်တွေ့ မြင်ရသည် ဟု မော်လမြိုင်မြို့ မှဆရာမ တစ်ဦး က Freedom News Group သို့ ပြောသည်။
နေထီးဆောင်းမှု ဖြစ်စဉ်အား ရန်ကုန် မြို့ ရှိ လှည်းတန်း ၊ ရန်ကုန် မြို့ လည် နှင့် ကြည့်မြင်တိုင်စသည့် နေရာ အချို့ တွင် တွေ့ မြင်ရမှုမရှိဟု သိရသည်။
မြန်မာနိုင်ငံတွင် နေထီးဆောင်းခြင်းနှင့် ပတ်သက်၍ အတိတ်နိမိတ်တဘောင် များစွာရှိပြီး ယနေ့နေထီး ဆောင်းခြင်းနှင့် ပတ်သက်၍ အတိတ်၊နိမိတ် ကောက်ယူမှုဆိုင်ရာ သုတေသီဦးကျော်မြင့်က နေထီးဆောင်း တယ်ဆိုတာ မြန်မာဘုရင်တွေ နန်းကျချိန်တို့ မင်းလောင်ပေါ်တဲ့ အချိန်တို့ တိုင်းပြည်မှာအငတ်ဘေးတို့ ဆိုက်တဲ့ အချိန်မှာပေါ်တဲ့ နိမိတ်ဟု ပြောကြားသည်။
မူရင်း(Freedomnewgroup)မှ ကူးယူဖော်ပြသည်။
1.
2.
3.
0 comments:
Post a Comment