ရွေးကောက်ပွဲမတိုင်ခင် အကျဉ်းသား ၁ သောင်းကျော် လွတ်ဖို့ရှိ
နာမည်ဆိုးနှင့် ကျော်ကြားသော အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ
နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အ ကျဉ်းသား ၁ သောင်း ၁ ထောင်ကို လွှတ်ပေးဖို့ရှိကြောင်း ပြည်တွင်းထုတ် သတင်းဂျာနယ်တစောင်ကို ကိုး ကားပြီး ဂျာမန်သတင်းဌာန DPA က ရေးသားလိုက်ပါတယ်။ဒီမှာဖတ်ပါ။

ဒီမိုကရေစီမိတ်ဆွေများပါတီထဲမှ ဒီငြိမ်းပါတီ ယာယီရပ်ဆိုင်းမည်
ဒီမိုကရေစီပါတီများ ၆ ဖွဲ့ ဖွဲ့ထားတဲ့ ဒီမိုကရေစီ မိတ် ဆွေများအဖွဲ့ထဲက ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီဟာ လောလောဆယ် ယာယီ ရပ်ထားမယ်လို့ ကျန် ၅ ပါတီကို စာပေးပို့ခဲ့ကြောင်း ဒီငြိမ်းပါတီက ဗဟိုကော်မတီ ဝင် ဦးမျိုးညွန့်က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင်ရွှေက ပြည်တွင်းထုတ် ဂျာနယ်တစောင် မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အန်ဒီအက်ဖ်အပါအဝင် နိုင်ငံရေးပါတီတချို့ကို ငွေကြေးကူညီ ထောက်ပံ့ထားတယ်လို့ ပြောဆိုလိုက်တဲ့အပေါ်မှာ ဒီငြိမ်းအဖွဲ့က ခုလိုတုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ဒီမှာဖတ် ပါ။

လယ်မြေသိမ်းရန် ခမရ ၂၀၉ ပြင်ဆင်နေ နအဖစစ်သားတစ်ဦး
မွန်ပြည်နယ် မုဒုံမြို့နယ်ကမာဝက်ကျေးရွာ အခြေစိုက် ခမရ ၂၀၉ တပ်တို့က လယ်မြေဧကပေါင်း ၈၀ ကျော်ကို တပ်မြေအဖြစ် သိမ်းဆည်းရန် ပြင်ဆင်နေသည်။မုဒုံမြို့နယ် ဒိုးမားကျေးရွားရှိ လယ်ပိုင်ရှင် ၈ ဦးပိုင်ဆိုင်သည့် လယ်မြေဧက ၅၀ ကျော်နှင့်၊ ကွမ်လှာရွာရှိ လယ်ပိုင်ရှင် ၇ ဦးတို့ပိုင်ဆိုင်သည့် လယ်ဧက ၃၀ ကျော်တို့ကို ရွေးကောက်ပွဲမတိုင်ခင် တပ်မြေအဖြစ် သိမ်းဆည်းရန် ၄င်းတပ်တို့က ကျေးရွာဥက္ကဌအား တိုက်တွန်းနေသည်။ဒီမှာဖတ်ပါ။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၏ ဇနီးသည်အထိန်းသိမ်းခံရ
စင်ကာပူနိုင်ငံတွင် မျက်စိခွဲစိတ်ကုသပြီး၍ လိုအပ်သော ဆေးဝါးစောင့်ရှောက်မှု ဆက်လက်ခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးထံမှ သြ၀ါဒစကားများခံယူသည့် ဂါရ၀ပြုပွဲတရပ်ကို စင်ကာပူရောက် မြန်မာလူငယ်များက ဦးစီးကျင်းပခဲ့ကြောင်း သိရသည်။ဒီမှာဖတ်ပါ။
ရွှေရတုတိုင်ပြီးဖြစ်သော အမေရိကရောက်ဗန်ဒို
အမေရိကန်နိုင်ငံမှာ မြန်မာ့ရိုးရာသိုင်း လေ့ကျင့်ရေးကျောင်းတွေ ရှိပါတယ်။ အကယ်လို့ ထိရောက်တဲ့ ကိုယ် ခံပညာ သင်ယူလိုပါက ဆက်သွယ် သင်ယူနိုင်ကြပါတယ်၊ တကယ်တော့ ကမ္ဘာ့နိုင်ငံ အတော်များများ မှာပါ မြန်မာ့သိုင်းကို သင်ယူ နိုင်ကြပါတယ်လို့ သိရပါတယ်။အမေရိကန်ကို မြန်မာ့သိုင်းတမျိုးဖြစ်တဲ့ ဗန်ဒို ကိုယ်ခံ ပညာ စတင်ရောက်ရှိလာတာ ၁၉၆၀ ခုနှစ်လောက်က ဖြစ်ပြီး၊ ဆရာကြီး ဒေါက်တာမောင်ကြီးက ဝါရှင်တန် ဒီစီမှာ ဟံသာဝတီ ဗန်ဒိုစံနစ်ကို စတင်ပညာကိုသင် ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ဒီမှာဖတ်ပါ။
လုံခြုံရေးကောင်စီ အီရန်အပေါ်(၄)ကြိမ်မြောက် ပိတ်ဆို့မှုချမှတ်
သံသယတွေ ပွားနေရတဲ့ အီရန် နျူကလီးယား အစီအစဉ် ရပ်ဆိုင်းစေဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီက စတုတ္ထအကျော့ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ရေး ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။လုံ ခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ဘရာဇီးလ်နဲ့ တူရကီ နိုင်ငံက ကန့်ကွက်မဲနဲ့ လက်ဘနွန်နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အ ဖွဲ့ဝင် နိုင်ငံတွေအကြား သဘောထား ကွဲပြားမှုတွေ ရှိနေတာကို ထင်ဟပ်စေပါတယ်။ဒီမှာဖတ်ပါ။
ပါကစ္စန်မြို့တော်အနီး နေတိုးယာဉ်တန်း အတိုက်ခိုက်ခံရ
ပါကစ္စတန်နိုင်ငံမြို့တော်အပြင်ဘက်က ကုန်တင်ကားတွေ ရပ်နားရာနေရာမှာ သေနတ်သမားတွေက တိုက် ခိုက်ခဲ့ပြီး အာဖဂန်က နေတိုးတပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးတွေ ပို့ဆောင်ပေးမယ့် ကုန်တင်ကားနဲ့ ဓာတ်ဆီတင်ကားတွေ ပါဝင်တဲ့ ယာဉ်တန်းကို မီးတင်ရှို့ခဲ့ကြပါတယ်။မြို့တော် အစ္စလမ္မာဘတ် အပြင်ဘက် ၆ မိုင်ကျော်လောက် ဝေးတဲ့ နေရာက အဝေးပြေး ယာဉ်စခန်းကို သေနတ်သမား ၁၀ ယောက်၊ ၁၅ ယောက် လောက်က ဒီကနေ့မှာ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ကုန်တင်ကား အစီး ၆၀ လောက်ကို မီးရှို့ခဲ့ကြတာလို့ ပါ ကစ္စတန် အစိုးရ တာဝန်ရှိသူတွေက ပြောခဲ့တာပါ။ဒီမှာဖတ်ပါ။
ဘောလုံးပွဲအတွင်း တောင်အာဖရိက ပရိသတ် စည်းကမ်းရှိဖို့လိုအပ်
တောင်အာဖရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အကြိုလေ့ကျင့် ကစားပွဲတွေ တနင်္ဂနွေ နေ့မှာ မစတင်မီမှာဘဲ လူပေါင်း ၁၆ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အထိ တိုးဝှေ့နင်းမိတဲ့ ဖြစ်ရပ်နဲ့ ကြုံခဲ့ရ တဲ့နောက် ဘောလုံးဝါသနာအိုးတွေ ထိန်းထိန်းသိမ်းသိမ်း ပြုမူနေထိုင်ဖို့ တောင်အာဖရိက အစိုးရက အထူး မေတ္တာရပ်ခံချက် တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ဘောလုံး ပရိသတ်တွေ အနေနဲ့ အများပြည်သူတွေရှေ့ ယဉ်ယဉ်ကျေးကျေး ပြုမူကြဖို့ ဒီကနေ့ အစိုးရရဲ့ ကြေညာချက်က တိုက်တွန်းလိုက်တာပါ။ဒီမှာဖတ်ပါ။
စစ်အစိုးရ နိုင်ငံတကာဥပဒေချိုးဖောက်မှု စုံစမ်းရေး ဆလိုဗက်ကီးယားထောက်ခံ
မြန်မာနိုင်ငံစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂက ကော်မရှင်တစ်ခုဖွဲ့စည်းပြီး စုံ စမ်းစစ်ဆေးမယ့် ကိစ္စကို Slovakia နိုင်ငံက ထောက်ခံမယ်လို့ ပြောကြားလိုက်ပါတယ်။ယမန်နေ့၊ ဇွန်လ ၈ ရက်နေ့က Geneva မှာပြုလုပ်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၁၄ ကြိမ်မြောက် ညီလာခံမှာ အခုလို ပြောကြားလိုက်တာပါ။ဒီမှာဖတ်ပါ။
MRTV-3 မြေနှင့်အဆောက်အအုံအား ရွှေတောင်ကုမဏ္ပီက အပြီးပြတ်ဝယ်ယူ
ရန်ကုန်မြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက်အအုံနှင့် မြေနေရာအား ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလိမီတက်ကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ သဘောတူခွင့်ပြုချက်ဖြင့် အပြီးအပြတ် ရောင်းချလိုက်ပြီး ဖြစ်သည် ဟု သိရှိရသည်။ဒီမှာဖတ်ပါ။
ကမ္ဘာ့အကြီးဆုံး လေသင်္ဘောကြီး ပထမဆုံးအကြိမ် ပျံသန်းမှုပြုတော့မည်
ဟိုက်ဒင်ဘတ်ဘေးဒုက္ခကြောင့် လေသင်္ဘောရွှေခေတ်အဆုံးသတ်ခဲ့ပြီး နှစ်ပေါင်း ၇၀အကြာတွင် ကမ္ဘာ့အ ကြီးမားဆုံး လေသွင်းနိုင်သောယာဉ်ကြီးက နောက်တစ် ကြိမ် ကောင်းကင်ယံထက်သို့ ပျံတက်နိုင်တော့မည် ဖြစ်ကြောင်းသိရသည်။ ထိုလေသင်္ဘောကြီး၏အမည်မှာ Bullet 580ဖြစ်ပြီး ပေပေါင်း၂၃၅ပေရှည်၍ အချင်း ၆၅ပေရှိသော လေသင်္ဘောကြီးဖြစ်သည်။ Bullet 580 လေသင်္ဘောကြီးသည် ၀န်အလေးချိန်ပေါင်၂၀၀၀ တင်ဆောင်နိုင်၍ အမြင့်ပေ၂၀၀၀၀အထိ တက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ဒီမှာဖတ်ပါ။
ရွေ့ပြောင်းအလုပ်သမားများလည်း လျော်ကြေးခံစားခွင့်ရှိ
ထိုင်းနိုင်ငံတွင် ဆန္ဒပြပွဲများကြောင့် နစ်နာခဲ့သူများအား ထိုင်းအစိုးရက အကူအညီပေးရာတွင် မြန်မာရွှေ့ ပြောင်း အလုပ်သမားများလည်း ပါဝင်ကြောင်း သိရှိရသည်။ပြီးခဲ့သည့် မတ်လမှ မေလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဖြစ်ပွားခဲ့သော ရာထူးမှအဖယ်ရှားခံခဲ့ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်တရာကို ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသမားများကြောင့် ဝင်ငွေနှင့်စီးပွားရေး ထိခိုက်နစ် နာခဲ့ရသော အသေးစားလုပ်ငန်းရှင်များနှင့် အလုပ်သမားများအား ထိုင်းအစိုးရက လျော်ကြေးပေးရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်လျှောက်ထားခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။ဒီမှာဖတ်ပါ။
၂၀၀၉-၂၀၁၀ အတွင်း ဘိန်းပိုစိုက်- အထွက်နှုန်းကျဆင်းမှု စံချိန်တင်
၂၀၀၉-၂၀၁၀ ဘိန်းစိုက်ရာသီ၏ သျှမ်းပြည်ဘိန်းစိုက်ပျိုးမှုမှာ အခြားနှစ်များထက် ပိုများသော်လည်း အထွက် နှုန်းကျဆင်းမှု၌ စံချိန်တင်ကြောင်း စုံစမ်းသိရှိရပါသည်။“ပြီးခဲ့တဲ့ရာသီက မနှစ်ကရာသီထက် ဘိန်းပိုစိုက်ကြ တယ်။ ဒါပေမယ့် ဘိန်းထွက်နှုန်းက မတက်ဘူး၊ စံချိန်တင်အောင်ကျ ဆင်းတယ်”-ဟု နယ်စပ်နေသျှမ်း ပြည် မူးယစ်စောင့်ကြည့်ရေးအဖွဲ့ဝင်တဦး ကပြောပါသည်။ဒီမှာဖတ်ပါ။
စင်္ကာပူတွင် ပုဂ္ဂလိကကျောင်းများကို အစိုးရက တင်းကျပ်သောဥပဒေများဖြင့် ချုပ်ကိုင်လာ
စင်ကာပူတွင် ပုဂ္ဂလိကပိုင်ကျောင်းများကို အစိုးရမှ တင်းကျပ်သောစည်း မျဉ်းစည်းကမ်းများထုတ်၍ဖယ်ရှား ရှင်းလင်းနေရာ လက်ရှိပုဂ္ဂလိကကျောင်း ထက်ဝက်နီးပါးခန့် ထိခိုက်ကြမည်ဖြစ်သည်။ပြဋ္ဌာန်းဥပဒေ ဘုတ် အသစ်ဖြစ်သော ကိုယ်ပိုင်ပညာရေး ကောင်စီ CPE အရ ကိုယ်ပိုင်ကျောင်း ၁၀၀၀ရှိရာ ၄၀၀ခန့်မှာ ပိတ်ကြ ရမည့်အခြေအနေရောက် သွားကြောင်း သိရသည်။ဒီမှာဖတ်ပါ။
ကျောက်စိမ်းအလုံးလိုက် ပြသရောင်ရောင်းချခွင့်မပြု
ဇွန် (၂၅) ရက်မှစ၍ သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ခံ မြန်မာ့ကျောက်မျက်လုပ်ငန်းက ရန်ကုန်တွင် ကျင်းပမည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းများအား အလုံးလိုက်ပြသရောင်းချခြင်း ခွင့်မပြုဘဲ ပိတ်ပင် လိုက်သည်။ဖြတ်ထားသည့် ကျောက်စိမ်းတုံးနှင့် ပန်းပု လက်ဝတ်ရတနာ အချောထည်အဖြစ် လုပ်ထားသည့် ကျောက်များကိုသာ လက်ခံပြီး ကျောက်တတုံးလုံးအား အရောင်တင် (ပွတ်ချော) ထားသည့် ကျောက်များ၊ အပေါ်ယံ ပွတ်တိုက်ထားသည့် ကျောက်များအား ပြပွဲတွင်ပြသရန် လက်မခံတော့ကြောင်း မန္တလေးမှ ကျောက်လုပ်ငန်းရှင်တဦးက ပြောသည်။ဒီမှာဖတ်ပါ။
လမ်းတွင်ငွေတောင်းသည့် ရဲ ပိုများပြားလာ
မန္တလေး - လားရှိုး - မူစယ် ကုန်သွယ်ရေးလမ်းမ (ဓါတ်ပုံ - S.H.A.N. Sai Sai)
တရုတ် - မြန်မာ နှစ်နိုင်ငံ အဓိကကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် လုံခြုံရေး ရဲကင်းများ တိုးမြှင့်လာရာ ကား ထော်လာဂျီနှင့်ဆိုင်ကယ်သမားများထံမှ တရားမ၀င်ငွေတောင်းယူသည့် ရဲတပ်ဖွဲ့ဝင်ဦးရည် ပိုတိုး လာ ကြောင်းလှိုင်းဆွဲေ သည့် ကားသမားများ အဆိုအရ သိရသည်။အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံ တားကြီး ရွာကြီးမှန်သမျှတွင် ရဲကင်း လုံခြုံရေးချထားခြင်း ဖြစ်ပြီး သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မှ မန္တလေး အထိ လမ်းတစ်လျှောက်တွင် ငွေတောင်းသည့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ထက်မနည်း ရှိကြောင်း သိရသည်။ဒီမှာ ဖတ်ပါ။
မြန်မာနိုင်ငံတွင် ဘူမိအပူဓါတ်နဲ့ လျှပ်စစ်ထုတ်ယူနိုင်တဲ့ နေရာ ၉၂ ခုတွေ့ရှိ
မြန်မာနိုင်ငံတွင် ဘူမိအပူဓာတ် (Geothermal) နည်းမှ လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်သည့် နေရာများကို ပြည်နယ် ငါးခုတွင်တွေ့ရှိထားကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ကျွမ်းကျင်သူများက ပြောသည်။ ဘူမိအပူဓာတ်မှ လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်သည့် နေရာ ၉၂ နေရာ ခန့်ကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယား ပြည်နယ်၊ ရခိုင်ပြည်နယ် တို့တွင် တွေ့ရှိထားခြင်း ဖြစ်သည်ဟု ဆိုသည်။ဒီမှာဖတ်ပါ။
လွတ်မြောက်လာသော ရွာသားများ စစ်တပ်မှလမ်းပြအဖြစ် ခေါ်ယူထားဆဲ
နိုင်ချမ်းဒိန်းဦးဆောင်သော မွန်ခွဲထွက်ရေးအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ထားသော တနင်္သာရီတိုင်းရေဖြူမြို့ နယ် ကျောက်ကဒင် ရွာသား ၇ ဦး ပြန်လွတ်လာသော်လည်း အဆိုပါ ရွာသားများကို စစ်အစိုးရတပ်မှ ခေါ် ယူထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ဒီမှာဖတ်ပါ။
နယ်ခြားစောင့်တပ် ဆောက်လုပ်ရာ ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေသယ်ယူမှု များလာ
ဘိလပ်မြေများ တင်ဆောင်လာသည့် ကုန်တင်ကား
နယ်ခြားစောင့်တပ်များ ဆောက်လုပ်ရာတွင် ထိုင်းနိုင်ငံမှဘိလပ်မြေများကို နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းဘက်မှ ကုန်တင်ကားများဖြင့် သယ်ယူပို့ဆောင်မှု များလာကြောင်းသိရသည်။“ထိုင်းနဲ့ ကရင်နီပြည် နယ် နယ်စပ်ဘက်ကနေ ဘိလပ်မြေသယ်တဲ့ကားတွေ တော်တော်များများဝင်လာပြီးတော့ နယ်ခြားစောင့် တပ်ဆောက်လုပ်နေတဲ့ မြို့တွေဘက်ကို ပြန်ပို့ကြတယ်”ဟု ဒေသခံခရီးသည်တစ်ဦးကပြောသည်။ဒီမှာဖတ်ပါ။
ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် အရက်ပရိုမိုရှင်းနှင့် လောင်ကစားဒိုင်တို့ လုပ်ငန်းစတင်
Red Cat ၀ီစကီ ကြော်ငြာအတွက် ၀ိုင်းစုခိုင်သိန်း သီဆိုဖျော်ဖြေနေစဉ် ဓာတ်ပုံ-မန္တလေး ဂေဇက်
ဇွန် လ ၁၁ ရက် မှ ဇူလိုင် လ ၁၁ ရက်နေ့ ထိ တောင်အာဖရိက နိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ ဖလား ဘော လုံးပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ ဘီယာ၊၀ီစကီ၊ ဒရိုင်းဂျင် စသည့် အဖျော်ယမကာ ကုမ္ပဏီကြီးများသည် စ တင်၍ ဈေးကွက် မြှင့်တင်ရေးလုပ်နေပြီး ဖြစ်သည်။ယမန်နှစ်မှစ၍ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာ များနှင့် မီဒီယာများတွင် အရက်ကြော်ငြာများခွင့်မပြုကြောင်း ကြေငြာခဲ့သော်လည်း ထင်ရှားသောအရက် ကုမ္ပဏီကြီးများက ဖျော်ဖြေပွဲများ ၊ပရိုးမိုးရှင်းပွဲများဖြင့် ဈေးကွက် ထိုးဖောက်မှု ပြုခဲ့သည်။ဒီမှာဖတ်ပါ။
ခြိမ်းခြောက်မှု မျိုးစုံအောက်က သတင်းသမားစု မြန်မာရရှိ
ဗြိတိန်နိုင်ငံအခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကမြန်မာနိုင်ငံကအလွတ်သတင်း ထောက် သတင်းသမားတွေ အားလုံးအတွက် ရည်ရွယ်ပြီး Journalism under threat ခြိမ်းခြောက်မှုမျိုးစုံ အောက်က သတင်းသမားများဆုကို ချီးမြှင့်လိုက်ပါတယ်။ သတင်းလွတ်လပ်ခွင့် မရှိဆုံးနဲ့ သတင်းအမှောင်ချလေ့ရှိတဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ စိုင်းပြင်းနေချိန် ဒီလိုအရေးကြီးတဲ့ ကာလမှာ နိုင်ငံတကာသတင်း လောကသားတွေ အားလုံး မြန်မာသတင်းသမားတွေရဲ့ အရေးကို အာရုံစိုက်လာစေဖို့ ရည်ရွယ်ပြီး အခုလို ဆုချီးမြှင့်တာလို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပြောဆိုလိုက်ပါ တယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။ဒီမှာဖတ်ပါ။
စစ်တွေတွင် ကျောင်းအချို့ ကျောင်းဝင်ကြေးအဆမတန်ကောက်
စစ်တွေတွင် နာမည်ကြီး အထက်တန်း ကျောင်းတချို့မှ ကျောင်းဝင်ကြေး အဆမတန် ကောက်ခံနေ၍ ဆင်း ရဲသော ကျောင်းသားမိဖများအနေဖြင့် သားသမီးကို ကျောင်းသွင်းရာတွင် အခက်အခဲ ကြုံတွေ့နေကြရ သည်ဟု ကျောင်းသား မိဖတဦးက ပြောသည်။ဒီမှာဖတ်ပါ။
သတ်မှတ်ထားသည့်ထက် ပါတီဝင်များနိုင်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပြော
ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် ပါတီဝင်အရေအတွက်ထက်ပါတီဝင်ဦးရေပိုများနိုင်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဥက္ကဌနိုင်ငွေသိန်းက ပြောသည်။မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသော နိုင် ငံရေးပါတီများအားလုံးသည် ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် ရက် ၉၀ အတွင်း ပါတီဝင်အင် အားအနည်းဆုံး ၁၀၀၀ ဦး စည်းရုံးရမည်ဖြစ်ကြောင်း မေလ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်စာတွင် ၄င်းကော်မရှင်က သတိပေး ကြေငြာချက် ထုတ်ပြန်ထားသည်။မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် မေလ ၂၅ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၁၃ ဖြင့် ပါတီမှတ်ပုံ တင် ခွင့်ပြုချက်ရရှိပြီး မေလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တွင် မွန်ပြည်နယ်ရေးမြို့နှင့် လမိုင်းမြို့ဘက်တွင် စည်းရုံးရေးခရီးစတင်ခဲ့သည်။ဒီမှာဖတ်ပါ။
အစ္စရေး ဆန့်ကျင်ရေးဆန္ဒပြမှု မြန်မာနိုင်ငံတွင်လည်း ဖြစ်နိုင်ချေရှိ
မြန်မာ ၀န်ကြီးချုပ် ဦးနု အစ္စရေး နိုင်ငံ သို့ ရောက်ရှိ စဉ် က အစ္စရေး ၀န်ကြီးချုပ် မိုရှေ ဆာရတ် ၊ကာကွယ်ရေး ၀န်ကြီး မိုရှေ ဒါယန်း (တစ်ဖက်လပ် နှင့် လူ) နှင့် အတူတွေ့ ရစဉ်
မေလ ၃၁ ရက်နေ့ အာရုဏ်တက်ချိန်က ပါလက်စတိုင်း ၊ဂါဇာဒေသရှိ စားနပ်ရိက္ခာ ပြတ်လပ်နေသည့် ပြည် သူများအတွက် စားနပ်ရိက္ခာများ သယ်ဆောင်လာသည့် နိုင်ငံတကာအကူအညီပေးရေး သင်္ဘောခြောက်စီး ကို ဂါဇာကမ်းခြေ နှင့် ၄၄ မိုင်အကွာ နိုင်ငံတကာ ရေပိုင်နက်တွင် တက်ရောက် စီးနင်းမှုကြောင့် အကူအညီ ပေးရေး ၀န်ထမ်းကိုးဦး သေဆုံးခဲ့ရသည်။ဒီမှာဖတ်ပါ။
မြန်မာသို့လာမည့် တရုတ်ဝန်ကြီးချုပ်ကို လူ့အခွင့်ရေးအဖွဲ့ အကြံပြုစာပေး
တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်
မြန်မာနိုင်ငံသို့ ဇွန်လ ၂ ရက်နေ့တွင် သွားရောက် လည်ပတ်မည့် တရုတ် ဝန်ကြီးချုပ်ထံ လူ့အခွင့်အရေး အ ဖွဲ့တဖွဲ့က ရွေးကောက်ပွဲကိစ္စ အပါအဝင် အကြံပြုချက် ၄ ချက် ပါဝင်သော အိတ်ဖွင့်ပေးစာ တစောင်ပေးပို့ လိုက်ကြောင်းသိရသည်။အမေရိကန် နိုင်ငံအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch – HRW) မှ ယာယီ အာရှညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသည့် အီလိန်းပီ ယာဆန် (Elaine Pearson) က တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ထံ ပေးစာတွင်၂၀၁၀ ရွေးကောက်ပွဲကျင်း ပရေး၊ နယ်စပ်ဒေသ မတည်ငြိမ်မှု၊ ဒေသတွင်း စေ့စပ်ညှိနှိုင်းမှုနှင့် သံတမန်ရေး၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု စသည့် အချက် ၄ ချက်ကို မီးမောင်းထိုး ဆွေးနွေးအကြံပြုထားသည်။ဒီမှာဖတ်ပါ။
NLD လုပ်ဆောင်ချက် ဥရောပသမဂ္ဂဆက် ထောက်ခံသွားမည်။
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီရေး ဆောင်ရွက်မှုနဲ့ မြန်မာပြည်သူတွေအတွက် ကြိုး ပမ်း ဆောင်ရွက်ချက်တွေကို EU ဥရောပသမဂ္ဂက ဆက်ပြီး ထောက်ခံသွားမယ်လို့ ပြောလိုက်ပါတယ်။ မြန် မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးတွေက NLD ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောခဲ့ကြတာ ဖြစ်ပါ တယ်။ NLD ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်တဲ့ ရွေးကောက်ပွဲ အပေါ်မှာ NLD ကဘယ်လို သဘောထားသလဲ ဆို တာကိုလည်း EU သံအမတ်ကြီးတွေက မေးခဲ့ကြတဲ့ တွေ့ဆုံဆွေးနွေးပွဲ အကြောင်းကို မသင်းသီရိက တင်ပြ ပေးထားပါတယ်။ဒီမှာဖတ်ပါ။
မီးသတ်ဌာန အထင်အမြင်လွဲမှုများ ရှိနေဟုဆို
မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်နှင့် လွဲမှားပြောဆိုနေမှုများရှိနေကြောင်း ရန် ကုန်တိုင်းမီးသတ်ဌာမှ တိုင်းမီးသတ်ဦးစီးမှူး ဦးသင်းဌေးရွှေ ကပြောသည်။ ယခုလ ၂၄ ရက်နေ့၌ ရန်ကုန် တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ် အဆင့်မြင့်မင်္ဂလာဈေးကြီးတွင် နာရီ (၃ဝ)ကျော် မီးလောင်မှုဖြစ်ပွားပြီး နောက် ဈေးသူဈေးသားများ၏ ပြစ်တင်မှုတွင် မီးသတ်ကားများ ရေမပါလာဟုပါရှိသည်။ဒီမှာဖတ်ပါ။
ဝါရင့်တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်မန်းအောင်သန်းလေး ကွယ်လွန်
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအဲန်ပီပီ)၌လက်ရှိတာဝန်ထမ်းဆောင်နေသည့်ဗဟိုအမြဲတမ်း ကော် မတီဝင် ၀ါရင့်တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်မန်းအောင်သန်းလေးသည် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် မြို့၊ Srisanwarn ဆေးရုံ၌ ယနေ့ မနက် ၅နာရီခွဲတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ဒီမှာဖတ်ပါ။
ယာယီပတ်စပို့များ ထိုင်းဘက်တွင် ထုတ်ပေးရန် ညှိနှိုင်း
ယာယီပတ်စပို့ ထုတ်ပေးရေးရုံးများကို ထိုင်းနိုင်ငံဘက်ခြမ်းတွင်ပြောင်းရွှေ့ဖွင့်လှစ်ရန်အလားအလာကောင်း များရှိနေပြီဟု ရနောင်းခရိုင်ဝန်က ပြောကြားလိုက်သည်။နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်များ၏ ရှိခဲ့သော အခက်အခဲနှင့် နောင်လာမည့်ကာလအတွင်း ဖြစ်ပေါ်တိုးတက်လာနိုင်မှု အခြေအနေများအား ရနောင်းခရိုင် ဝန်မစ္စတာဝမ်ချတ်ဝေါင်ချိုင်းချနာက သတင်းမီဒီယာများအား ရှင်းလင်းတင်ပြရာတွင် ပြောကြားခဲ့ကြောင်း ပြီးခဲ့သည့် မေ (၂၈) Nation Channel တွင် သတင်းဖော်ပြပါရှိသည်။ဒီမှာဖတ်ပါ။
မြောက်ကိုးရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယားနည်းပညာပေး
[လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနေစဉ်]
မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချနေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိ သည်။မြောက် ကိုရီးယားနိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက် ရှိပြီး ကုလသမဂ္ဂ၏ အရေးယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက်အ သွယ်များကို အသုံးပြုလျက်ရှိကြောင်းလည်း ယင်းအစီရင်ခံစာကို လက်ခံရရှိထားသည့် အေပီသတင်းတရပ် တွင် ရေးသားထားသည်။ဒီမှာဖတ်ပါ။
ရွေအမြုတေဆု စာရေးဆရာ(၆)ဦးကို ချီးမြှင့်
ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲကို ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်တွင် ယခုလ ၂၈ ရက်နေ့က ကျင်းပရာ စာရေးဆရာ ၆ ဦးအား ဆုများ ချီးမြှင့်ခဲ့သည်။shweamutayကဗျာ၊ ဆောင်းပါး၊ ရ သစာတမ်း၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ မျိုးဆက်သစ် ဝတ္ထုတို (ကလောင်သစ်)၊ အခန်းဆက် ဝတ္ထုရှည်ဆု စုစုပေါင်း ၇ ဆု သတ်မှတ်သော်လည်း ယခုနှစ် အခန်းဆက် ဝတ္ထုရှည်ဆုမှာ ဆုပေးနိုင်ရေးအတွက် ဘောင်မဝင်သဖြင့် ၆ မျိုးသာပေးနိုင်ခဲ့သည်။ဒီမှာဖတ်ပါ။
ရင်းနှီးမြုပ်နှံမှုကို တိုးချဲ့ရေး ကိုရီးယား၊မြန်မာဆွေးနွေး
တောင်ကိုရီးယားနိုင်ငံက စီးပွားရေး ကုမ္ပဏီကြီး ၁၀ ခုရဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့အတွက် တနင်္လာနေ့က မြန်မာလုပ် ငန်းရှင်တွေနဲ့ ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်အစိုးရ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ အခုလို တောင်ကိုရီးယားနိုင်ငံက လာရောက်တဲ့ ကုန်သည်ကြီးတွေရဲ့ ခရီးစဉ်ကနေ မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ရေရှည်ကောင်းကျိုးထက် လက်ရှိ အစိုးရအတွက် အမြတ်ပိုပြီး ထွက်မယ်လို့ မြန်မာ့စီးပွား ရေး စောင့်ကြည့်လေ့လာသူတွေက မြင်ပါတယ်။ဒီမှာဖတ်ပါ။
မယ်လစခန်းတွင် ၀မ်းရောဂါကြောင့် ဒုက္ခသည်၂၀၀၀ကျော် ဆေးရုံတင်ထားရ
ထိုင်းမြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည် ၂၀ကျော်တို့သည် ၀မ်းရောဂါကြောင့် စခန်းတွင်းရှိ အေအမ်အိုင်ဆေးရုံနှင့် ကာလဝမ်း ရောဂါတိုက်ဖျက်ရေး စီတီစီသို့ ပို့ဆောင်ကုသထားရကြောင်း သိရသည်။
မယ်လစခန်း အေအမ်အိုင်ဆေးရုံအုပ် ဆရာစောနေစဲန်က “ကျနော်တို့ ဆေးရုံမှာ ၀မ်းလျှောရောဂါနဲ့ လူနာ ၂၀ကျော် ရောက်နေတယ်။ အဲဒီ်အ ထဲမှာ ၉ယောက်က ကာလ၀မ်းရောဂါ positive ပြပြီး ကျန်တဲ့သူတွေ ကတော့ negative အဖြေထွက်တယ်။ လူနာတွေကိုတော့ မယ်လဆေးရုံ ကြီးနဲ့ စီတီစီမှာ ထားထားပြီး ကျ နော်တို့ အတတ်နိုင်ဆုံး ကောင်းကောင်းမွန်မွန် လုပ်ပေးထားတော့ သူတို့ရဲ့အခြေအနေက ကောင်းပါ တယ်”ဟု ပြောသည်။ဒီမှာဖတ်ပါ။
မြန်မာဒုက္ခသည်တို့ အိမ်မက်ဆိုးများနှင့် တ၀ဲလည်လည်
ကရင်နီဒုက္ခသည်စခန်းတွင် မီးမယ် လွယ်အိပ်ယှက်သင်နေပြီ
မြန်မာစစ်အစိုးရတပ်တို့၏ ဖိနှိပ်ညင်းပမ်းမှုကြောင့် ၂၀၀၆ ခုနှစ်တွင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည့် ကရင်နီရွာ သား၂၀၀၀ ခန့်သည် ယခုအခါ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တရားမဝင် ဒုက္ခသည်အဖြစ် နေထိုင်ကြဆဲပင် ဖြစ်သည်။ ယခုနှစ် မေလအတွင်း တရွှေ့ရွှေ့ ထပ်မံထွက်ပြေး လာကြသည့် သူများမှာလည်း တရားဝင်ဒုက္ခ သည်အဖြစ် အသိအမှတ်ပြုခြင်း မခံရဘဲ ယာယီထုတ်ပေးသည့် ရိက္ခာဖြင့်သာ အသက်ရှင်နေကြရပါသည်။ဒီမှာဖတ်ပါ။
မော်တော်ကား တိမ်းမှောက်မှုကြောင့် မြို့တော်ဝန်၏ မြေးဖြစ်သူ သေဆုံး
မြေးဖြစ်သူ သေဆုံးပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည် ရန်ကုန်မြို့ တော်ဝန်
နေပြည်တော်အစည်း အဝေးသို့ သွားရောက် ပြီး ရန်ကုန် မြို့ သို့ ပြန်အလာ ရန်ကုန် မြို့ အမှတ် ၃ လမ်းမကြီး
နွယ်ခွေရွာ အနီးတွင် စနေနေ့ မနက်ပိုင်းက မော်တော်ကား တိမ်းမှောက်မှု ကြောင့် ရန်ကုန် မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်း မှာ ဒဏ်ရာ ရရှိပြီး မင်္ဂလာဒုံ စစ်ဆေးရုံ တွင် တက်ရောက် ကုသခံရသည်ဟု သတင်းရရှိသည်။ ထိုကားပေါ်တွင် အတူပါလာသည့် မြို့ တော်ဝန် ၏ မြေးဖြစ်သူ အသက် ၁ နှစ်နှင့်လေးလ
အရွယ် မောင်ဆက်နိုင်လင်း ခေါ် ဖိုးလုံးတီး မှာ ထိုနေ ည ၇ နာရီ အချိန် ခန့် တွင် မင်္ဂလာ ဒုံ စစ်ဆေးရုံကြီး
တွင်ကွယ်လွန်သည်ဟု သတင်း ရရှိသည်။ဒီမှာဖတ်ပါ။
၂၀၁၄တွင် အီရန်၏ ဒုံးကျည်က ဥရောပကို ပစ်မှတ်ထားဖွယ်ရှိ
အီရန်နိုင်ငံက ၂၀၁၄ခုနှစ်တွင် အနောက်ဥရောပအား ပစ်မှတ်ထားကာ ဒုံးကျည်ဖြင့် ပစ်ခတ်နိုင်မည်ဖြစ် ကြောင်း ကျွမ်းကျင်သူတို့၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်းသိရသည်။ အစီရင်ခံစာပေါ်ထွက်လာ သည့်အချိန်မှာ ဥရောပသမဂ္ဂနိုင်ငံခြားရေးရာအကြီး အကဲ ကက်သရင်းအက်ရှ်တန်က အီရန်၏ အငြင်းပွား ဖွယ်ရာ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အီရန်နိုင်ငံနှင့် တိုက်ရိုက်ဆွေးနွေးရန် နည်းလမ်းရှာဖွေနေ သည့် အချိန်နှင့်တစ်ချိန်တည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ဒီမှာဖတ်ပါ။
အိမ်ရှင်ကို ဘယ်လို ကျေဇူးဆပ်မလဲ
သစ်ပင်ကြီးများနှင့် တောအုပ်ကြီး ဖြစ်ခဲ့ဖူးသော်လည်း နှစ်ပေါင်း ၂၀ ကျော်လွန်လာခဲ့ပြီးသည့်နောက် ယခုလို တောင်ကတုံးများ ဖြစ်လာခဲ့ရသည်။
ထိုင်းနိုင်ငံ အနောက်မြောက်ဘက် မယ်ဟောင်ဆောင် ဒေသဘက်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းတည်ရှိ နေတဲ့ နေရာလေးဟာ တချိန်ကစိမ်းစိုတဲ့ သစ်တောကြီးတွေနဲ့ သာယာလှပခဲ့ဖူးတယ်။ စိမ့်စမ်းရေ၊ တောင် ကျရေနဲ့ ရွေထွက်ပေါက်တို့ရဲ့ နံဘေးမှာ နှစ်ပေါင်းရာနဲ့ချီပြီး ပေါက်ရောက်နေတဲ့ သစ်ပင်ကြီးတွေက ၀ိုင်းရံ ပါတ်ပါတ် ရှိနေကြတဲ့အတွက် တောရိုင်းကြီးလို့တောင် ထင်ရပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၂၀ လောက် ကျော် လွန်လာတဲ့ နောက်ပိုင်းမှာ အရာအားလုံး ပြောင်းလဲသွားခဲ့ကြတယ်။ဒီမှာဖတ်ပါ။
အဆင့်မီရုပ်ရှင်ရုံ နှစ်ရုံပါဝင်မည် မော်တင်စင်တာ ဇူလိုင်လ်ဆန်းတွင်ဖွင့်မည်
ရန်ကုန်မြို့တွင် ပထမဆုံး အဆင့်မီရုပ်ရှင်ရုံနှစ်ရုံပါဝင်မည့် Junction Centre Maw Tin အား ယခုဇူလိုင်လ ဆန်းတွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ဂျန်းရှင်းစင်တာမော်တင်တွင် ဆိုင်ခန်းများ၊ လူ နေတိုက်ခန်းများအပြင် အဆင့်မီရုပ်ရှင်ရုံနှစ်ရုံပါဝင်မည်ဖြစ်ကြောင်း ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှ သိရသည်။ဒီမှာဖတ်ပါ။
မြောက်ကိုရီးယား ထပ် ရန်စနိုင် အမေရိကန် ခန့်မှန်း
တောင်ကိုရီးယား စစ်သင်္ဘောကို နစ်မြုပ်အောင် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ ဒုတိယအကြိမ် ရန်စမှုတွေ မြောက်ကိုရီးယားက လုပ်လာကောင်း လုပ်လာနိုင်တယ်လို့ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ကယ် မူလန် (Michael Mullen) က ပြောပါတယ်။မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံအီး (Kim Jong Il) ဟာ တခါ ရန်စပြီးတော့ ရပ်သွားမယ့်သဘော မရှိဘူးလို့ အမေရိကန် ရုပ်မြင်သံကြား အင်တာဗျူး တခုမှာ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ကယ် မူလန်က ပြောသွားခဲ့တာပါ။ဒီမှာဖတ်ပါ။
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်တိုး
ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖြန့်ဝေ၍ ထောင်ကျနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်လူငယ် တဦးကို နောက်ထပ် ထောင်ဒဏ် ၁ဝ နှစ် ထပ်မံတိုးလိုက်ရာ စုစုပေါင်း ၁၄ နှစ်ခွဲ ဖြစ်သွားသည်။ တာမွေမြို့ နယ်ရှိ အရှေ့ပိုင်းခရိုင် တရားရုံးက တာမွေမြို့နယ် လူငယ်တာဝန်ခံ ကိုကျော်မိုးနိုင် ခေါ် ကိုကျော်ကြီးကို အီလက်ထရောနစ် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁ဝ နှစ် ယမန်နေ့က ချမှတ်လိုက်သည်။
ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ခွင့်ပြု
စစ်အစိုးရမှ ပုဂ္ဂလိက ဘိလပ်မြေ စက်ရုံ ၆ ရုံကို တည်ဆောက်ရန် ဆက်လက် ခွင့်ပြုလျက်ရှိကြောင်း သိရ သည်။ ၂၀၁၂ မှ ၂၀၁၅ ခုနှစ် အတွင်း ဘိလပ်မြေ စက်ရုံ နှစ်ဆယ်ကျော် ရှိလာမည် ဖြစ်ကြောင်း ဘိလပ်မြေ ထုတ်လုပ်မှုနှင့် ပတ်သက်၍ စာတမ်း ပြုစုထားသူ ပညာရှင် တစ်ဦးက ပြောသည်။
ဝါရင့် ခေါင်းဆောင် ၃ ဦး မွန်ပြည်သစ်မှထွက်
ပြည်သူ့စစ်အသွင်ပြောင်းမည့် စစ်အစိုးရ၏ အစီအစဉ်ကို ငြင်းဆိုထားသည့် အပစ်ရပ်မွန်ပြည်သစ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင် ၃ ဦး ယခု ၁၈ ရက်နေ့က နှုတ်ထွက်သွားပြီဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင် ချေးမွန်ကပြောသည်။မွန်ပြည်သစ်ပါတီတွင် ဆက်လက်လုပ်ကိုလိုခြင်း မရှိသဖြင့် ထွက်ခွင့်ပြုရန်လျှောက် ထားသဖြင့် တွဲဘက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်တင်လနှင့် နိုင်ခိုစပ်တို့ ကို တရားဝင် နှုတ်ထွက်ခွင့် ပြုလိုက်သည်ဟု သိရသည်။ဒီမှာဖတ်ပါ။
ပိုင်ရှင်မဲ့ အလောင်းများကို နာရေးကူညီမှုအသင်း သင်္ဂြိုဟ်ပေး
နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ပိုင်ရှင်မဲ့အလောင်း ပျမ်းမျှ (၁၅) လောင်းခန့်ကို လစဉ်သင်္ဂြိုဟ် ပေးနေရကြောင်း သိရသည်။အသင်းဥက္ကဋ္ဌ ဦးကျော်သူက “ရဲက အကူအညီတောင်းမှ၊ အာမခံမှ၊ ထောက်ခံ ချက်ပေးမှ ကျနော်တို့သင်္ဂြိုဟ်ပေးပါတယ်။ ဆေးရုံက ရောက်လာတာမှန်ပေမယ့် ရဲကအာမခံရပါတယ်။ ဆေး ရုံက သေစာရင်းထုတ်ပေးတယ်။တချို့ဖြစ်စဉ်တွေကျမြို့နယ်ကျန်းမာရေးဌာနတွေက ပေးပါတယ်” ဟု ပြောကြားသည်။ဒီမှာဖတ်ပါ။
ကျပ်ငါးသိန်းဖုန်းဘီလ်ကတ်ပျက်နှင့်သုံးပြီးသားကတ်များကိုရောနှောရောင်းချနေ
ကျပ်ငါးသိန်းတန်ဖုန်းဟု လူသိများသည့် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများတွင် ထည့်သွင်းအသုံးပြုသည့် ဖုန်းဘီလ်ကတ် ဖြစ်သော Top Up ကတ် အချို့ကို မိုဘိုင်းဖုန်းဆိုင် များမှ ၀ယ်ယူ ရာတွင် သုံးစွဲ၍ မရသည့် ကတ်များနှင့် အသုံးပြုပြီး ကတ်များရောနှော ပါဝင်လာခြင်းမျိုးများရှိကြောင်း သုံးစွဲသူအချို့က ပြောကြား သည်။ ထိုကဲ့သို့ ရောနှောပါဝင်လာခြင်းများကြောင့် ဖုန်းသုံးစွဲသူများ အနေဖြင့် အခက် အခဲများ ကြုံတွေ့ပြီး ဆုံးရှုံးမှု javascript:void(0)များလည်း ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။ဒီမှာဖတ်ပါ။
ယာဉ်တိုက်မှုဖြစ် ဒုက္ခသည်များ ဇွန်(၃)ရက်နေ့ အမေရိကန်သွားမည်
အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနေခါနီး ယာဉ်တိုက်မှုဖြစ်၍ ဒဏ်ရာရကာ ဆေးရုံတက်ရသော မြန် မာဒုက္ခသည် ၁၁ ဦးမှာ သက်သာပျောက်ကင်းသွားကြပြီး လာမည့်သီတင်းပတ်အတွင်း ထိုင်းနိုင်ငံမှ ထွက် ခွာမှာဖြစ်သည်။အမေရိကန်နိုင်ငံ၏ လူနေမှုစနစ်နှင့် ဘာသာစကား လေ့လာသင်ယူရန်အတွက် မေ ၂၆ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မယ်လာအူးစခန်းမှ ဒုက္ခသည် ၃ဝ ကျော်သည် ကားတစီးဖြင့် မဲဆောက် သို့ ထွက်ခွာခဲ့ရာ လမ်းခရီး မဲသဝေါအနီး မျက်နှာချင်းဆိုင်မှလာသော ပစ်ကပ်ကားတစီးနှင့် တိုက်မိသည်။ဒီမှာဖတ်ပါ။
မြစ်ဆုံဒေသမှ ကျေးရွာအား အဓမ္မပြောင်းရွေ့
ကချင်ပြည်နယ် မေခနှင့်မလိခ မြစ်နှစ်သွယ်ဆုံရာဒေသရှိ မဇွပ်ကျေးရွာအား မြစ်ကြီးနားမြို့နယ်အတွင်း ရပ် ကွက်များမှ ဆင့်ခေါ်ထားသည့် လုပ်အားပေးများဖြင့် ယနေ့စတင်ပြောင်းရွှေ့ခဲ့သည်။ယမန်နေ့ ညနေပိုင်း က မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြတ်ကျော် အပါအဝင် မြို့နယ်မယက အာဏာပိုင်အဖွဲ့က ဦးဆောင်ပြီး လုပ်အားပေးအင်အား (၃ဝ) ဖြင့်မြစ်ဆုံအနီး တန်ဖရဲကျေးရွာတွင် ညအိပ်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာသော လုပ်အားပေး အဖွဲ့ များနှင့်အတူ တန်ဖရဲကျေးရွာ တဖက်ကမ်း မေခနှင့်မလိခ မြစ်နှစ်ခုဆုံရာ တောင်စွယ်ပေါ်ရှိ မဇွပ်ကျေးရွာသို့ သွားရောက်ကာ ပြောင်းရွှေ့ရေးလုပ်ခဲ့ကြောင်း တန်ဖရဲကျေးရွာသားကပြောသည်။ဒီမှာဖတ်ပါ။
ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ဌာနခွဲရုံးမြောက်ဦးတွင် ဖွင့်လှစ်
ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၏ ဌာနခွဲရုံးတခုကိုရခိုင်ရှေ့ဟောင်း မင်းနေမြို့တော်ဖြစ်သော မြောက်ဦးတွင် မေလ ၂၇ ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း ပါတီပြောရေးဆိုခွင့် ရှိသူ တဦးကပြောသည်။ဒီမှာဖတ်ပါ။
ဘိန်းဘုရင်နှင့်ဆက်စပ်နေသည့် Transoceanကုမ္ပဏီ မြန်မာရေပြင်တွင် ရေနံတူးနေ
ဆွစ်-အမေရိကန် ဖက်စပ်ကုမ္ပဏီ Transocean သည် တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီနှင့် စစ်အစိုးရ၏ လူရင်းလူယုံဖြစ်ပြီး အမေရိကန် အစိုးရက ငွေကြေး ခဝါချသူအဖြစ် စွပ်စွဲနေသော စတီဖင်လောနှင့် အစုစပ် ကာ မြန်မာ့ရေပြင် ရေနံလုပ်ကွက်တနေရာတွင် အစမ်းတွင်း တူးဖော်နေသည်။ပြီးခဲ့သော ဆောင်းဦးပေါက် က တူးဖော်ခဲ့သည်ဟု အမေရိကန် စတော့ဈေးကွက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့သို့ တင်သွင်းသော ကော်ပို ရေးရှင်း စာရွက်စာတမ်းများတွင် ဖော်ပြထားခြင်းဖြစ်သည်။
သက်တမ်းတိုးရန် ဆေးမစစ်ရသေးသည့် မြန်မာအလုပ်သမားများ စိုးရိမ်
အလုပ်သမားလက်မှတ် သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်အား ထိုင်းအစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၈) ရက် နောက်ဆုံးထား သတ်မှတ်ခဲ့သော်လည်း အချို့အလုပ်ရုံများရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ သည် ဆေးစစ်မှတ်တမ်းပင် မပြုလုပ်ရသေး၍ စိုးရိမ်ပူပန်နေကြောင်း သိရသည်။
၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်ကျင်းပ
ယနေ့ ဒု ဥက္ကဋ္ဌ ဦးတင်ဦး အိမ်တွင် ကျင်းပသော NLD ၏ အနှစ် ၂၀ မြောက် ရွေးကောက်ပွဲ အောင်ပွဲ အခမ်းအနား (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ နှစ်စဉ်ကျင်းပနေကျ ရုံးချုပ်တွင် မကျင်းပဘဲ NLD ဒု ဥက္ကဋ္ဌ ဦးတင် ဦး၏ နေအိမ်၌ ယနေ့ နံနက်ခင်းက ကျင်းပခြင်း ဖြစ်သည်။ဗဟို အဖွဲ့ချုပ်ရုံးတွင် နိုင်ငံခြားသား ဧည့်သည်များ လက်ခံတွေ့ဆုံခြင်း မပြုရန်နှင့် နိုင်ငံရေး အစည်းအဝေးများ မလုပ်ရန် မေလလယ်ပိုင်းတွင် ဒေါ်အောင်ဆန်း စုကြည်က ဦးဉာဏ်ဝင်းမှ တဆင့်မှာကြားဖူးသည်။ဒီမှာဖတ်ပါ။
NLD တရားဝင်ရပ်တည်မှုကို စစ်အစိုးရဖျက်လို့ မပျက်နိုင်
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီတခုအဖြစ် မှတ်ပုံမတင်တော့ပေမဲ့ NLD ရဲ့တရား ၀င်မှုကို မြန်မာပြည်သူတွေနဲ့ အတူ နိုင်ငံတကာက သန်းနဲ့ချီတဲ့ပြည်သူတွေ ဆက်လက်အသိအမှတ်ပြုနေ တဲ့အကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်တွေက မေလ ၂၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။ဒီမှာဖတ်ပါ။
ယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်ရန် အီးယူနှင့်အာဆီယံတိုက်တွန်း
ယမန်နေ့က စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်၊ ဘရူနိုင်း နိုင်ငံခြားရေး ၀န်ကြီး မင်းသား မိုဟာမက် ဘိုကီးရား (အလယ်) နှင့် စပိန် နိုင်ငံခြားရေး ၀န်ကြီး Miguel Angel Moratinos (ယာ) တို့တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)
စစ်အစိုးရကကျင်းပမည့် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာပြီး အများယုံကြည်လက်ခံနိုင်သည့် ရွေး ကောက်ပွဲဖြစ်စေရန် ဥရောပသမဂ္ဂ (အီးယူ) နှင့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ)တို့က တိုက် တွန်းလိုက်သည်။မြန်မာနိုင်ငံ အပါအ၀င် အာဆီယံနိုင်ငံများ၊ အီးယူနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၏ တ ရက်တာ ဆွေးနွေးပွဲကို စပိန်နိုင်ငံမက်ဒရစ်မြို့တွင် ပြုလုပ်ခဲ့ပြီးနောက် ၎င်းပူးတွဲကြေညာချက် ထွက်ပေါ်လာ ခြင်း ဖြစ်သည်။ဒီမှာဖတ်ပါ။
နိုင်းနိုင်းစနေရဲ့ အမေလက်ရေးစာစုများ
အမေအကြောင်းပြောတော့ သူ့မျက်လုံးထဲမှာ မျက်ရည်တွေစို့လာပြီး မျက်နှာကိုလည်းလွှဲလိုက်တယ်။ "အမေ ဆုံးတဲ့အချိန်မှာကျွန်မ အနားမှာ မရှိခဲ့ဘူး လေ၊ အဲဒီလို ခံစားမှုကို ပြောမပြတတ် ဘူးရှင့်"လို့ တုန်ရီတဲ့အသံနဲ့ ပြောပြပါတယ်။သူက စာရေးဆရာမ နိုင်းနိုင်းစနေပါ။ ၁၉၉၉ ခုနှစ်မှာ သူ့အမေဆုံးပါးသွားခဲ့တုန်းက အမေ့ အနားမှာ သူရှိမနေခဲ့တဲ့အတွက်စိတ်ထဲမှာ ထိခိုက်ခံစားခဲ့ရတယ်လို့ ပြောပါတယ်။ဒါကြောင့်ပဲ စာရေးဆရာ မ နိုင်းနိုင်းစနေက အမေ့ကို လွမ်းတဲ့စိတ်နဲ့ စာတွေ စရေးဖြစ်ခဲ့ပါတယ်။ဒီမှာဖတ်ပါ။
ထက်ထက်မိုးဦးအမှု တရားရုံး ကြားနာ
ထက်ထက်မိုးဦး
ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7day ဂျာနယ် သတင်းထောက်အမှုကို ရန်ကင်းမြို့နယ်တရား ရုံးက ယနေ့ ဆက်လက်ကြားနာ စစ်ဆေးကြောင်း သိရသည်။ဒီမှာဖတ်ပါ။
၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို RCSS အသိမှတ်ပြုထောက်ခံ
စ၀်ယွတ်စစ်
RCSS ခေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဆဲ ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း မေ ၂၆ ရက်နေ့၌ ကြေငြာချက် တစောင်ထုတ်ပြန် သည်။နအဖတို့ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသူနိုင်ငံသားများ၏ စိတ်ရင်းဆန္ဒမှန် မဟုတ်သောကြောင့် မထောက်ခံနိုင်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင် အထည်ဖော်မည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုကြောင်း ပါရှိသည်။ဒီမှာဖတ်ပါ။
ဓနုတ်စေတီ ပြန်လည်ပြုပြင်၊ ဗိုလ်ချုပ်မှူးကြီး မိသားစု မလှူဒါန်းဟုဆို
ဓနုတ်စေတီကြီး ပြိုကျပြီးနောက် တွေ့မြင်ရစဉ်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုဦးဆောင် ပြုပြင်မွမ်းမံခဲ့ပြီးနောက် မကြာခင်ပြိုကျခဲ့သော ရန်ကုန်တိုင်း ဒလ မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဓနုတ်စေတီကြီး ပြန်လည် ပြုပြင်ရန် စတင်လုပ်ဆောင်နေကြောင်း သိရ သည်။ဓနုတ်စေတီကြီး ပြုပြင်ရန်အတွက် ရွှေသံလွင်ကုမ္ပဏီက လေ့လာမှုများ ပြုလုပ်နေပြီ ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုက ဦးစီးလှူဒါန်းမှုများ ပြုလုပ်တော့မည် မဟုတ်ကြောင်း စေတီဂေါပက အဖွဲ့ နှင့် နီးစပ်သူ တဦးက ပြောဆိုသည်။ဒီမှာဖတ်ပါ။
စစ်ဘေးတိမ်းရှောင် ရွာသားများ ဌာနေသို့ပြန်လေပြီး
မြန်မာစစ်အစိုးရ၏ ထိုးစစ်ဒါဏ်ကိုစိုးရိမ်ပြီး ထိုင်းမြန်မာနယ်စပ် ခလော့ဟနီဒုက္ခသည်စခမ်းကို ကြိုတင်တိမ်း ရှောင်လာသည့် မွန်ပြည်သစ်ပါတီဗဟို ဌာနချုပ်ဝန်းကျင်ဒေသရွာသားများသည် သက်ဆိုင်ရာ မိမိတို့ကျေး ရွာကိုပြန်သွားခဲ့ပြီးဟု စခမ်းကော်မီတီများမှပြောပါသည်။ ဒီမှာဖတ်ပါ။
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ဖိနှိပ်သည့်နိုင်ငံထဲတွင် မြန်မာပါဝင်
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများကို ထောင်သွင်း အကျဉ်းချခြင်း၊ ဖိနှိပ်ခြင်းပြုလုပ်သည့် နိုင်ငံ များတွင် မြန်မာ နိုင်ငံလည်းပါဝင်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။AI၏ ကြေညာချက်တွင် အဆိုပါနိုင်ငံများထဲ၌ မြန်မာနိုင်ငံအပြင် အာရှ နိုင်ငံများဖြစ်သည့် တရုတ်နှင့် မြောက်ကိုးရီးယားလည်း ပါဝင်သည်ဟု ဆိုထားသည်။ဒီမှာဖတ်ပါ။
တရုပ်နယ်စပ်တွင် သံဃာအတုများ တွေ့ရ
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ တစ်ဘက်ကမ်းရှိ တရုတ်နယ်စပ်မြို့များတွင် ဗုဒ္ဓဘာသာသံဃာ အတုဟု ယူဆရသူ မြန်မာဘုန်ကြီးအချို့ကို ယခုရက်ပိုင်း အတွေ့များလာကြောင်း တရုတ်နယ်စပ်နေ မြန်မာများထံမှ တဆင့်သိရသည်။အဆိုပါ သံဃာအတုများသည် ၀ထ္ထုပစ္စည်းရရှိရန် တရုတ်ဘက်ခြမ်း ရွှေလီကျယ်ဂေါင်မြို့ များအတွင်း လှည့်လည်အလှူခံနေပြီး ဗုဒ္ဓဘာသာ ၀ိနည်းများနှင့် မလျော်ညီသည့် ညစာစားခြင်း အရက် သောက်ခြင်း ကဲ့သို့သော အပြုအမူများ ကျူးလွန်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်သို့ပြောသည်။ ဒီမှာဖတ်ပါ။
ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ဖွဲ့ သဘောတူ
အပစ်ခတ်ရပ်အဖွဲ့များအပေါ် နယ်ခြားစောင့်တပ်ပြောင်းရေးဖိအားများ ဆက်လက်ရှိနေချိန်တွင် စစ်အစိုးရ က တိုင်းရင်းသားအဖွဲ့တခုကို တိုက်ခိုက်ပါက ပြန်လည်၍ ပူးပေါင်းတွန်းလှန်တိုက်ခိုက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ က သဘောတူလိုက်ကြသည်။ဒီမှာဖတ်ပါ။
တရုတ်ဝန်ကြီးချုပ် မြန်မာ့နိုင်ငံအရေးကိစ္စ ဇောင်းပေးပြောကြားဖွယ်ရှိ
တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကျားပေါင်
တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် တောင်ကိုးရီးယား ဂျပန် မွန်ဂိုလီးယားနှင့် မြန်မာ စသည့်နိုင်ငံ များသို့ မေ ၂၈ ရက်မှ ဇွန် ၃ ရက်နေ့အထိ ၇ ရက်တာ ခရီးလှည့်လည်မည်ဖြစ်ရာ မြန်မာနိုင်ငံသို့ ဇွန် ၂ ရက် နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ဒီမှာဖတ်ပါ။
ကချင်အတိုင်ပင်ခံ အဖွဲ့ခေါင်းဆောင် ပြန်လွှတ်
စစ်ဘက်ရေးရာလုံခြုံရေးက ခေါ်ယူစစ်ဆေးခဲ့သော ကချင်အတိုင်ပင်ခံအဖွဲ့ ဒုတိယ အတွင်းရေးမှူး ဦးလဘန် ဂမ်အောင်သည် အင်္ဂါနေ့က ပြန်လည်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတဦးက ပြောသည်။ အသက် ၄ဝနှစ်ရှိ ဦးလဘန်ဂမ်အောင်ကို ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်အောက်ရှိ စရဖရုံး၌ တရက်နီးပါးစစ်ဆေးပြီး လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ဒီမှာဖတ်ပါ။
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ
ဦးဟန်ရွှေ
ဦးဟန်ရွှေနှင့် တွေ့ဆုံခြင်း မေး။ ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ဘာတွေ ပြင်ဆင်နေပြီလဲ။ ဖြေ။ ။ လောလောဆယ်ကတော့ မှတ်ပုံတင်နံပါတ် ကျပြီ။ မှတ်ပုံတင်နံပါတ်က နံပါတ်(၂)။ ကျပြီဆိုတော့ ပါတီကစည်းရုံးလို့ရပြီ။ စည်းရုံးလို့ရနေပြီးဖြစ်တဲ့အတွက် စည်းရုံးလှုပ်ရှားမှု ကျွန် တော်တို့လုပ်နေပြီ။ ပါတီဝင် စုစည်းမှုတွေ၊ လှုပ်ရှားမှုတွေ ဥပဒေအရ လုပ်ခွင့်ရှိနေပြီဖြစ်တဲ့အတွက် ပါတီက လုပ်ဆောင်နေပါပြီး။ဒီမှာဖတ်ပါ။
မင်္ဂလာဈေးမှ ပစ္စည်းများ တထပ်ချင်းပြောင်းရန် သတ်မှတ်
မီးလောင်ခံရသော မင်္ဂလာဈေးမှ ဆိုင်ရှင်များအနေဖြင့် ပစ္စည်းပြောင်းရွှေ့ခြင်းကို ကြာသပတေးနေ့မှ စတင် ၍ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန် ဒုတိယမြို့တော်ဝန် ဦးပါက ပြောကြားလိုက်သည်။နှစ်ရက်နီးပါးကြာ မီးလောင်မှုဖြစ်ပွားပြီးနောက် အာဏာပိုင်များကို ကိုယ်စားပြုပြီး ဒုမြို့တော်ဝန်က ဈေးသည်များကို တာမွေ မြို့ အထက်တန်းကျောင်း အမှတ် ၁ တွင် ယနေ့နံနက်က ၁၅ မိနစ်ကြာ တွေ့ဆုံရာတွင် မေလ ၂၇ ရက်နေ့မှ စတင်၍ ပစ္စည်းများပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်ပြီး ယာယီဈေးအမြန်ဆုံးပြုလုပ်ပေးမည်ဟုပြောသွားသည်။ ဒီမှာ ဖတ်ပါ။
၂၀၁၀ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားများ ကန့်ကွက်မဲစတင်ပေး
မျက်နှာဖုံးတပ်၍ မဲပေးနေကြသည့် မြန်မာအလုပ်သမားများ
နအဖကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအနေဖြင့် ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ များကို နိုင်ငံတကာ၌ ယနေ့စတင်ကျင်းပရာ ထိုင်းနိုင်ငံမဲဆောက်မြို့တွင် မြန်မာအလုပ်သမားမျာက ကန့် ကွက်မဲများ ပေးကြသည်။ယနေ့ ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲ အနိုင်ရ အနှစ် (၂၀) ပြည့် အထိမ်းအမှတ်နေ့၌ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက် နေသည့် အဖွဲ့ကြီး (၁၀) ဖွဲ့မှ ကမကထပြု ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲတွင် မြန်မာအလုပ်သမားများက လာရောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ဒီမှာဖတ်ပါ။
အရပ်အပုဆုံးလူသား မြန်မာနိုင်ငံတွင်တွေ့ရှိ
ကမ္ဘာ့ အရပ် အပုဆုံး လူသား ဖြစ်နိုင်ခြေ ရှိသူ တစ်ဦးအား မြန်မာနိုင်ငံ အလယ်ပိုင်း တွင် ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ကိုယ်တိုင် သွားရောက် လေ့လာ ခဲ့သူ ဦးခင်ညွန့် (သတင်းထောက်ခင်) က ပြောသည်။ အဆိုပါ ကမ္ဘာ့ အရပ် အပုဆုံး ဖြစ်ဖွယ် ရှိသူမှာ ယခု အခါ အသက် ၁၀ နှစ် နှင့် ခြောက်လ ရှိပြီ ဖြစ်ပြီး၊ ညီအစ်ကို မောင်နှစ်မ ခြောက်ယောက် တွင် ဒုတိယမြောက် နှင့် တစ်ဦး တည်းသော သား ဖြစ်သည်။ "ကျွန်တော့ မိတ်ဆွေ ဖြစ်တဲ့ ကျောင်းဆရာ ကိုစိုးကြီးရဲ့ သတင်းပေး ချက်အရ သူ့ဇာတိ ရွာမှာ အရပ် နှစ်ပေ တောင် မပြည့်ချင်တဲ့ ကလေး တစ်ဦး ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် စိတ်ဝင်စား တာနဲ့ သွားရောက် လေ့လာတဲ့ အခါ ကလေးက အရပ် ၂၂ လက်မ လောက်ပဲ ရှိတယ်" ဟု ၎င်းက ပြောသည်။ဒီမှာဖတ်ပါ။
အမေရိကန်အမတ် မြန်မာနိုင်ငံ ထပ်သွားမည်
မစ္စတာ ဂျင်ဝက်ဘ်
အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ အာရှနှင့်ပစိ ဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာဂျင်မ်ဝက်ဘ်သည် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု ၎င်း၏ရုံးမှ ယနေ့ထုတ်ပြန်ပြောဆိုကြောင်း အေပီသတင်းတွင် ဖော်ပြသည်။လာမည့်ဇွန် (၄)ရက်တွင် စတင် မည့် ၎င်း၏ (၃) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မစ္စတာဝက်ဘ်အနေဖြင့် မြန်မာစစ်အစိုးရအား ဖိအားပေး ပြောဆိုနိုင်သည်ဟုလည်း သတင်းတွင်ဖော်ပြ ထားသည်။ဒီမှာဖတ်ပါ။
မြန်မာနိုင်ငံမှာ လျှပ်စစ်မီဂါဝပ် ၇၀၀ ဘင်္ဂလားဒေရှ့် ၀ယ်ယူမည်
ဘင်္ဂလာဒေ့ခ်ျနိုင်ငံသည် သူ့နိုင်ငံအတွက် အထူးလိုအပ်နေသည့် လျှပ်စစ်မီးကို မြန်မာနိုင်ငံမှ မီဂါဝပ် ၇၀၀ ၀ယ်ယူကာ ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း နာမည်ကြီး ဘင်္ဂလီသတင်းစာ The Daily Ittefaq ယနေ့ တွင် ရေးသားဖော်ပြသည်။လွန်ခဲ့သော တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှ လျှပ်စစ်မီး ၀ယ်ယူရေး ကိစ္စကို ဘင်္ဂလာဒေခ်ျ့ အရာရှိကြီးများက မြန်မာနိုင်ငံမှ လာရောက်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး စဉ် ထိုသို့ သဘောတူညီမူ ရရှိခဲ့သည်ဟု သတင်းစာက ရေးသားဖေါ်ပြသည်။ဒီမှာဖတ်ပါ။
တစ်ထောင်ကျပ်တန် ငွေအတုများ ဖမ်းဆီးရမိ
ငွေတစ်ထောင် ကျပ်တန် အစစ် ကျပ် တစ်သိန်း နှင့် အတု ငွေကျပ် ၁၀ သိန်းကို အလဲအလှယ် လုပ်လာသူ များ အဖမ်းခံရကြောင်း ဒေါပုံမြို့နယ် ရဲစခန်းမှသိရသည်။ ယခုလ ၁၁ ရက်က ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံ ရပ် ကွက်တွင် ငွေစက္ကူအတုဟု ယူဆရသည်များကို ကိုင်ဆောင် သုံးစွဲနေကြောင်းကြား သိရသည့်အတွက် ယင်း ၏ တာဝန်ရှိသူများက သွားရောက်စစ်ဆေးကြရာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ဒီမှာဖတ်ပါ။
မိုးရွာပေမဲ့ ကျေးလက်ဒေသမှာ ရေရှားပါးမှုပြဿနာ ရှိနေဆဲ
ပဲခူးတိုင်း သနပ်မြို့နယ် အနီးကပ်ရွာတွင် ရွာသားတစ်ဦး သနပ်ပင်မြို့နယ်စည်ပင်သာယာရေးဌာနမှ လာဝေသောရေကို သယ်ယူစဉ်
"ဒီလိုအပူကြီးတာမျိုး ကြုံဖူးပေမယ့် ဒီနှစ်ကတော်တော်ဆိုးတာဗျ။ ကျွန်တော်တို့မြို့က အကြီးဆုံးလို့ ပြော မယ့် ရေကန်ကြီးတောင် ခန်းရော။ သောက်ရေ၊ သုံးရေအတွက် ဒုက္ခပေါ့ဗျာ။"ကိုမောင်မျိုးတစ်ယောက် သ နပ်ပင် မြို့မှာရှိတဲ့ ရေကန်တွေအနက် အကြီးဆုံးကန်ကြီးဖြစ်တဲ့ ပြည်တော်သာဘုရားကြီးပိုင်း အမှတ်(၁) ကန်ကြီးနားဖွင့်ထားတဲ့ သူ့ဈေးဆိုင်လေးကနေ ရေကန်ကြီးဆီ လက်ညှိုး ထိုးရင်း မသာမယာ အမူ အယာနဲ့ စာရေးသူရဲ့အမေးစကားကို တုံ့ပြန်တယ်။ သူ့ကြည့်ရတာ ရာသီဥတုပူတဲ့အပြင် ရေရှားတဲ့ ဒုက္ခကြောင့်ပါ စိတ်မချမ်းမသာဖြစ်နေတဲ့ဟန်။ဒီမှာဖတ်ပါ။
ထက်ထက်မိုးဦး သတင်းကို ၀န်ကြီးပိတ်ပင်
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ တိုက်ရိုက်ညွှန်ကြားချက်ကြောင့် ထက်ထက်မိုးဦး သတင်းကို ပိတ်ပင်ရ ခြင်းဖြစ်ကြောင်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ စာစစ်မှူးတဦးက ပြောသည်။ဒီမှာဖတ်ပါ။
မင်္ဂလာဈေးကို အထပ်လိုက်ဖြိုချ၍ ပြန်ဆောက်မည်ဟုဆို
မင်္ဂလာဈေး မီးလောင်ပြီးစ မြင်ကွင်းဓာတ်ပုံ -
မီးလောင်ကျွမ်းခဲ့သော မင်္ဂလာဈေးအဆောက်အအုံ အရည်အသွေး စစ်ဆေးတွေ့ရှိချက်ပေါ်မူတည်၍ အ ထပ်လိုက် ဖြိုချမှုများပြုလုပ်ကာ ပြန်လည်တည်ဆောက်ပြီး ဆိုင်ခန်းပိုင်ရှင်များကို နေရာပြန်လည်ချထား ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင် သန်းဝင်းက ပြောသည်။ဒီမှာဖတ်ပါ။
တရားရုံးမှ မှန်ကန်စွာမဖြေရှင်းမှု မပြုလျှင် ဆန္ဒထုတ်ဖော်မည်ဟု စာနယ်ဇင်းသမားတို့ပြော
မင်းသမီးထက်ထက်မိုးဦး
မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုနားဟိုတယ် တွင် 7 Days News ဂျာနယ်မှ အမျိုးသမီးသတင်း ထောက် မအေးသူစံအား ကိုယ်ထိလက်ရောက်ပြုခဲ့သည့် သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦး အား သက်ဆိုင်ရာ တရားရုံးမှ တရားနှင့်အညီ ဖြေရှင်းပေးခြင်းမပြုပါက သက်ဆိုင်ရာတရားရုံးရှေ့ ၊စာပေစီစစ် ရေးရုံးရှေ့ နှင့် ထက်ထက်မိုးဦး၏ အိမ်ရှေ့တို့တွင် ဆန္ဒပြရန် စီစဉ်ထားသည်ဟု မအေးသူစံ ၏ သူငယ် ချင်း ဖြစ်သူ အမည်မဖော်လိုသည့် ရန်ကုန် စာနယ်ဇင်းသမားတစ်ဦး က FreedomNewsGroupသို့ ပြောသည်။
ဒီမှာဖတ်ပါ။
၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်သည့် အခမ်းအနား ဂျပန်တွင်ပြုလုပ်
နအဖ စစ်အစိုးရမှ ပြုလုပ်မည့် ရွှေးကာက်ပွဲအား ဆန့်ကျင်သည့်အသံများ ကျယ်ကျယ်လောင်လောင် ပေါ် ထွက်လာချိန်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌လည်း မြန်မာ့အတိုက်အခံ အင်အားစုများက ၂၀၁၀ ရွေးကောက်ပွဲ အား ဆန့်ကျင်ကန့်ကွက်သည့် အခမ်းအနား တရပ်ကို ပြုလုပ်ခဲ့ကြသည်။ဒီမှာဖတ်ပါ။
ကဗျာ ဆရာစောဝေ လွတ်ပြီ
ကဗျာဆရာ စောဝေ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဏာရူးကြီးဟု ဝေဖန်ရေးသားမှုကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရသော ကဗျာဆရာစောဝေ ယနေ့ ပြန်လွတ်လာပြီ ဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူက ပြောသည်။ဒီမှာဖတ်ပါ။
မြစ်ဆုံဗုံးကွဲမှုဖြင့် ကချင်များ ဖမ်းဆီးခံနေရ
မြစ်ဆုံရေကာတာစီမံကိန်း ဧရိယာအတွင်း ဗုံးပေါက်ကွဲမှုနှင့်ဆက်စပ်ပြီး မသင်္ကာသူများကို ဖမ်းဆီးနေရာ ယခုလ (၂၃)ရက် တညတည်း၌ မြစ်ကြီးနားမြို့တွင် လူပေါင်း (၆ဝ) ခန့် ဖမ်းဆီးခံရသည်။မြစ်ကြီးနားမြို့ စီ တာပူနှင့် တပ်ကုန်းရပ်ကွက်မှ ကချင်အမျိုးသား (၆ဝ)ခန့် ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ မြောက်ပိုင်းစစ်ဌာန ချုပ် (မပခ)တွင် ထိန်းသိမ်းစစ်ဆေးနေသည်ဟု စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။ဒီမှာဖတ်ပါ။
လေးလပတ် အစည်းအဝေးကျင်းပရန် ပြုလုပ်
စစ်အစိုးရအတွက် အရေးပါသော စုဝေးမှုဖြစ်သည့် လေးလပတ် အစည်းအဝေး ကျင်းပရန်အတွက် ထိပ်သီး စစ်ဘက်အရာရှိကြီးများ နေပြည်တော်တွင် ယနေ့ရောက်ရှိနေကြပြီဖြစ်သည်။၂ဝ၁ဝ ခုနှစ်အတွက် ပထမဆုံး ဖြစ်သော လေးလပတ်အစည်းအဝေးကို မနက်ဖြန်မှစတင်၍ သုံးရက်ကြာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ဖက်သတင်းရပ်ကွက်များက ပြောသည်။ဒီမှာဖတ်ပါ။
မင်္ဂလာဈေးကို ယာယီဈေးပြုလုပ်ရန် အစည်းအဝေးပြုလုပ်
မင်္ဂလာဈေးကို ယာယီဈေးပြုလုပ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ယနေ့စီစဉ် လျက်ရှိ ကြောင်း ကော်မတီ၏ အဆင့်မြင့်အရာရှိတဦးက ပြောသည်။အဆိုပါကိစ္စအတွက် မီးလောင်မှုဖြစ်နေသော မင်္ဂလာဈေး စတုတ္ထထပ် (၅) လွှာရှိ ဆိုင်ခန်းပိုင်ရှင်များကို ယနေ့ နေ့လယ် (၁) နာရီတွင် မင်္ဂလာဈေး ဓမ္မာရုံ သို့ ခေါ်ယူကာ အစည်းအဝေးပြုလုပ်ခဲ့သည်။ဒီမှာဖတ်ပါ။
နယ်ခြားစောင့်တပ်ဆွေးနွေးရေး ၀တပ်ငြင်းဆိုပြန်
(UWSP ဒုဥက္ကဌ ရှောက်မင်လျံ၊ ရမခ တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်၊ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်(အလယ်)၊ UWSP ဥက္ကဌ ပေါက်ယူချမ်း၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး)
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က နအဖစစ်တပ်၏ နယ်ခြားစောင့်တပ်အရေး ဆွေးနွေး လိုကြောင်း ဖိတ်ကြားချက်ကို ငြင်းဆန်လိုက်သည်။ဒီမှာဖတ်ပါ။
လွတ်လပ်စွာမဲပေးရန် ရွေးကောက်ပွဲကော်မရှင် ပြောကြား
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါက်တာဘမောင်သည် ချင်းပြည်နယ်ရှိခရိုင်နှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အချို့ထံလာရောက်ကာ ရွေးကောက်ပွဲတွင် မဲပေးသူများ လွတ်လပ်စွာမဲပေးခွင့်ပြုရန် ပြော ဆိုခဲ့ကြောင်း သိရသည်။
ဒီမှာဖတ်ပါ။
ပုဂ္ဂလိကကျောင်းဖွင့်ခွင့်များ ပြန်လည်ပိတ်ပင်
ယခုနှစ်ဆန်းပိုင်းက ဖွင့်လှစ်ခွင့်ပြုထားသည့် ပုဂ္ဂလိကကျောင်းများကို ခွင့်ပြုချက် ပြန်လည်ရုပ်သိမ်းလိုက် ကြောင်း ကျောင်းဖွင့်ခွင့်ရထားသည့် ကျောင်းအုပ်ဆရာကြီးတဦးက ပြောသည်။ဒီမှာဖတ်ပါ။
မြို့အ၀င်ဂိတ်ကို ဆိုင်ကယ်စီး လူတစ်စုဗုံးပစ် ရဲတစ်ဦးသေ နှစ်ဦးထိ
သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့ မြောက်ဘက်ရှိ မြို့အ၀င်/အထွက်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီး လူ ငယ်တစ်စုက လက်ပစ်ဗုံးနှင့်ပစ်ပေါက်ခဲ့သောကြောင့် ရဲတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း စုံစမ်း သိရှိရသည်။အဆိုပါဂိတ်၌ ဒုရဲအုပ်မောင်ထွေးဦးဆောင်ပြီး ရဲသားသုံးဦးနှင့်အတူ မေ ၂၂ ရက်နေ့တွင် ကင်း စောင့်နေခဲ့ကြသည်။ဒီမှာဖတ်ပါ။
ဝတပ်ဖွဲ့ဥက္ကဌအား ထပ်မံဆွေးနွေးရန် နအဖ ထပ်မံကမ်းလှမ်း
ဝတပ်ဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စ တုံ့ပြန်မှုမရှိသေးသည့်အပေါ် ထပ်မံဆွေးနွေးရန် ဝတပ်ဖွဲ့ ဥက္ကဋ္ဌပေါက်ယူချန်းအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးက ခေါ်ဆိုထားကြောင်း သိရသည်။
ဒီမှာဖတ်ပါ။
ထက်ထက်မိုးဦး သတင်းကြောင့် ဂျာနယ်နှစ်စောင်အပိတ်ခံရ
ယာယီအပိတ်ခံရသည့် First Music ဂျာနယ် အချပ်ပိုတွင် သရုပ်ဆောင်ထက်ထက်မိုးဦး သတင်းဖော်ပြ ထားသည်ကို ဤသို့ တွေ့ ရသည် (ဓာတ်ပုံ - မိုးမခ)
ခွင့်မပြုသည့် သတင်းကို ဖော်ပြသည့် အတွက် ဂျာနယ် ၂ စောင်အား ယာယီပိတ် လိုက်ကြောင်း မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနတွင် စာကပ်ထား သည်ဟု သတင်း ရရှိသည်။ဒီမှာဖတ်ပါ။
ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်ခြားစောင့်တပ်ဖွဲ့စည်း
ရှမ်းပြည်နယ်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်း ဒေသခံ ပြည်သူ့စစ်အဖွဲ့များကို စုစည်းပြီး အမှတ် (၁ဝ၁ဝ) နယ် ခြားစောင့်တပ်အဖြစ် ယမန်နေ့က ဖွဲ့စည်းလိုက်သည်။ယင်းဒေသသည် မြန်မာစစ်အစိုးရက အတည်ပြုလိုက်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအရ(ဝ) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဖြစ်လာမည့် ဒေသဖြစ်သည်။ဒီမှာဖတ်ပါ။

ရာသီဥတုဆိုးရွားမှုကြောင့် ရန်ကုန်နှင့်စစ်တွေလေကြောင်းလိုင်းများ ခေတ္တရပ်ဆိုင်း
ရာသီဥတု ဆိုးရွားမူကြောင့် ရန်ကုန်နှင့် စစ်တွေအကြား ပျံသန်းနေသော လေကြောင်းလိုင်းများကို စနေနေ့ ကစပြီး ယာယီ ရပ်ဆိုင်းထားလိုက်ရသည်ဟု သတင်းရရှိသည်။
ရာသီဥတုဆိုးရွားမှုကြောင့် ရန်ကုန်နှင့်စစ်တွေလေကြောင်းလိုင်းများ ခေတ္တရပ်ဆိုင်း
ရာသီဥတု ဆိုးရွားမူကြောင့် ရန်ကုန်နှင့် စစ်တွေအကြား ပျံသန်းနေသော လေကြောင်းလိုင်းများကို စနေနေ့ ကစပြီး ယာယီ ရပ်ဆိုင်းထားလိုက်ရသည်ဟု သတင်းရရှိသည်။

မင်္ဂလာဈေးမီးလောင်၊ ဆုံးရှုံးမှုများပြား
မီးစွဲလောင်နေသည့် မင်္ဂလာဈေးအဆောက်အဦးအား ဗညားဒလရှိ အဆောက်အဦးတခုပေါ်မှ တယ်လီဖြင့် ဆွဲယူရိုက်ကူထားစဉ် photo(Freedom News Group)
ရန်ကုန် မြို့ မအူကုန်း ရှိ မင်္ဂလာဈေး တွင် ယနေ့ မနက် ၈း၂၀ အချိန် ကတည်းက စတင်မီးလောင်ကျွမ်းနေရာ တစ် နာရီကျော်ကြာသည်အထိ မီးညွန့်မကျိုးသေးပဲ ဆက်လက်လောင်ကျွမ်းနေဖြင့် စက်ရုံလမ်းနှင့် ကန်တော်က လေးနှင့် ရန်ကုန်မြို့ထဲသို့သွားသည့် ဗညားဒလလမ်း တို့ကို ပိတ်ထားရသည်ဟု သတင်းရရှိသည်။ဒီမှာသွားဖတ်ပါ။