ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

ဆောင်းပါး


ဗိုလ်ချုပ်မှူးကြီး ခရီးစဉ် ရှုတ်ချစာ အိန္ဒိယ ၀န်ကြီးချုပ်ထံ ပေးပို့

 အိန္ဒိယနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်မည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်အား လက်ခံကြိုဆိုမှုကို ရှုတ်ချ ကန့်ကွက်ကြောင်း အိန္ဒိယ အခြေစိုက် လူမှုအဖွဲ့ အစည်းများက ၀န်ကြီးချုပ် မာမိုဟမ်ဆင်းထံ ယမန် နေ့ ညနေပိုင်းက အိတ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်သည်။အိန္ဒိယအခြေစိုက် လူမှုအဖွဲ့အစည်း ၃၈ ခုနှင့် မြန်မာ့အရေး ထောက်ခံအားပေးသည့် တသီးပုဂ္ဂလလူပုဂ္ဂိုလ် ၇၁ ဦးတို့ လက်မှတ်ရေးထိုးထားသော အဆိုပါ စာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မြန်မာပြည်သူ လူထုကို ကိုယ်စားမပြုဘဲ စစ်အစိုးရကိုသာ ကိုယ်စားပြု ၍ အိန္ဒိယအစိုးရအနေဖြင့် စစ်အစိုးရနှင့် ယခုကဲ့သို့ လွတ်လပ်ရင်းနှီးစွာ ဆက်ဆံခြင်းမပြုသင့်ဟု ရေးသား ထားသည်။ဒီမှာဖတ်ပါ။
Bookmark and Share


ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများ မျှော်လင့်


 ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် ပါဝင်လာစေရန် ရန်ကုန်ပြည်သူတို့က လိုလားမျှော်လင့်နေကြ ကြောင်း ရန်ကုန်သတင်းရပ်ကွက်မှ သိရသည်။ဒီမှာဖတ်ပါ။

Bookmark and Share

၂၀၁၀ရွေးကောက်ပွဲသည် မွန်တို့၏ အခွင့်အရေးကိုဖော်ဆောင်ပေးနိုင်မည်လော
(၂၀၁၀) ရွေးကောက်ပွဲသည် မွန်တို့၏ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်မည်လော(၂၀၁၀) ခုနှစ်လယ် ရောက်လာပြီးဖြစ်၍ မြန်မာ့နိုင်ငံရေးတွင် စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့်ငြင်းခုံသံ များ ပိုမိုကျယ်လောင်သည်ကို တွေ့ရပေသည်။ (၂၀၁၀) ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အသံထက် ရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် အသံက အခြားဒေသများနည်းတူ မွန်တို့ဒေသတွင်လည်း ပိုမို ကျယ်လောင်လာသည်ကို တွေ့နေရပေသည်။ဒီမှာဖတ်ပါ။
Bookmark and Share

နှစ်ပေါင်းထောင်ကျော် စစ်ဖြစ်နေတဲ့ဒေသ
မကြာသေးမီက ပါလက်စတိုင်းတို့၏ ဂါဇာဒေသတွင် လူပေါင်း ထောင်နှင့်ချီ၍ ရက်ရက်စက်စက် သတ်ဖြတ် ခြင်းခံခဲ့ရသည်။ ဆက်လက် သတ်ဖြတ်ဆဲလည်း ဖြစ်သည်။ ဆေးရုံတွေ၊ ကျောင်းတွေ ဗုံးကြဲခံနေရသည်။ သာမန်အရပ်သား လူနေရပ် ကွက်များအပေါ်သို့ ပိတ်ပင်ထားသော အင်မတန်လူမဆန်သည့် ဖော့စ်ဖရပ်စ် ဗုံးများလည်း ကြဲချသည်။ လူ့အခွင့်အရေး အော်သံများ ကြားရသည်မှာ နည်းလှချေကလား။ လူ့အခွင့်အရေး ဆိုရာတွင် ပါလက်စတိုင်းများ၏ အခွင့်အရေးများ မပါဝင်လေရော့သလား။ ဒီမှာဖတ်ပါ။

Bookmark and Share

နအဖရဲ့ ရွေးကောက်ပွဲကြီး ရောက်လာတော့မယ်တဲ့လား
ဒီတလောလုပ်နေတဲ့ နအဖစစ်ထိပ်သီးတွေရဲ့ လေးလပတ်အစည်းအဝေးပြီးရင် သူတို့ရဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပိုမိုရှင်းရှင်းလင်းလင်း၊ တိတိကျကျ သိလာရမယ်လို့ ယူဆရပါတယ်။ တိုင်းမှူးအသီးသီးဟာ ကိုယ့်နယ်မြေအတွင်း ရွေးကောက်ပွဲအတွင် ပြင်ဆင်မှုအခြေအနေတွေ၊ သူတို့ရဲ့ကြံ့ဖွံ့ပါတီအနိုင်ရနိုင်မှုအ ခြေအနေ၊ တခြားအင်အားတွေရဲ့အခြေအနေစတာတွေကို တင်ပြဆွေးနွေးကြမယ်လို့လည်းယူဆရပါတယ်။ ဒီအထဲမှာ တခြားဘယ်ပါတီတွေကို တည်ထောင်ခွင့်ပေးမယ်၊ မပေးဘူးဆိုတာတွေလည်း ပါဝင်မှာမုချပါပဲ။ တဆက်တည်း ဒီအချက်တွေအပေါ်မူတည်ပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေညာမယ့် သဘောရှိပါ တယ်။ဒီမှာဖတ်ပါ။

Bookmark and Share


လွတ်လပ်ရေးအတွက် သျှမ်းပြည်တော်လှန်ရေးနေ့
သျှမ်းတော်လှန်ရေးဖခင် စ၀်နွဲ့ စောယန္တ
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၀ တွင် တရုတ်ဖြူ (ကွန်မြူနစ်)များ သျှမ်းပြည်သို့ နယ်ကျွံဝင်ရောက်လာ ပြီး လူ့အခွင့်အရေးများ ချိုးဖောက်ခဲ့ကြသည်။ ဗမာ့တပ်မတော်က တရုတ်ဖြူများကို ကူတိုက်ပေးမည်ဟု အ ကြောင်းပြပြီး ၁၉၅၂ တွင် သျှမ်းပြည်သို့ အလုံးအရင်းချီတက်လာခဲ့ကြသည်။ ဒီမှာဖတ်ပါ။

Bookmark and Share 1.