ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Monday, March 8, 2010

အိန္ဒြာကျော်ဇင် အင်တာဗျူး

အနုပညာအလုပ်ကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် တစ်စိုက်မတ်မတ်လုပ်ကိုင်သူမင်းသမီးတစ်ဦးကိုပြပါ ပါဆိုလျှင်အူဝဲတစ်ဖြစ်လဲအိန္ဒြာကျော်ဇင်ကိုပဲမြင်ယောင်ကြရမည် ဖြစ်သည်။ အကယ်ဒမီတစ်ဆုသာရရှိ ထား သော်လည်း ပရိသတ်ပေးသည့် အကယ်ဒမီကို အကြိမ်ကြိမ်ရရှိထားသူအူဝဲသည်ယခုနှစ်များအတွင်း ဟာသ ရုပ်ရှင်ကားများ၌အပိုအလိုမရှိကွက်တိလှုပ်ရှားမှုများဖြင့်ချိတ်ဆက်သရုပ်ဆောင်လာခဲ့ရာသူ၏ သရုပ်ဆောင် စွမ်းရည်နှင့် အားထုတ်မှုတို့က ထိပ်တန်းမင်းသမီးတစ်ဦး နေရာကို ထိုက်တန်စေခဲ့သည်။ ယခုနှစ်အတွင်းမှာလည်း ဒါရိုက်တာစင်ရော်မောင်မောင်နှင့် “ပန်းကြာဝတ်မှုန်”၊ ဒါရိုက်တာအိအိခိုင်နှင့် “နှင်း ဆီ”စသည့် ဒရာမာကားများ ရိုက်ကူးရန်ရှိသည့်အူဝဲနှင့်မေးမြန်းဖြစ်သည်များကို ပရိသတ်ထံမျှဝေတင်ဆက် ဖြစ်ပါသည်။

ရုပ်ရှင်တစ်ကား စရိုက်တော့မယ်ဆို အူဝဲ ပထမဆုံး စဉ်းစားဖြစ်တဲ့အရာက ဘာလဲ။

ပထမဆုံး ဇာတ်ကိုအရင်ဖတ်တယ်။ ပြီးရင် ကိုယ်လုပ်ရမယ့် ဇာတ်ကောင်ကာရိုက်တာကိုကိုယ့်ဘာသာကို ပြင်ဆင်ထားပါတယ်။

အူဝဲရဲ့ကားတွေထဲမှာ ဒရာမာနဲ့ဟာသ အချိုးချကြည့်ရင် ဘယ်လိုင်းက ပိုများနေလဲ။

အချိုးချကြည့်မယ်ဆိုရင်တော့ဟိုးအရင်တုန်းကနေ အခုထိဆိုဒရာမာကပိုများတယ်။ ခုနောက်ပိုင်းဟာသ ကားတွေပိုများတယ်။ ဗီဒီယိုကတော့ဟာသနဲ့ ( Romance) (အချစ်)နဲ့ ရောသွားတာပေါ့။ ဟာသချည်းပဲ တောက်လျှောက်တော့ အူဝဲမလုပ်ပါဘူး။

မင်းသားသစ်တွေ အမြောက်အမြား ပေါ်ထွက်လာပေမယ့် မင်းသမီးမျိုးဆက်က သိပ်မထွန်းကားတာဘာ ကြောင့်လို့ ထင်ပါသလဲ။

မင်းသမီးကျတော့..(အင်း.. အနည်းငယ်စဉ်းစားဟန်ဖြင့်) အူဝဲအနေနဲ့ ပြောဖို့ခက်တယ်။ သူများကိုလည်း
ထိခိုက်မှာ စိုးလို့လေ။ အဓိကကတော့နေရာတစ်နေရာရဖို့အတွက်တော်တော်လေးကိုကြိုးစားမှဖြစ်မယ်။ နေရာရပြီးရင်လည်း ခိုင်မြဲအောင်လုပ်ဖို့က စိတ်ကိုလည်း တော်တော်နှစ်နိုင်မှ။ ဒီအလုပ်ကတခြားအလုပ် နဲ့လည်းမတူဘူး။ ဒါကြောင့်ကြိုးစားအားထုတ်မှုကတော့၁၀၀ရာခိုင်နှုန်းပါနေမှ ရမှာလေ။ နောက်သူ့ရဲ့ကံ၊ ဉာဏ်၊ ၀ီရိယနဲ့ စန်းလည်းလိုပါသေးတယ်။

ခုခေတ် ရုပ်ရှင်တစ်ကားရိုက်ရင် သရုပ်ဆောင်အင်အားများများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်တတ်တော့ကိုယ့် အတွက် ကာရိုက်တာ တစ်ခုရအောင် ဘယ်လိုဖန်တီးယူရသလဲ။

ဇာတ်ကို လာအပ်ကတည်းကကိုယ်ကြိုက်တယ်၊ကိုယ်ကျေနပ်တယ်ဆိုရင်လက်ခံတယ်။လက်ခံပြီးမှတော့ ကိုယ်လိုချင်တာကို မပြောဘူး။ နဂိုကတည်းက ကိုယ်ကြိုက်တဲ့၊ ကျေနပ်တဲ့ ဇာတ်ကောင်ကိုလက်ခံတယ်။ အဲဒီလိုမဟုတ်ရင် လက်မခံဘူး။

အနုပညာရှင်တစ်ယောက်မှာ အရွယ်နဲ့ လုပ်ရတဲ့အပိုင်းတွေ ရှိနေတော့ အူဝဲလိုဝါရင့်တစ်ဦးအနေနဲ့ကိုယ့် ပရိသတ်ကို အလှအပတွေ၊ သရုပ်ဆောင်မှုတွေအပြင် ဘာတွေနဲ့ ဆွဲဆောင်ရပါသလဲ။

ကိုယ့်ဘက်က ပရိသတ်ကို တင်ပြတဲ့အခါပေါ့ပေါ့လျော့လျော့မလုပ်ချင်တဲ့စိတ်ရယ်၊စေတနာလည်းပါမယ်။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကိုအကောင်းဆုံးလည်း ဖြစ်ချင်တယ်။ အဲဒီအချက်တွေနဲ့ပဲခုချိန်ထိအူဝဲကြိုးစား နေရတုန်းပဲ။ နောက်တစ်ခုကအရည်အချင်းရှိဖို့လိုတယ်။ပရိသတ်ကိုတင်ပြတဲ့အခါအက်တင်ပိုင်းတင်မက ကြိုတင်ပြင်ဆင်မှုကလည်းလိုတယ်။ အ၀တ်အစားကိုလည်း ပြီးပြီးရောမလုပ်ဘူး။ ပရိသတ်ကကိုယ့်ကိုချစ် လို့ကြည့်တယ်၊အားပေးတဲ့အပေါ်မှာကိုယ့်ဘက်ကလည်းတန်ဖိုးထားတဲ့အနေနဲ့ အတတ်နိုင်ဆုံး၊အကောင်း ဆုံး ပြန်ပြီးပေးဆပ်ချင်တယ်။

“ရှော့ရှိတဲ့အချစ်များ”မှာ အူဝဲလုပ်တဲ့ ဟာသအက်တင်လေးတွေက ပေါက်တယ်နော်။ ဟာသမှာလှုပ်ရှား မှုလေးနဲ့လုပ်ဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲ။

ဇာတ်ဝင်ခန်းကို သေချာလေ့လာပြီး ကိုယ်ပြောမယ့် ဒိုင်ယာလော့ခ်တွေ၊Plotတွေကိုသိပြီးသဘာဝနဲ့အနီး စပ်ဆုံးတူအောင် အူဝဲတို့က သရုပ်ဆောင်ရပါတယ်။ ရုပ်ရှင်ဆိုတာက တကယ်မဟုတ်တဲ့ဟာကိုတကယ် ဟုတ်အောင် လုပ်ယူရတဲ့အခါ သဘာဝနဲ့နီးစပ်အောင်ပဲ လုပ်တယ်။ ဟာသဆိုလည်း Plotနဲ့လိုက်ဖက်တဲ့ Action(လှုပ်ရှားမှု)လေးတွေထည့်ပြီးသရုပ်ဆောင်ပါတယ်။ ဟာသကActionပါရင်ပိုပြီးကောင်းလာတော့ ကိုယ်မြင်ဖူး၊ လေ့လာဖူးတာလေးတွေနဲ့ တွဲစပ်ပြီးလုပ်ပါတယ်။

ဟာသကို အကယ်ဒမီ ပေးလာတော့ အူဝဲတို့အတွက် ဇာတ်ကားရွေးချယ်မှုမှာ အရင်ကထက်ပိုပြီးလမ်း ပွင့်လာပြီလို့ ဆိုနိုင်မလား။

ဟာသဇာတ်ရုပ်လုပ်တိုင်းတော့ မရနိုင်ပါဘူး။ ဇာတ်ကောင်ပီပြင်တဲ့သူမှ ရနိုင်မှာပါ။ အကယ်ဒမီရယ်မှမ ဟုတ်ပါဘူး။ ဇာတ်ကောင်နေရာကိုကောင်းအောင်၊လုပ်လို့ကောင်းမယ့်ဇာတ်ကောင်ဆိုရင်တော့ဟာသ၊ ဒရာမာမရွေး လက်ခံခဲ့တာပဲ။

ဒီနှစ်ထဲရုံတင်မယ့် အူဝဲဇာတ်ကားတွေထဲမှာ ဘယ်ဇာတ်ကားကို စိတ်ကျေနပ်မှုရှိပါသလဲ။

“ကြိုးကြာတောင်ပံခတ်သံ”ကတော့ပြန်တော့မကြည့်ရသေးဘူး။ရိုက်တုန်းကတော့တော်တော်လေးအား ရပါတယ်။ ဒါပေမဲ့ ပြန်ကြည့်ရင် လိုနေတာတွေ၊ ပိုနေတာတွေ ဖြစ်တတ်တယ်လေ။

အူဝဲ အမြဲတမ်း တသသပြန်တွေးဖြစ်ပြီး သတိရတဲ့ ဇာတ်ကောင်မျိုး ရှိပါသလား။

“အချစ်သည်လေပြေ”ဇာတ်ကားထဲက “လေပြေ”ဇာတ်ကောင်ပါ။ ပရိသတ်တွေကလည်း ဒီကားနဲ့ အူဝဲကို အကယ်ဒမီ ရစေချင်ခဲ့တာ၊ အဲဒါလေးက အမှတ်တရပါ။ နောက်တစ်ခုက အဲဒီဇာတ်ကောင်မျိုးကို ခုချိန်မှာ ပြန်ရိုက်ဆိုရင် မရိုက်တော့ဘူး။ ရိုက်လို့လည်း မရတော့ဘူး။ သူ့အချိန်နဲ့ သူ့အရွယ်နဲ့ လိုက်ဖက်သွားတဲ့အ တွက် အူဝဲရဲ့ အမှတ်တရ ဇာတ်ကောင်လေးလို့ ပြောလို့ရပါတယ်။
1. 2. 3.

0 comments: