ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Thursday, March 4, 2010

Microsoft မှ Windows 7 Activation Crack များကို တားဆီးရန်ကြိုးပမ်း

မကြာမီကာလအတွင်း Microsoft မှ Windows 7 အသုံးပြုသူများအတွက် update များထုတ်ပေးမည်ဖြစ်ပြီး ၎င်း update များဟာ activation crack များ တရားမ၀င်ကူးယူအသုံးပြုခြင်းအား တားဆီးကာကွယ်ပေး နိုင် ကြောင်း သိရှိရပါတယ်။
Microsoft မှပြောကြားချက်အရတရားမ၀င်အသုံးပြုလျက်ရှိသောactivationcrack ပေါင်း၇၀ကျော်ရှိကြောင်း သိရှိရပါတယ်။ Microsoft ၏ update ဟာ Windows Activation Technologies (WAT) ဖြစ်ပြီး ယခင်က တော့ Windows Genuine Advantage (WGA) ဟုလူသိများလှပါတယ်။ ထို update ဟာ Windows 7 Home Premium, Professional, Ultimate နှင့် Enterprise အသုံးပြုသူများအတွက်ဖြစ်ပြီး၎င်းဟာတရား မ၀င် Activate ပြုလုပ်ခြင်းအား ဖော်ထုတ်ပေးနိုင်ကြောင်းသိရှိရပါတယ်။ ယခင် ၂၀၀၆ ခုနှစ်မှာလည်း Microsoft မှ Windows XP အသုံးပြုသူများထံသို့ WGA update ပေးပို့ခဲ့ပြီး၎င်းဟာလုံခြုံရေးဆိုင်ရာအလွန် ကောင်းမွန်သော update တစ်ခုလည်းဖြစ်ပါတယ်။ Microsoft ၏ update ကြောင့် တရားမ၀င်activate ပြု လုပ်ခြင်းနှင့် Keyခိုးယူသုံးစွဲခြင်းတို့ကိုကာကွယ်နိုင်ပြီးWindows 7ကူးယူအသုံးပြုခြင်းကိုလည်းကာကွယ်နိုင် ကြောင်း သိရှိရပါတယ်။
1. 2. 3.

0 comments: