ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Thursday, May 20, 2010

နယ်ခြားစောင့်တပ်မှပြည်သူပိုင်ပစ္စည်းများ မတရားဖျက်ဆီး၍ခေါင်းရှောင်

ကရင်နီပြည် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အခြေစိုက်ထားသော နယ်ခြားစောင့်တပ်သည် ရွာသား ပိုင် မော်တော်ဆိုင်ကယ်အား မတရားအသုံးပြုဖျက်ဆီးခဲ့ပြီး လျှော်ကြေးမပေးဘဲ ခေါင်းရှောင်နေသည်ဟု ရွာ သားများကပြောသည်။
နယ်ခြားစောင့်တပ်သားတဦးမှ မိုဆိုကျေးရွာသားပိုင်ဆိုင်သော ဆိုင်ကယ်အား အတင်းအဓ္ဓမယူစီး၍ပျက် ဆီးခဲ့ခြင်းဖြစ်သည်။

"သူတို့ (နယ်ခြားစောင့်တပ်) အဖွဲ့ထဲကတစ်ဦးက သူ့(ဆိုင်ကယ်ပိုင်ရှင်)ဆိုင်ကယ်ကို အတင်းတောင်းပြီး ဖရူ ဆိုဆင်းသွားတယ်လေ။ ပြန်လာတယ်။ ဆိုင်ကယ်ဒူးကာတွေ ဆိုင်ကယ်ခေါင်းတွေကွဲကုန်တယ်။ အယော် ပြန်တောင်းတယ်။ ဒါပေမဲ့အခုထိထိတော့မပေးသေးဘူး။ ၂ရက်အတွင်းပြန်ပြင်ပေးမယ်ပြောတယ်။ အခု ၁ လကျော်သွားပြီ။ ပြန်မပြင်ပေးသေးဘူး။ လုပ်ပျက်တဲ့ တစ်ယောက်လည်း ထွက်ပြေးသွားပြီ။ သူတို့အကြီး အကဲတွေလည်း သူတို့နဲ့မဆိုင်သလို ပဲနေလိုက်တယ်။ ဆိုင်ကယ်ယိုးဒယားဟာ ဆိုတော့ဈေးကြီးကြီးနဲ့ပေး ၀ယ်ရတယ်လေ။"ဟု အဖြစ်ပျက်အားမြင်တွေ့ထားသောရွာသားတဦးကပြောပြသည်။
 အပစ်ရပ် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကလလတအဖွဲ့မှ အင်အား ၇၀၀ခန့်ဖြင့် ပြီး ခဲ့သည့် ၂၀၀၉နိုဝင်ဘာလ ၈ရက်နေ့တွင် မြန်မာစစ်အစိုးရမှ ချမှတ်ပေးထားသော နယ်ခြားစောင့်တပ်အ ဖြစ်သဘောတူလက်ခံခဲ့ကြသည်။ ကရင်နီပြည်တွင် နယ်ခြားစောင့်တပ်အမှတ် ၁၀၀၄အား မယ်စဲ့မြို့နယ် ပန်တုန်းကျေးရွာအနီးတွင် အခြေစိုက်ထားစေပြီး၊ အမှတ် ၁၀၀၅အား ရွာသစ်မြို့အနီးရှိ ပန်ဆန်းလဲစခန်း တွင်အခြေစိုက်လျက်ရှိသည်။
မူရင်း(http://www.ktimes.org/news/regional/item/556-)

မိုဆိုကျေးရွာအနီးအခြေစိုက်ထားသော နယ်ခြားစောင့်တပ်များသည် အမှတ် ၁၀၀၅မှအဖွဲ့ခွဲများဖြစ်သည်။ ၎င်းတို့သည် မိုဆိုကျေးရွာမှ ရွာသားများပိုင်ဆိုင်သော ပစ္စည်းများကိုပိုင်ရှင်ဆန္ဒမပါဘဲအသုံးပြုနေကြသည့်အပြင် ဈေးဆိုင်များ၌ယူထားသည့်အကျွေးများကိုလဲမပေးဘဲနေလျက်ရှိသည်ဟု ဖရူဆိုမြို့မှဆိုင်ရှင်တဦးကပြောသည်။
1. 2. 3.

0 comments: