ရန်ကုန်၊ ကော်ဖီဆိုင်အတွင်းတွင် လေ အေးပေးစက်အကူအညီဖြင့် ပြင်ပမှအပူဒဏ်ကို အကာအကွယ် ယူ ထားသောကြောင့် သီးခြားကမ္ဘာလေးတစ်ခု လိုဖြစ်နေပါသည်။ ဆိုင်လေးအတွင်းမှ လူသုံးဦးသည် အအေး ခွက်များကိုကြည့်ရင်း ဘာလုပ်ရင်ကောင်းမလဲဆို သည့်အတွေးကိုယ်စီဖြင့်ငြိမ်သက်နေပါသည်။ လတ်တ လော လစာနှုန်းထား အပြောင်းအလဲအတွက် သူတို့သုံးဦး ခေါင်းချင်းဆိုင်နေခြင်းဖြစ်သည်။
ထိုအပြောင်းအရွှေ့အပေါ်စဉ်း စားနေစဉ် စကားလုံးမိုင်းစတင်ခွဲလိုက် သူက သင်္ဘောအရာရှိတစ်ဦးဖြစ်သူ ကိုနေမျိုးလွင်(အမည်လွှဲ) "နေရာတိုင်း မှာ အားသာချက်၊ အားနည်းချက်က တော့ရှိတာပဲ။ လစာကတော့ အပြင် လိုင်းတွေနဲ့ယှဉ်ရင်တော့ ကွာတာပေါ့။ နှစ်၊ လပိုင်းလောက်ဆိုရင် ငွေကွာတာ သိပ်မသိသာပေမယ့် ရေရှည်တွက်ရင် အရမ်းသိသာတယ်။ ကမ်းရိုးတန်း သင်္ဘောဆိုတော်တော်ကွာသွားတယ်။ ရာထူးချင်းတူ တယ်။ လုပ်ရတာချင်းလဲ တူပေမယ့် လစာကျတော့ ကွာသွား တယ်။ အဲဒီကျတော့ အပြင်လိုင်းတွေ ကို ထွက်ချင်ကြတယ်။ အပြင်ကုမ္ပဏီ တွေက လစာပိုများတယ်လေ။ အပြင်ကုမ္ပဏီအတိုင်းပဲ ဖြစ်စေချင်တယ်" ဟု စကားလုံးဖြင့် ဖြိုခွဲလိုက်သည်။
မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ် ငန်းမှကုမ္ပဏီလုပ်ငန်းအသွင်ကူးပြောင်း ၍ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြုပြင်မှုများပြုလုပ်သွားမည်ဖြစ်သကဲ့ သို့ နိုင်ငံတကာ သင်္ဘောလိုင်း များ၏လစာနှင့်အညီ နိုင်ငံခြားသွားသင်္ဘော လိုင်းများပေါ်တွင်တာဝန်ထမ်းဆောင်သည့်သင်္ဘောသားများ ကို နိုင်ငံခြားငွေဖြင့် လစာတိုးမြှင့်ပေးမည့်အပြင် ကမ်းရိုးတန်းသွားသင်္ဘောသားများအား လက်ရှိကမ်းရိုးတန်း သွားကုမ္ပဏီသင်္ဘောများရှိ သင်္ဘောဝန်ထမ်းများ၏ လစာထက်တိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ သင်္ဘောဝန် ထမ်းများခန့်ထားရာတွင် ခြောက်လ၊ တစ်နှစ် တာဝန်ထမ်းဆောင် ရန်စာချုပ်စနစ်ခန့်ထားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်ကို ရည်ရွယ် ပြောကြားလိုက်ခြင်းဖြစ်သည်။
မူရင်း(http://yangonmedia.com/news/news_detail.asp?nid=2087)
1.
2.
3.
0 comments:
Post a Comment