တောင်ဥက္ကလာ (၄) ရပ်ကွက် ကေတုမာလာရိပ်သာ အနောက် (၃) လမ်း အမှတ်၅ (က) နေအိမ်မှ ကား များ (၉) နာရီခွဲတွင် ရေဝေး သုဿာန်သို့ စတင်ထွက်ခွာပါသည်။ ပထမဦးဆုံးမိသာစုမှ ဂါရ၀ပြုပြီးနောက် ကြွ ရောက်လာတဲ့ သံတမန် များနိုင်ငံရေးလုပ်ဖော်ကိုင်ဖက် များ ဧည့်ပရိတ်သတ်များမှ ဂါရ၀ပြုပါတယ်။
ထို့နောက် အခမ်းအနားအစီအစဉ်ဖြင့် ကျင်းပရာ အစီအစဉ် ၁ အရ မိသားစုမှ နောက်ဆုံး ဂါရ၀ပြုခြင်း၊ အစီ အစဉ် ၂ အရ တောင်ဥက္ကလာ မှ မြို့နယ်စည်းမှာ အဖွဲ့ချုပ်အဖွဲ့ဝင်များမှ နောက်ဆုံးအကြိမ် ဂါရ၀ပြုခြင်း၊ အစီအစဉ် ၃ အရ သံဝေဂကထာ ဖတ်ခြင်း (ဘဘ ဦးတင်ဦးမှ ဖတ်ကြားပါသည်) အစီအစဉ် ၄ အရ သခင်စိုးမြင့် ၏ အထ္ထုပ္ပတ္တိနှင့် လုပ်ဆောင်ချက်များ ဂုဏ်ရည်များကို ဖတ် ကြားခြင်း(တာမွေမြို့နယ်လွှတ် တော် ကိုယ်စားလှယ် ဦးလှသိန်းမှ ဖတ်ကြားပါသည်) အစီအစဉ် ၅ အရ သခင်စိုးမြင့်သည် တို့ဗမာအစည်း အရုံးဝင် သခင်တဦးဖြစ်သည့်အတွက် တို့ဗမာသီချင်းကို ကြွရောက်လာသူများက သံပြိုင်သီဆိုကာ အခမ်း အနားပြီးဆုံးပါတယ်။ (သခင်စိုးမြင့် သားမှ ဦးဆောင် သီဆို)။
ထို့နောက် ကြေးစည်၊ သခင်စိုးမြင့်ရဲ့ဓာတ်ပုံ၊ လွမ်းသူပန်းခြင်း၊ ပန်းခွေများကို သားသမီးမြေးမြစ်များနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များက အစဉ် လိုက်ကိုင်ဆောင်ပြီး နောက်ဆုံးတွင် သခင်စိုးမြင့်၏ ခေါင်းတလားကို အဖွဲ့ချုပ် လူငယ်များက ထမ်းဆောင်၍မီးသင်္ဂြိုလ်စက်သို့ ပို့ ဆောင် သင်္ဂြိုလ်ပါတယ်။ သခင်စိုးမြင်ရဲ့ ဈာပနသို့ မိသား စုဝင်များ နိုင်ငံခြားသံတမန်များ (အမေရိကန်၊ ဗြိတိသျှ၊သြစတေးလျ) ဝါရင့် နိုင်ငံရေးသမားများ အဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း အပါအဝင် အဖွဲ့ချုပ်အဖွဲ့ဝင်များ ဆွေမျိုး မိတ် သင်္ဂဟများမှ လိုက်ပါပို့ဆောင်ကြပါသည်။ နေ့လည် ၁၁ နာရီတွင် ဈာပနအခမ်းအနား ပြီးဆုံးပါသည်။
မူရင်း(http://www.naytthit.com/newsphptos/2010/may10/usoemyint-may22.html)
1.
2.
3.
0 comments:
Post a Comment