စစ်ဘက်ရေးရာလုံခြုံရေးက ခေါ်ယူစစ်ဆေးခဲ့သော ကချင်အတိုင်ပင်ခံအဖွဲ့ ဒုတိယ အတွင်းရေးမှူး ဦးလဘန် ဂမ်အောင်သည် အင်္ဂါနေ့က ပြန်လည်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတဦးက ပြောသည်။ အသက် ၄ဝနှစ်ရှိ ဦးလဘန်ဂမ်အောင်ကို ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်အောက်ရှိ စရဖရုံး၌ တရက်နီးပါးစစ်ဆေးပြီး လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
မြစ်ဆုံဆည်စီမံကိန်းတွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မေးမြန်းခြင်းဖြစ်သည်ဟု ယုံကြည်ရပြီး ပြည်သူ့စစ် အ သွင်ကို ပြောင်းလိုက်သော ကချင်အဖွဲ့ငယ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ က အာမခံပေးခဲ့သည်ဟု စုံစမ်း သိရှိရသည်။ ဦးလဆန်အောင်ဝါ၏ စီးပွားရေးကုမ္ပဏီတခုတွင် ဦးလဘန်ဂမ်အောင်က ဝန်ထမ်းတဦး ဖြစ် သည်ဟု သိရသည်။
ကချင်လူမျိုးတို့၏ နိုင်ငံရေးရာကို ညှိနှိုင်းဆွေးနွေးရန် ဖွဲ့စည်းထားသော အဖွဲ့ဝင် ၅ဝ ပါ ကချင်အတိုင်ပင်ခံ အဖွဲ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရေးခေါင်းဆောင်များပါဝင်သည်။
အသက် ၄ဝ အရွယ် ဦးလဘန်ဂမ်အောင်ကို ယခုလ ၂၄ ရက်နေ့ ည သန်းခေါင်ယံချိန်တွင် မြစ်ကြီးနားမြို့ အင်ဂျန်းဒုံကျေးရွာရှိ နေအိမ်၌ စစ်သားနှင့် ရဲများက ဖမ်းဆီးခဲ့သည်။
ဗုံးကွဲမှုများဖြစ်ပြီးနောက် ဖမ်းဆီးထားသူ ကချင်လူငယ် ၇ဝ ကျော်ရှိနေသေးသည်။
̓ဧပြီလ ၁၇ ရက်နေ့က မေခ-မလိခ မြစ်ဆုံရာအနီး တရုတ်နှင့် မြန်မာတို့အကျိုးတူ ရေကာတာစီမံကိန်းတွင်း ဗုံး ၁ဝ လုံးပေါက်ကွဲရာ တရုတ်လုပ်သားတဦး ဒဏ်ရာရသွားသည်။
0 comments:
Post a Comment