ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Thursday, May 27, 2010

အမေရိကန်အမတ် မြန်မာနိုင်ငံ ထပ်သွားမည်


မစ္စတာ ဂျင်ဝက်ဘ်
အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ အာရှနှင့်ပစိ ဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာဂျင်မ်ဝက်ဘ်သည် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု ၎င်း၏ရုံးမှ ယနေ့ထုတ်ပြန်ပြောဆိုကြောင်း အေပီသတင်းတွင် ဖော်ပြသည်။လာမည့်ဇွန် (၄)ရက်တွင် စတင် မည့် ၎င်း၏ (၃) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မစ္စတာဝက်ဘ်အနေဖြင့် မြန်မာစစ်အစိုးရအား ဖိအားပေး ပြောဆိုနိုင်သည်ဟုလည်း သတင်းတွင်ဖော်ပြ ထားသည်။


တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံအပါအ၀င် အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်ဟု သိရသည်။

တောင်ကိုရီးယား စစ်သင်္ဘောကို မြောက်ကိုရီးယားက တော်ပီဒိုနှင့်တိုက်ခိုက်ခဲ့ခြင်း၊ ထိုင်းနိုင်ငံတွင် ပြင်းထန် သည့်ဆန္ဒပြမှုများ ဖြစ်ပွားနေခြင်း၊ မြန်မာနိုင်ငံတွင် စစ်အစိုးရ ပြုလုပ်မည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ မ ကျေနပ်မှုများရှိနေခြင်း စသည့်ဒေသတွင်း မငြိမ်သက်မှုများ ဖြစ်ပေါ်နေချိန်တွင် ယခုကဲ့သို့ အမေရိကန် အ ထက်လွှတ်တော်အမတ်၏ ခရီးစဉ်ကို ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

ယခု မစ္စတာဂျင်မ်ဝက်ဘ်၏ ခရီးစဉ်သည် မြန်မာနိုင်ငံသို့ (၂) နှစ်ခန့်ကာလအတွင် ဒုတိယအကြိမ်လာ ရောက်မည့် ခရီးစဉ်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လထဲတွင်မစ္စတာဝက်ဘ်သည် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး မြန်မာနအဖခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံရာတွင် အဓိကအချက်သုံးချက်ကို တောင်းဆိုခဲ့ကြောင်း၊ လူသားချင်း စာနာထောက်ထားသည့်အနေဖြင့် မစ္စတာယက်တောအား ပြန်လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခွင့်ပေးရန်တို့ဖြစ် ကြောင်း မစ္စတာဝက်ဘ်က ပြောကြားခဲ့သည်။

ထိုပထမ ခရီးစဉ်အပြီးတွင် အမေရိကန်လွှတ်တော်အမတ် မစ္စတာဝက်ဘ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့မှုနှင့် ထောင် (၇) နှစ်ချမှတ်ခံရသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်တောအား ၎င်းနှင့်အတူ တပါတည်း ခေါ်ဆောင်သွားနိုင်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်သည်လည်း ယခုလ (၁၀) ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နအဖစစ် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သည်။ 

Bookmark and Share 1. 2. 3.

0 comments: