ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Wednesday, June 2, 2010

စင်င်္ကာပူပုဂ္ဂလိကကျောင်းများကို အစိုးရကဥပဒေများဖြင့်ချုပ်ကိုင်လာ


စင်ကာပူတွင် ပုဂ္ဂလိကပိုင်ကျောင်းများကို အစိုးရမှ တင်းကျပ်သောစည်း မျဉ်းစည်းကမ်းများထုတ်၍ဖယ်ရှား ရှင်းလင်းနေရာ လက်ရှိပုဂ္ဂလိကကျောင်း ထက်ဝက်နီးပါးခန့် ထိခိုက်ကြမည်ဖြစ်သည်။ပြဋ္ဌာန်းဥပဒေ ဘုတ် အသစ်ဖြစ်သော ကိုယ်ပိုင်ပညာရေး ကောင်စီ CPE အရ ကိုယ်ပိုင်ကျောင်း ၁၀၀၀ရှိရာ ၄၀၀ခန့်မှာ ပိတ်ကြ ရမည့်အခြေအနေရောက် သွားကြောင်း သိရသည်။

 ကျောင်းငယ်များမှာ ကျောင်းကြီးများနှင့်ပေါင်းလျှင်ပေါင်း သို့မ ဟုတ် ကုမ္ပဏီတစ်ခုတည်းမှ ကျောင်း အချင်း ချင်းပေါင်း သို့မဟုတ် ပိတ်ရုံသာရှိတော့သည်။ ထိုကဲ့သို့ပြောင်းလဲသွားခြင်းမှာ ပြီးခဲ့သောနှစ်ကုန်ပိုင်းက အစိုး ရမှတင်သွင်းခဲ့သော ကိုယ်ပိုင် ပညာရေးဥပဒေကြမ်းကြောင့်ဖြစ်သည်ဟု CPE က ယုံကြည်ထားသည်။

ထိုကိုယ်ပိုင်ပညာရေးကဏ္ဍတွင် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ မကျေနပ်သော တိုင်ကြားစာ များ၊ တစ်ခါတစ်ရံကျောင်းများရုတ်တရက်ပိတ်လိုက်သည့် ဖြစ်ရပ်များနှင့် စာသင်ကြားပေးမှုများကြောင့် အ စိုးရမှ ၀င်ရောက်ဖြေရှင်းရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

CPE ၏ပထမခြေလှမ်းမှာ ကိုယ်ပိုင်ကျောင်းများမှတ်ပုံတင်ခြင်း လုပ်ငန်းကိုအစပြုမည်ဖြစ်သည်။ ပြီးခဲ့သော ပညာရေးအက်ဥပဒေအောက်တွင်ရှိကြ သော ကျောင်းများသည် လာမည့်နှစ် ဇွန်လအထိ အစီအစဉ်သစ် တွင် လက်မှတ်ရေးထိုးကြရမည်ဖြစ်သည်။ကိုယ်ပိုင်တက္ကသိုလ်များ၊ ကူးသန်းရောင်းဝယ် ရေးကျောင်းများနှင့် အပြည်ပြည်ဆိုင်ရာကျောင်းများ အကျုံးဝင်သည်။ အခြားသော ကျောင်းအားလုံး ဖေဖော်ဝါရီမှစ၍ CPE တွင် မှတ်ပုံတင်ကြရမည်ဖြစ်သည်။

Bookmark and Share 1. 2. 3.

0 comments: