ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Wednesday, June 2, 2010

ကမ္ဘာ့အကြီးမားဆုံးလေသင်္ဘောကြီး ပထမဦးဆုံးအကြိမ် ပျံသန်းမှုပြုတော့မည်


ဟိုက်ဒင်ဘတ်ဘေးဒုက္ခကြောင့် လေသင်္ဘောရွှေခေတ်အဆုံးသတ်ခဲ့ပြီး နှစ်ပေါင်း ၇၀အကြာတွင် ကမ္ဘာ့အ ကြီးမားဆုံး လေသွင်းနိုင်သောယာဉ်ကြီးက နောက်တစ် ကြိမ် ကောင်းကင်ယံထက်သို့ ပျံတက်နိုင်တော့မည် ဖြစ်ကြောင်းသိရသည်။ ထိုလေသင်္ဘောကြီး၏အမည်မှာ Bullet 580ဖြစ်ပြီး ပေပေါင်း၂၃၅ပေရှည်၍ အချင်း ၆၅ပေရှိသော လေသင်္ဘောကြီးဖြစ်သည်။ Bullet 580 လေသင်္ဘောကြီးသည် ၀န်အလေးချိန်ပေါင်၂၀၀၀ တင်ဆောင်နိုင်၍ အမြင့်ပေ၂၀၀၀၀အထိ တက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

 Bullet 580အား အလာဘားမားရှိ Garret Coliseum အတွင်းတွင် လေဖြည့်သွင်းခဲ့ခြင်းဖြစ်သည်။ E-Green Techno-logies ကုမ္ပဏီ၏အမှုဆောင်အကြီးအကဲ မိုက်လော်ဆန်၏အဆိုအရ လေသင်္ဘောကြီး မှာ သဘာဝရှုခင်းများကို အချိန်ယူကြည့်ရှုနိုင်မည်ဖြစ်သကဲ့သို့ ကုန်ပစ္စည်းအမြောက်အမြားကို တင်ဆောင် နိုင်မည် ဖြစ်သည့်အပြင် အမြင့် ပေ ၂၀၀၀၀အထိ ပျံသန်းနိုင်မည်ဟုဆိုသည်။

လေသင်္ဘောအား လေထဲသို့မတင် ရန်အတွက် ဟီလီယံဓာတ်ငွေ့များဖြည့်သွင်းထားသော အိတ်ခုနစ်အိတ် အသုံးပြုသည့် စနစ်ဖြင့်စီမံထားခြင်းဖြစ်သည်။ ၁၉၂၀နှင့် ၁၉၃၀ပြည့်နှစ်လောက်က ဟီလီယံဓာတ်ငွေ့ အ သုံးပြုခြင်းမှာ အလွန်ကုန်ကျစရိတ်မြင့်မားသည့်အတွက် ထိုအချိန်က လေသင်္ဘောများတွင် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကိုသာ အသုံး ပြုခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Bullet 580 သည် တစ်နာရီလျှင် မိုင် ၈၀နှုန်းဖြင့် သွားလာနိုင်ပြီး တည့်တည့် မတ်မတ်ပျံတက်နိုင်ခြင်း၊ ဆင်း သက်နိုင်ခြင်း ပြုနိုင်မည်ဖြစ်သည်။ လေသင်္ဘောမှာ တစ်နေ ရာတည်းတွင် ရက်သတ္တပတ်တစ်ပတ်ကြာမျှ ၀ဲ လှည့်ပျံသန်းနိုင်မည်ဖြစ်ပြီး မက္ကဆီကို ပင်လယ်ကွေ့ရေနံယိုစိမ့်မှုနှင့် ဆိုမာလီယာပင်လယ်ကွေ့မှ ပင်လယ် ဓားပြများအား စောင့်ကြည့်စစ်ဆေးနိုင်မည်ဖြစ်သည်။ ထို့ပြင် ဒုံး ကျည်ကာကွယ်ရေးသတိပေးမှု၊ ရာသီဥတု စောင့်ကြည့်စစ်ဆေးမှုနှင့် ဘူမိဗေဒဆိုင်ရာလေ့လာဆန်းစစ်ရာတွင် အသုံးတည့်မည်ဖြစ်ကြောင်းသိရသည်။

Bullet580၏ပထမဦးဆုံးစမ်းသပ်ပျံသန်းမှုအားယခုနှစ်နွေရာသီတွင်ပြုလုပ်ရန်စီစဉ်ထားပြီး လေသင်္ဘောကို မောင်းနှင်မည့် လေယာဉ်မှူးမှာ ၁၉၈၆ခုနှစ်ကတည်း က Bullet ထက်ငယ်ရွယ်သောလေသင်္ဘောများအား မောင်းနှင်လာခဲ့သည့် ကပ္ပတိန်အလန်ဂျပ်ဖြစ်ကြောင်း သိရသည်။

Bookmark and Share 1. 2. 3.

0 comments: