မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးသည် ပြည်တွင်း၌ကူးစက်မှုများရှိလာနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ဗီဇပြောင်းကိုဗစ်ပိုးသစ် အိုမီခရွန်ရောဂါပိုးကို ၂၀၂၁ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၄ ဦးတွင် စတင်တွေ့ရှိခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်းတွင် ပြည်တွင်း၌လည်း ပိုးတွေ့ရှိမှုများရှိလာနေသည်ဟု သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း အိုမီခရွန်ရောဂါပိုးအား တမူးမြို့တွင် ၄၈ ဦး၊ ကလေးမြို့တွင် ၂၀ ဦး၊ ထပ်မံကူးစက်ခံရသူ ၃ ဦးနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး၊ စုစုပေါင်း ၇၂ ဦးတို့ထံတွင် တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၄င်းတို့နှင့်အနီးကပ်ထိတွေ့သူများကို အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ အထူးအားဖြည့်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အိုမီခရွန်ပိုးကူးစက်ခံရသူသည် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများနှင့် ပြည်တွင်းမှကူးစက်ခံရသည့်ဦးရေစုစုပေါင်း ၂၈၃ ဦးအထိရှိလာပြီဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
ရခိုင်ပြည်နယ်အတွင်းတွင်မူ အိုမီခရွန်ရောဂါပိုးကူးစက်ခံရမှုမရှိသေးကြောင်း သိရသည်။
ကိုဗစ်မျိုးကွဲဖြစ်သည့် အိုမီခရွန်ရောဂါပိုးကူးစက်ခံရပါက ရောဂါလက္ခဏာသည် အဓိကအသက်ရှုလမ်းကြောင်းနှင့်သက်ဆိုင်သည့် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အဖျားရှိခြင်း၊ နွမ်းနယ်ခြင်း၊ ဖျားနာခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် အနံ့ပုံမှန်မရခြင်းတို့ဖြစ်တတ်ကြောင်း သိရသည်။
အိုမီခရွန်ပိုးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအစောပိုင်းက တောင်အာဖရိကနိုင်ငံတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/151742128171206/posts/5162286157116753/
------------------------------------
Zawgyi -
ျမန္မာတြင္ အိုမီခရြန္ေရာဂါပိုး ျပည္တြင္း၌ကူးစက္မႈရွိ
ျမန္မာနိုင္ငံတြင္ အိုမီခရြန္ေရာဂါပိုးသည္ ျပည္တြင္း၌ကူးစက္မႈမ်ားရွိလာေနသည္ဟု က်န္းမာေရးဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာနိုင္ငံတြင္ ဗီဇေျပာင္းကိုဗစ္ပိုးသစ္ အိုမီခရြန္ေရာဂါပိုးကို ၂၀၂၁ ဒီဇင္ဘာ ၂၈ ရက္ေန႔တြင္ ျပည္ပမွျပန္လည္ဝင္ေရာက္လာသူ ၄ ဦးတြင္ စတင္ေတြ႕ရွိခဲ့ၿပီးေနာက္ ယခုရက္ပုိင္းအတြင္းတြင္ ျပည္တြင္း၌လည္း ပုိးေတြ႕ရွိမႈမ်ားရွိလာေနသည္ဟု သိရသည္။
ယမန္ေန႔ ဇန္နဝါရီ ၂၈ ရက္ေန႔ကလည္း အိုမီခရြန္ေရာဂါပိုးအား တမူးၿမိဳ႕တြင္ ၄၈ ဦး၊ ကေလးၿမိဳ႕တြင္ ၂၀ ဦး၊ ထပ္မံကူးစက္ခံရသူ ၃ ဦးႏွင့္ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၁ ဦး၊ စုစုေပါင္း ၇၂ ဦးတို႔ထံတြင္ ေတြ႕ရွိခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
၄င္းတုိ႔ႏွင့္အနီးကပ္ထိေတြ႕သူမ်ားကို အသြားအလာကန႔္သတ္ျခင္းႏွင့္ ဓာတ္ခြဲစမ္းသပ္စစ္ေဆးမႈမ်ား အထူးအားျဖည့္ေဆာင္ရြက္လ်က္ရွိသည္ဟုလည္း ဆုိသည္။
လက္ရွိတြင္ ျမန္မာႏုိင္ငံအတြင္း အိုမီခရြန္ပိုးကူးစက္ခံရသူသည္ ျပည္ပမွျပန္လည္ဝင္ေရာက္လာသူမ်ားႏွင့္ ျပည္တြင္းမွကူးစက္ခံရသည့္ဦးေရစုစုေပါင္း ၂၈၃ ဦးအထိရွိလာၿပီဟု က်န္းမာေရးဝန္ႀကီးဌာန၏ထုတ္ျပန္ထားသည့္စာရင္းအရ သိရသည္။
ရခိုင္ျပည္နယ္အတြင္းတြင္မူ အိုမီခရြန္ေရာဂါပုိးကူးစက္ခံရမႈမရွိေသးေၾကာင္း သိရသည္။
ကိုဗစ္မ်ိဳးကြဲျဖစ္သည့္ အိုမီခရြန္ေရာဂါပုိးကူးစက္ခံရပါက ေရာဂါလကၡဏာသည္ အဓိကအသက္ရႈလမ္းေၾကာင္းႏွင့္သက္ဆိုင္သည့္ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ႏွာရည္ယိုျခင္း၊ ေခါင္းကိုက္ျခင္း၊ အသက္ရႉၾကပ္ျခင္း၊ အဖ်ားရွိျခင္း၊ ႏြမ္းနယ္ျခင္း၊ ဖ်ားနာျခင္း၊ နာက်င္ကိုက္ခဲျခင္းႏွင့္ အနံ႔ပုံမွန္မရျခင္းတို႔ျဖစ္တတ္ေၾကာင္း သိရသည္။
အိုမီခရြန္ပုိးကုိ ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလအေစာပုိင္းက ေတာင္အာဖရိကႏုိင္ငံတြင္ စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
https://www.facebook.com/151742128171206/posts/5162286157116753/
1.
2.
3.
0 comments:
Post a Comment