မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံး (MSRU) မှ စမ်းသပ်ထုတ်လုပ်ထားသော တာဝေးပစ် Mortar ဖြင့် ဇန်နဝါရီလ ၂၈ရက်နေ့ ည ၆နာရီ ခွဲတွင် ရေးမြို့နယ် ခမရ (၅၈၆) တပ်ရင်းအား နှစ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ဇန်နဝါရီလ ၂၈ရက်နေ့ ည ၁၀ နာရီဝန်းကျင် ခန့်တွင် ရန်ကုန် ထားဝယ် အာရှလမ်းမကြီး ပေါ်သို့ မောင်းနှင်လာသော ခလရ (၃၄၃) တပ်ရင်းမှ ကင်းလှည့် စစ်ကား တစ်စီးအား မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အစည်းအရုံး (MSRU) နှင့် Ye Special Task Force (YSTF) ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက် ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ထိတွေ့ တိုက်ပွဲငယ်ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီ ဘက်မှ ထိခိုက်မှုများ နှင့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး MSRU နှင့် YSTF ပူးပေါင်းအဖွဲ့ မှ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။
ည ၁၀ နာရီဝန်းကျင်ခန့်တွင် လည်း စစ်ကောင်စီ ခလရ (၃၄၃) တပ်ရင်း မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့သော်လည်း ပူးပေါင်းအဖွဲ့မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဟု MSRU က ထုတ်ပြန်ထားသည်။
https://www.facebook.com/202214196877820/posts/1395596567539571/
0 comments:
Post a Comment