ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
Showing posts with label ရထား နှစ်စီး တိုက်မိ၊ လူ ၅ ဦး သေဆုံး. Show all posts
Showing posts with label ရထား နှစ်စီး တိုက်မိ၊ လူ ၅ ဦး သေဆုံး. Show all posts

Monday, March 8, 2010

ရထား နှစ်စီး တိုက်မိ၊ လူ ၅ ဦး သေဆုံး

မန္တလေးတိုင်း သာစည်မြို့နယ်ရှိ ဟန်ဇားရွာ ဘူတာတွင် ကားရထားနှင့် လော်ကယ်ရထားတို့ ယမန်နေ့က တိုက်မိသဖြင့် လူ ၅ ဦး သေဆုံးပြီး၊ ၂၀ ဦးခန့် ဆေးရုံ တင်လိုက်ရကြောင်း သိရသည်။

ယမန်နေ့ နံနက် ၄ နာရီခွဲခန့်တွင် သာစည်မှ မန္တလေးသို့ ခုတ်မောင်းနေသည့် လော်ကယ်ရထား၏ နောက်ပိုင်းကို သာစည်တောင်ဘက် မိုင် ၂၀ ခန့်တွင် တည်ရှိသည့် ပျော်ဘွယ်ဘူတာမှ အရှိန်ပြင်းစွာ နောက်ပြန် ခုတ်မောင်းလာသည့် ကားရထားက ဝင်တိုက်မိခဲ့သောကြောင့် သေဆုံးဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။အပြည့်စုံသို့


1.