ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Monday, March 8, 2010

တပ်မတော် မှတ်တမ်းရုံး မီးလောင်

ရန်ကုန် (မဇ္ဈိမ)။     ။ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ဘောက်ထော်ရှိတပ်မတော်မှတ်တမ်းရုံးဝင်းရှိအဆောက် အအုံနှစ်လုံး ယခုလ ၆ ရက်နေ့ နေ့ခင်းပိုင်းတွင် မီးလောင်ခဲ့ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့ အဆိုအရသိရ သည်။

''မီးလောင်တာတော့ ပေါ့ဆမီးပါပဲ။ အဲဒီမှာက စစ်တပ်မိသားစုတွေပဲ နေတာလေ။ ဝန်ထမ်းအိမ်ယာလိုမျိုး ပေါ့။ အဆောက်အအုံ ဟောခန်းအကျယ်ကြီးထဲမှာ အခန်းတွေကန့်ပြီးတော့နေတာ။ မီးဖိုချောင်မှာမီးကျန် နေတာက စလောင်တာပါ။ မိသားစုတွေကတော့ များတယ်။ ဆယ်ဂဏန်းလောက်တော့ရှိတယ်''ရန်ကင်း မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျတဦးက ပြောသည်။

ရန်ကုန်တိုင်းဗဟိုမီးသတ်တပ်ဖွဲ့သို့ဆက်သွယ်မေးမြန်းရာတာဝန်ကျအရာရှိကမီးလောင်သည်မှာဟုတ်မှန် မှန်ကြောင်း ပြောဆိုသော်လည်း ဆုံးရှုံးမှုတန်ဖိုး မပြောဘဲ၊ အနည်းငယ်သာ မီးလောင်ခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါ မှတ်တမ်းရုံးရှိ မြဝတီ ရုပ်မြင်သံကြားဌာနခွဲမှ ဝန်ထမ်းတဦးအဆိုအရ မီးလောင်သဖြင့် ရန်ကုန်တိုင်း မီးသတ်ဌာနမှ ကားများ ရောက်ရှိလာကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ သတင်းမပြန့်ရန် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ပိတ်ပင်ထားကြောင်း သိရသည်။ 1. 2. 3.

0 comments: