ဆန်တတန်ကို အမေရိကန် ဒေါ်လာ ၃၉၅ ဖြင့် ၀ယ်ယူမည် ဖြစ်ပြီး စင်္ကာပူ အခြေစိုက် Indo-Sino Trade Pte ကုမ္ပဏီက မြန်မာ့ဆန်ကို တင်ပို့ရန်ကန်ထရိုက်ရသွားကြောင်း သိရသည်။ ယခုနှစ်အတွင်းမြန်မာနိုင်ငံ တွင်ဆန်အထွက်ကောင်းခဲ့သော်လည်း စပါးဈေးမရသဖြင့် တောင်သူလယ်သမားများ အခက်ကြုံနေရသည် ဟု သိရသည်။
ကျောက်ဖြူမြို့နယ်မှ လယ်သမား တဦးက ယခုနှစ်တွင် စပါး အထွက်ကောင်းခဲ့သော်လည်း ဆန်စပါး ဈေး မကောင်းသည့် အပြင် ရောင်းချရန် ဈေးကွက်လည်း မရှိသဖြင့် တောင်သူလယ်သမား အများစုမှာအ ဆင် မပြေ ဖြစ်နေရကြောင်း နိရဉ္စရာသို့ ပြောကြားခဲ့သည်။
ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့မှ ဆန်တန်ချိန် ၂၅၀၀၀ ၀ယ်ယူမည် သတင်းကို ကြိုဆိုကြောင်း ရခိုင်ဆန်ကုန် သည် အသင်းမှ တာဝန်ရှိသူ တဦးက ပြောကြားပြီး ရခိုင်ထွက် ဆန်များကို တင်ပို့ခွင့် ရမည်ဟုမျှော်လင့် ကြောင်း သူက ပြောကြားသည်။
ရခိုင်တွင်ဆန်စပါးဈေးမကောင်းသဖြင့်တချို့တောင်သူလယ်သမားများအနေဖြင့်မော်တော်ဘုတ်များဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ ဘင်္ဂလာဒေခ်ျ့ကို တင်ပို့ ရောင်းချ နေကြသည်ဟု သိရသည်။ 1. 2. 3.
0 comments:
Post a Comment