၂၀၁၀ ခုနှစ် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် အင်ဂျင်တီနားနှင့် ဘရာဇီးလ်ဘော်လုံး အသင်းအား အားပေးကြသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ကျေးရွာ နှစ်ရွာ တရွာနှင့် တရွာ တိုက်ခိုက်ကြသဖြင့် လူပေါင်း ၃၀ ဒဏ်ရာ ရရှိသွားကြောင်း ရဲအဖွဲ့က ထုတ်ဖေါ်ပြောကြားသည်။
ဒဏ်ရာ ရရှိသူများထဲတွင် ရဲသား (၅) ဦး ပါဝင်ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မူမှာ ပါဘနာခရိုင် ဘီရ မြို့နယ်ရှိ ချိတ်ပါရာ ကျေးရွာနှင့် ဒချိန်းပါရာ ကျေးရွာအကြား ယမန်နေ့ နံနက် ၁၀ နာရီတွင် စတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက် ကျေးရွာသားများသည် ချွန်ထက်သော တုတ်ဓါးများနှင့် အုတ်ခဲများဖြင့် တဘက်နှင့် တဘက်တိုက် ခိုက်ကြသည်ဟု ရဲအဖွဲ့က ပြောသည်။
တဘက်နှင့် တဘက် တိုက်ခိုက်မူကို ဟန့်တား၍ မရသဖြင့် ရဲအဖွဲ့က သေနတ် ၆ ချက်တိတိ မိုးပေါ် ပေါက် ခဲ့ရသည်ဟု သိရသည်။
ယခုအခါ ဒဏ်ရာရသူအများစုကို ဆေးရုံတင်ထားရပြီး တိုက်ခိုက်ရာတွင် ဦးဆောင်သူများကို ရဲအဖွဲ့က ဖမ်း ဆီးထားသည်။ ဆက်လက်ပြီး တိုက်ခိုက်မူများ ဖြစ်လာနိုင်သဖြင့် အဆိုပါ ကျေးရွာနှစ်ရွာတွင် ရဲသားများကို လုံခြုံရေးအတွက် ဖြန့်ကျက် ချထားရသည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ဘော်လုံးအားကစားထက် ခရီကစ်အားကစားကို ပရိသတ်က ပိုမိုနှစ်သက်ကြ သော်လည်း ကမ္ဘာ့ဖလားပွဲကိုမူ တနိုင်လုံး အတိုင်း အတာဖြင့် အုတ်အော်သောင်းနင်း အားပေးကြသည်။
ကိုယ်အားပေးရာ ဘော်လုံးအသင်း၏ တိုင်းပြည် အလံအား အိမ်တိုင်း အိမ်တိုင်းတွင် လွှင့်ထူပြီး အားပေးကြ သဖြင့် ကမ္ဘာ့ဘော်လုံးပွဲအတွင်း ကစားကြမည့် နိုင်ငံများ၏ အလံများမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအ၀န်း လေထဲ တွင် တလူလူ ၀ဲပျံလျှက်ရှိကြသည်။
ဘင်္ဂလာဒေခ်ျ့ပရိသတ် အထူးအားပေးသော နိုင်ငံများမှာ ဘရာဇီးလ်နှင့်အင်ဂျင်တီးနားအသင်းတို့ ဖြစ် ကြသည်။
မူရင်း(http://www.narinjara.com/detailsbur.asp?id=2507)
1.
2.
3.
မူရင်း(http://www.narinjara.com/detailsbur.asp?id=2507)
0 comments:
Post a Comment