ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Sunday, May 23, 2010

၂၀၁၀ရွေးကောက်ပွဲသပိတ်မှောက်ရန်အက်အက်အေ(တောင်)ကပြော

ပါတီကြီးတွေဖြစ်တဲ့ ၉၀အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်တို့ မပါ ၀င်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ရှမ်းပြည်တောင်ပိုင်း တပ်မတော်ခေါင်းဆောင် လည်း ဖြစ် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ရွက်ဆစ်က ပြောကြားလိုက်ပါ တယ်။ 

ဒီကနေ့ထိုင်းမြန်မာနယ်စပ် အက်အက်အေဌာနချုပ်စခန်း လွိုင်တိုင်းလိုင်းမှာ ၅၂ နှစ်ပြည့် ရှမ်းပြည်တော် လှန်ရေးနှင့်အတူ ၁ဝနှစ်ပြည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကော်မတီဖွဲ့ စည်းခြင်းအခမ်းအနားပြုလုပ် ပြီး အခုလို ပြောဆိုသွားတာပါ။ 


အခမ်းအနားမှာ ကျဆုံသွားတဲ့ရဲဘော်တွေကို အလေးပြုပြီး အင်အား ၁၆၀၀ကျော်ပါဝင်တဲ့ စစ်ရေးပြပွဲအခမ်း အနားလည်း ပြုလုပ်သွားပါတယ်။ အခမ်းအနားကို သံဃာတော်တွေ၊ နိုင်ငံရေးဝါရင့်ပုဂ္ဂိုလ်တွေ၊ တိုင်းရင်း သားလက်နက်ကိုင် မဟာမိတ်အဖွဲ့တချို့၊ သတင်းထောက်တချို့နဲ့ ဒေသခံတိုင်းရင်းသားတွေ စုစုပေါင်း ၂၀၀၀ကျော်တက်ရောက်ခဲ့ပါတယ်။ 


အခမ်းအနားအပြီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကော်မတီ၇ုံးခန်းမှာ သတင်းစားရှင်းလင်းပွဲပြုလုပ်ပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့ ထူးခြားချက်တွေကို ဗိုလ်ချုပ်ရွက်ဆစ်က အဓိကထား ပြောကြားသွားကြောင်း ကိုယ် တိုင်းသတင်းယူခဲ့တဲ့ ကိုတိုးဇော်လတ်က ပြောပြပါတယ်။

၂၀၁၀ရွေးကောက်ပွဲကို အန်အယ်လ်ဒီ၊ အက်စ်အန်အယ်လ်ဒီတို့ အပါအ၀င် ၀ိုင်းဝန်းကန့်ကွက်နေကြတယ်ဆို တော့ အဓိကပါတီကြီးတွေမပါတော့ အခြားပါတီတွေ၊ လူမျိုးစုတွေ၊ အခြားပါတီတွေကလည်း ပူးပေါင်းပါဝင်မှု မလုပ်ပဲနဲ့ ရွေးကောက်ပွဲဆန့်ကျင်ဖို့ ဗိုလ်ချုပ်ရွက်ဆစ်က တိုက်တွန်းအကြံပေးသွားတာ ရှိပါတယ်ခင်ဗျ။ 

နောက်တခုက ဒီနယ်ခြားစောင့်တပ်ပေါ့နော် ဘော်ဒါဂတ်နဲ့ပတ်သက်လို့လည်း ပိုပြီးတော့သိအောင်စုံစမ်းနေ ပါတယ်။ အခြားလူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လုပ်သွားမယ်လို့ပြောပါတယ်။ နောက်ထပ်ထူးထူးခြား ခြားကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပင်လုံသဘောတူညီကို ပြန်လည်ဆုပ်ကိုင်ဖို့လည်း သူကတိုက်တွန်း သွားတာတွေ့ရပါတယ်။ 



ဒီအခမ်းအနားကို ကရင်တိုးတက်ရေးပါတီ(ကေအန်ပီပီ)၊ ကရင်အမျိုးသားအစည်းအ၇ုံး(ကေအန်ယူ)အပါအ ၀င် တိုင်းရင်းသားမဟာမိတ်အဖွဲ့(၇)ဖွဲ့ကလည်း သ၀ဏ်လွှာအသီးသီးပေးပို့ကြတယ်လို့ သိရပါတယ်။ 


မူရင်း(ဒီဗီဘီ)
1. 2. 3.

0 comments: