ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Tuesday, May 25, 2010

မြို့အ၀င်ဂိတ်ကို ဆိုင်ကယ်စီး လူတစုဗုံးပစ် ရဲတစ်ဦးသေ နှစ်ဦးထိ

သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့ မြောက်ဘက်ရှိ မြို့အ၀င်/အထွက်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီး လူ ငယ်တစ်စုက လက်ပစ်ဗုံးနှင့်ပစ်ပေါက်ခဲ့သောကြောင့် ရဲတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း စုံစမ်း သိရှိရသည်။အဆိုပါဂိတ်၌ ဒုရဲအုပ်မောင်ထွေးဦးဆောင်ပြီး ရဲသားသုံးဦးနှင့်အတူ မေ ၂၂ ရက်နေ့တွင် ကင်း စောင့်နေခဲ့ကြသည်။


မွန်းလွဲပိုင်း ၂း၁၅ နာရီခန့်တွင် လူငယ် ၃ ဦးက တရုတ်မော်တော်ဆိုင်ကယ် (125 CC) ၂ စီးမောင်းနှင် လာပြီး ဂိတ်ရှေ့ဖြတ်သန်းစဉ် လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်၍ ပစ္စတိုသေနတ်နှင့်လည်း ပစ်ခတ်သွားခဲ့သည်။

သေဆုံးသူမှာ ရဲဒုတပ်ကြပ်ထူးနေလင်းဖြစ်ကြောင်း သိရှိရသည်။

မည်သူ့လက်ချက်ဖြစ်ကြောင်း မသိရှိရသေးသော်လည်း ဒေသခံမြို့သူမြို့သားများက သျှမ်းသံတော်ဆင့်ထံ ဤကဲ့သို့ပြောကြားကြပါသည်။

“သျှမ်းသူပုန်တွေဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ် ရဲတွေရဲ့ စစ်ဆေးအော်ငေါက်ဆဲဆိုခံရပြီး ပစ္စည်းတွေဆုံးရှုံး ခဲ့ရတာကြောင့် ရဲတွေအပေါ် စိတ်နာနေတဲ့လူတွေလဲဖြစ်နိုင်တယ်”

ထိုအခင်းဖြစ်ပွားပြီးနောက်ပိုင်း လဲချား-တောင်ကြီးသို့သွားသော တောင်ဘက်ဂိတ်၊ တုံလောဝ်း-သီပေါ လား ရှိုးသို့သွားသော မြောက်ဘက်ဂိတ်နှင့် အခြားဂိတ်များတွင် စစ်ဆေးရေးတင်းကြပ် ထူပြောလာကြောင်း ဒေ သခံတစ်ဦး ပြောကြားချက်အရ သိရှိရသည်။

မူရင်း(http://www.mongloi.org/burmese/2008-08-01-03-22-02/100-2008-08-06-05-35-00/875-2010-05-25-11-55-20)


Bookmark and Share 1. 2. 3.

0 comments: