ငွေတစ်ထောင် ကျပ်တန် အစစ် ကျပ် တစ်သိန်း နှင့် အတု ငွေကျပ် ၁၀ သိန်းကို အလဲအလှယ် လုပ်လာသူ များ အဖမ်းခံရကြောင်း ဒေါပုံမြို့နယ် ရဲစခန်းမှသိရသည်။ ယခုလ ၁၁ ရက်က ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံ ရပ် ကွက်တွင် ငွေစက္ကူအတုဟု ယူဆရသည်များကို ကိုင်ဆောင် သုံးစွဲနေကြောင်းကြား သိရသည့်အတွက် ယင်း ၏ တာဝန်ရှိသူများက သွားရောက်စစ်ဆေးကြရာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
“ဗိုလ်ထွန်းစံရပ်ကွက် ဗိုလ်တေဇ လမ်း၊ အိမ်နံပါတ် ၁၇ မှာနေတဲ့ မကြည်ကြည်မိုး နှင့် အဖ ဦးဘိုအောင် တို့က အဲဒီ ရပ်ကွက်က ဈေးဆိုင် တွေမှာ ငွေစက္ကူ အတုနဲ့ ဈေးဝယ် ကြတာက စပြီး သဲလွန်စ ဖြစ်တာပါပဲ” ဟု ယင်း၏ တာဝန်ရှိသူက ရှင်းပြ သည်။ ၄င်းတို့က ငွေစက္ကူအတုဖြင့် ငွေကျပ် ၂၀၀ ဖိုးစီ ၀ယ်ယူကာ ၈၀၀ ကျပ်ကို ပြန်လည်သိမ်းကြောင်း ယင်းက စစ်ဆေး တွေ့ရှိမှု အပေါ် အခြေခံ၍ ပြောသည်။ “စုစုပေါင်း အဲဒီအနီး ပတ်ဝန်းကျင်မှာ အတု ငွေ ၁၀၀၀ ကျပ်တန် ငါးရွက် အသုံးပြုထားတာ တွေ့ရတယ်”ဟု ယင်းက ဆိုသည်။ အဆိုပါ နေအိမ်မှ ငွေစက္ကူ အတုများကို ည ၇ နာရီ ၁၅ မိနစ်ခန့်က Kangaroo အဖြူနက် လက်ကိုင်အိတ်မှ အရွက် ၇၀ ထပ်မံတွေ့ရှိ ခဲ့ကြောင်း၊ ငွေစက္ကူ အတုများကို ရွှေပေါက်ကံမြို့နယ်နေ ဒေါ်ယဉ်ယဉ်ရွှေဆိုသည့် အမျိုးသမီးကြီးက မြ၀တီ ဘက်သို့ ဘုရားဖူး သွားရင်း ဆိုင်ကယ်သမား တစ်ယောက်နှင့် ရင်းနှီးကာ ငွေကျပ်တစ်သိန်းနှင့် ကျပ် ၁၀ သိန်းကို အလဲအလှယ် ပြုလုပ်လာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ “ဒေါ်ယဉ်ယဉ်ရွှေ နှင့် မကြည်ကြည်မိုး၊ မိခင် ဒေါ်စန်းမြင့်တို့ နှစ်ဦးက အဆက် အသွယ် ရှိပြီး ငွေစက္ကူ အတု တွေကို သုံးစွဲကြတာ၊ အခု ဖြစ်စဉ်မှာ အတု မှန်းသိလျက် သုံးစွဲသူတွေ အားလုံးကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၈၉(ခ)(ဂ)၊ (ပ) ၁၈၉/၂၀၁၀နှင့် အရေး ယူထား ပါတယ်” ဟု တာဝန်ရှိသူက ပြောပြခဲ့ကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထား ပါသည်။Thursday, May 27, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment