မြစ်ဆုံရေကာတာစီမံကိန်း ဧရိယာအတွင်း ဗုံးပေါက်ကွဲမှုနှင့်ဆက်စပ်ပြီး မသင်္ကာသူများကို ဖမ်းဆီးနေရာ ယခုလ (၂၃) ရက် တညတည်း၌ မြစ်ကြီးနားမြို့တွင် လူပေါင်း (၆ဝ) ခန့် ဖမ်းဆီးခံရသည်။
မြစ်ကြီးနားမြို့ စီတာပူနှင့် တပ်ကုန်းရပ်ကွက်မှ ကချင်အမျိုးသား (၆ဝ)ခန့် ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ မြောက် ပိုင်းစစ်ဌာနချုပ် (မပခ)တွင် ထိန်းသိမ်းစစ်ဆေးနေသည်ဟု စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။
၎င်းက “မပခက ဗျူဟာမှူးဗိုလ်မှူးကြီးမြတ်ကျော် ဦးဆောင်ပြီးဖမ်းနေတာ။ သူတို့တွေကို ဖမ်းတဲ့ခါမှာ စစ်တပ်၊ ရဲ၊ စရဖနဲ့ ရပ်ကွက်လူကြီးတွေလည်း ပါတယ်။ ပထမတော့ အမှတ် (၁) ရဲစခန်းမှာထားတယ်။ အခုတော့ မပခထဲမှာ ချုပ်ထားပြီး စစ်နေတယ်။ ဖမ်းထားတာကတော့ လူငယ်ပိုများတယ်။ အားလုံးကချင်တွေပဲ” ဟု ပြောသည်။
ကချင်အတိုင်ပင်ခံကော်မတီက လူငယ်တာဝန်ခံနှင့် ကချင်မနောပွဲကျင်းပရေးကော်မတီအတွင်းရေးမှူး တာ ဝန်ယူထားသူ လဘန်ဂမ်အောင် အသက် (၄ဝ) နှစ်အား ယမန်နေ့ နံနက် (၁) နာရီဝန်းကျင်က တပ်ကုန်း ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် အာဏာပိုင်များက လာရောက်ဖမ်းဆီးသွားကြောင်း၊ ညသန်းခေါင်အချိန်တွင် နေအိမ်များကို ဝိုင်းပြီးလူများကို ဖမ်းဆီးနေသည်မှာ တကယ့်အပြစ်ရှိ လူဆိုးတရားခံအား ဖမ်းဆီးသည့်ပုံစံ မျိုးဖြစ်နေသဖြင့် လူအများက ကြောက်ရွံ့နေကြောင်း စီတာပူမှ ကချင်အမျိုးသားတဦးက ပြောသည်။
၎င်းက “အခုက စစ်ဆင်ရေးတိုက်ပွဲ လုပ်သလိုလုပ်တာ။ မတွေ့ဘူးဆို မိဘတွေကို ဓားစာခံအနေနဲ့ခေါ် သွား တာ။ ကချင်အတိုင်ပင်ခံကော်မတီက လူငယ် ဂမ်အောင်ဆိုရင် ပထမ သူ့အဖေကိုဖမ်း၊ ပြီးမှ တပ်ကုန်းက ဂမ်အောင် အိမ်ကိုလိုက်ပြခိုင်းတာ။ ဗုံးခွဲတရားခံဆိုပြီး ပန်းချီဆွဲထားတဲ့ ရုပ်ပုံကြမ်းကို ရပ်ကွက်ရုံးတွေ မှာ လည်းကပ်ထားတယ်။ ဗုံးခွဲတရားခံ ရှာဖွေသတင်းပေးနိုင်ရင် ဆုချမယ်ဆိုပြီးလည်း စာကပ်ထားတယ်။ အခု လိုတွေ့ရာ၊ ထင်ရာလျှောက်ဖမ်းနေတော့ မကောင်းဘူးပေါ့။ သူတို့ကိုကြောက်လို့ အချို့လည်း တိမ်းရှောင် နေရတယ်” ဟု ပြောသည်။
နိုင်ငံရေးလှုပ်ရှားမှုများနှင့် ပတ်သက်နိုင်သည်ဟု ယူဆခံထားရသည့် ကချင်လူငယ်များ၊ နအဖကို ဆန့်ကျင် နိုင်မည့်သူများကို ဖမ်းဆီးကာ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဆန့်ကျင်ရေးလှုပ်ရှားမှု ဖြစ်ပေါ်မလာစေရန် ယခု ကတည်းကစ၍ ဗုံးပေါက်ကွဲမှုကို အကြောင်းပြုပြီး အာဏာပိုင်များက နှိပ်ကွပ်နေသည့် ပုံစံမျိုးဖြစ်နေကြောင်း ကချင်ပြည် လူမှုဖွံ့ဖြိုးရေးကွန်ရက် ဥက္ကဋ္ဌ ကိုအောင်ဝါက ပြောသည်။
၎င်းက “၂ဝ၁ဝ ရွေးကောက်ပွဲကျရင် ကချင်လူထုတွေ ခေါင်းမဖော်ရဲအောင် နှိပ်ကွပ်နေတဲ့ပုံမျိုးဖြစ်နေတယ်။ ဗုံးကွဲတာကို အကြောင်းပြလို့ မသင်္ကာမှုဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တက်ကြွတဲ့လူငယ်တွေ၊ နိုင်ငံရေးနဲ့ ပတ် သက်မယ်ထင်တဲ့ သူတွေကို ဖမ်းဆီးနှိပ်စက်နေတာ။ နောက်တခုကလည်း ဖမ်းဆီးပြီး ရိုက်နှက် ညှဉ်းဆဲတာ တွေလုပ်တော့ မခံနိုင်တဲ့သူတွေက သူတို့အနီးနားက လူတွေကိုပါ ဆွဲထည့်နေပုံရတယ်။ အခုက လူတွေ ဆက်တိုက်ဖမ်းနေတာ။ တန်ဖရဲဘက်က ကျေးရွာတွေမှာလည်း အခုလိုဖမ်းဆီးတာတွေ လုပ်နေတော့ အခု ချိန်မှာ ကျေးရွာကနေ မပြောင်းရွှေ့ချင်တဲ့ သူတွေလည်း ရွှေ့နေရပြီ” ဟု ပြောသည်။
မူရင်း(http://www.khitpyaing.org/index.php?route=detail&id=1433)
0 comments:
Post a Comment