ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Sunday, May 23, 2010

မြန်နှုန်းမြင့်လမ်းပေါ်က ရှန်ဟိုင်းကုန်စည်ပြပွဲသမိုင်းခရီးတစ်ထောက်

၂၀ဝ၈ ခုနှစ်တွင် အိုလံပစ်အားကစားပွဲတော်ကို တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ကျင်းပခဲ့သောအခါ အ လွန်လှပ စည်ကားခဲ့သည်ကိုတွေ့မြင်ခဲ့ရပါသည်။ နိုင်ငံတကာအခင်းအကျင်းတွင် နိုင်ငံတစ်ခု၏ ဂုဏ်သရေကို ထိုသို့ပွဲလမ်းသဘင်များတွင် အခြားသော နိုင်ငံတကာအသိုက်အဝန်းဝင်များသို့ ထုတ်ဖော်ပြသနိုင်သော အ ခွင့်အရေးဖြစ်သလို၊ နိုင်ငံတစ်ခု၏ ရေရှည်ဖွံ့ဖြိုးရေးအတွက် လိုအပ်သော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ကို ဖိတ်ခေါ်ဆွဲဆောင်နိုင်သော အခိုက်အတန့်ကောင်းလည်းဖြစ်ပါသည်။ ယနေ့ခေတ်ကမ္ဘာတွင် စစ်ရေးနှင့် နိုင်ငံ ရေးအားပြိုင်မှုများ ရှိနေသေးသည်ကို မငြင်းနိုင်သော်လည်း ယင်းတို့ထက် နိုင်ငံတကာဆက်ဆံရေး တွင် ပိုမိုအားကောင်းလာသည်မှာ စီးပွားရေးအားပြိုင်မှု၊ ယဉ်ကျေးမှုဖြန့်ချိမှုနှင့်အားကစားကဲ့သို့သော လူသားအရင်း မြစ်များမှတစ်ဆင့် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်ကို ရရှိစေခြင်းတို့ ဖြစ်လာပါသည်။

ထို့ကြောင့်ပင် ယခုကျင်းပနေဆဲ ဖြစ်သည့် ၂၀၁၀ ကမ္ဘာ့ကုန်စည်ပြပွဲ (ရှန်ဟိုင်း) သည် တရုတ်နိုင်ငံအတွက် အရေးကြီးသော ခြေလှမ်း တစ်ခုအဖြစ် ရှုမြင်ရမည် ဖြစ်ပါသည်။လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့် တွင် အာရှတိုက်ကုန်းမကြီး၏ ဗဟိုချက်တွင်ရှိ နေသော တရုတ်နိုင်ငံသို့ ပိုးလမ်းမကြီးဖြင့် ကုန်သွယ်မှုများ ပြုလုပ် ခဲ့ပါသည်။ သို့သော် ယင်း ပိုးလမ်းမကြီး၏ သက်တမ်းသည် ကြာရှည်တည် မြဲခဲ့ခြင်း မရှိပါ။ လွန်ခဲ့သည့် နှစ်တွင် တရုတ်နိုင်ငံအတွင်း ဖြန့်ကျက်တည်ဆောက်ခဲ့သည် မြန်နှုန်းမြင့်မားသော မီးရထားနှင့် မီးရထားလမ်းများ ကြောင့်လူနှင့်ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် ယခင်လိုအချက်အချာနေရာကို ပြန်လည် ရလာနိုင်တော့ မည်ဟု မျှော်လင့်စရာ ဖြစ်လာသည်။ထို့ပြင် ယင်းရထားပို့ဆောင်ရေးစနစ်ကို နယ်စပ်များ ဖြတ်ကျော်စေပြီး အနီးအပါးရှိ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား နှင့် စင်ကာပူတို့သို့လည်းကောင်း၊ ဥရောပတိုက်အတွင်းရှိ ဘာလင် (ဂျာမနီ)နှင့် လန်ဒန် (ဗြိတိန်)တို့အထိပါ သွယ်တန်းနိုင်ရန်စီစဉ်ထားသည်။

အဲဒီမေးခွန်းနဲ့ကျနော့်ကိုကျနော်ပြန်သုံးသပ်ကြည့်မိတော့ဖောင်ကိုထမ်းပြီးမြစ်ကမ်းနံဘေးမှာလမ်းလျှောက်နေ သူအဖြစ်ပြန်မြင်လာတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ သိထားတဲ့ အသိတရားတွေကိုလက်တွေ့ ဘ၀ ထဲမှာ ဘယ်လောက်အထိပြန်လည်အသုံးချနိုင်ခဲ့ပါသလဲ။ကျွန်တော်တို့ မကြုံမတွေ့လိုပေမဲ့ ကြုံတွေ့ နေကြ ရတဲ့ အခြေနေဆိုးတွေ အခက်ခဲတွေကိုရော ကျွန်တော်တို့ရဲ့အသိတရားနဲ့ တကယ်ဖြေရှင်း ကျော်ဖတ်နိုင်ခဲ့ ပါသလား။ဒါမှမဟုတ် ရှောင်လွှဲဖယ်နိုင်ခဲ့သလားစတဲ့ မေးခွန်းတွေ ခေါင်းထဲကိုတခုပြီးတခု ရောက်လာပါတယ်။ သူသူငါငါ အများစုဟာ ကောင်းမွန်မြင့်မြတ်မှုနဲ့သက်ဆိုင်တဲ့ မိမိတကိုယ်စာအခြေခံအသိတရားတွေကို သိ ထားကြတာများပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ရဲ့ အသိဟာ သညာဆိုတဲ့ အဆင့်မှာပဲရပ်နေခဲ့ပြီး စရဏဆိုတဲ့ ကျင့်ကြံအားထုတ်မှုမရောက်ခဲ့ခြင်းက ကျွန်တော်တို့ကို အဆုံးဖြတ်ပေးသွားခဲ့တာပါ။

တရုတ်နိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းမြေချင်းထိစပ်မှုသည် ကမ်းရိုးတန်းအလျား ထက်ပိုမိုရှည်လျား သော နိုင်ငံကြီးတစ်ခုအတွက် ရေရှည်ကုန်သွယ်မှုပြုလုပ်ရန်၊ ဈေးကွက်များ ချိတ်ဆက်ဖန်တီးရန်တို့သည် ယ ခင်ကထက်ပို၍ ရှေ့အနာဂတ်တွင် အရေးပါနေမည်ဖြစ်သည်။ ထိုသို့ရေရှည်စီမံကိန်းများဖြင့် တရုတ်နိုင်ငံသည် စီးပွားရေးတာဝေးပြေးပွဲကြီးကို ဆင်နွှဲနေချိန်တွင် တစ်ဖက်မှလည်း ၂၀၁၀ ခုနှစ်အတွက် ကမ္ဘာ့ကုန်စည်ပြပွဲကို ရှန်ဟိုင်းမြို့တော်တွင် အိမ် ရှင်အဖြစ် ကျင်းပခဲ့သည်။Expo 2010 Shanghai ဟုခေါ်သော ကုန်စည်ပြပွဲကို မေလ ၁ ရက်မှစတင်ပြီး အောက်တိုဘာလ ၃၀ ရက်အထိ ၆လတိုင်တိုင် ဟွမ်ပူမြစ်ကမ်းပါးပေါ်မှာ ကျင်းပမည် ဖြစ်သည်။ ထိုသို့ နိုင်ငံပေါင်း ၁၉၀ ကျော်နှင့် နိုင်ငံတကာစီးပွား ရေးအဖွဲ့အစည်းပေါင်း ၅၀ ကျော်တို့လာရောက် ခင်းကျင်းရောင်းချရန် မှတ်ပုံတင်ထားကြသည်။ ယခုထိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှ ကုန်စည်ပြပွဲ အဆောက်အ အုံများ ဆောက်လုပ်ခင်းကျင်းပြီး ကြပြီဖြစ်သည်။ ယင်းတို့ထဲတွင် နိုင်ငံပေါင်း ၁၇၀ ကျော်တို့၏ ကုန်စည်ပြပွဲ အ ဆောက်အအုံများသည် ရပ်သပ်ရှုမောဖွယ်ရာ ဗိသုကာလက်ရာများဖြင့် ဆောက်လုပ်ထားကြသည်။ ကိုကာကို လာ၊ ဆစ္စကိုနှင့်ဂျင်နရယ်မော်တာကဲ့သို့သော ကုမ္ပဏီကြီးများသည်လည်း ရှန်ဟိုင်းကုန်စည်ပြပွဲတွင် ပါဝင် ကြ သည်။ရှန်ဟိုင်းကုန်စည်ပြပွဲအတွက် တရုတ်အစိုးရက အခြေခံဘတ်ဂျက် ၂၈.၆ ဘီလီယံဒေါ်လာကို ပွဲစီစဉ် သူများအား မတည်သုံးစွဲစေခဲ့သည်။ ပြီးတော့ လာရောက်ကြသည့် ကမ္ဘာအရပ်ရပ်မှ ဧည့်သည်များ အဆင်ပြေ ချောမွေ့စေရန် လမ်းများ၊ မြေအောက်ရထားများ၊ လေဆိပ်များကို ပြင်ဆင်ရန်မှာ နောက်ထပ် ဒေါ်လာဘီလီ ယံချီ၍ ကုန်သေးသည်။

ပိုကောင်းတဲ့ မြို့တော်ဟူသည့်အတိုင်း ရှန်ဟိုင်းကို အရင်ကထက် များစွာပိုကောင်းသွားအောင်လုပ်ခြင်းသည် ပေကျင်းအိုလံပစ်ပွဲတော်ကာလက သုံးစွဲခဲ့သည့် ငွေကြေးပမာဏထက်ပင် ပိုသေးသည်ဟု ဆိုရမည်။ သည် လောက်ငွေတွေသုံး စွဲထားခြင်းသည် အကြောင်းမဲ့တော့ မဟုတ်။ ဧည့်သည်များက ၆ လအတွင်း သုံးစွဲ ငွေ သည် ၄၅ ဘီလီယံယွမ် ရှိလိမ့်မည်ဟုတော့ သူတို့ ယူဆထားကြသည်။ (ဒေါ်လာဖြင့်တွက်လျှင် ၆ .၆ ဘီလီယံဒေါ်လာရှိသည်။) ပွဲတော်ကျင်းပမည့်နေရာက ၅ .၂၈ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိသည်။ ပိုကောင်း တဲ့မြို့၊ ပိုကောင်းတဲ့ဘဝဟူသော ဆောင်ပုဒ်ဖြင့် ရှန်ဟိုင်းကုန်စည်ပြပွဲသည် လူဦးရေသန်း ၇၀ မှ ၁၀ဝ ခန့်အ ထိ လာရောက်လည်ပတ်ကြည့်ရှုကြမည်ဖြစ်ရာ ကျင်းပခဲ့ဖူးသမျှသော ကမ္ဘာ့ကုန်စည်ပြပွဲကြီးများ အားလုံး ထက် သာလွန်သည်မှာ သေချာသည်။ ယခုလို ကုန်စည်ပြပွဲတစ်ခုကို ကမ္ဘာ့စီးပွားရေး အကျပ် အတည်းလွန်ပြီး မကြာမီမှာပင် ကျင်းပနိုင်ခဲ့ သည့်အတွက် အိမ်ရှင်တရုတ်နိုင်ငံသည် ကမ္ဘာအနှံ့မှ လူများ၏ စိတ်ဝင်စားမှုကို တစ်ဖန်ပြန်လည်ရယူရန် အားထုတ်သည့် တာတိုပြိုင်ပွဲ တစ်ခု ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ သို့သော် ကလေး ကလားတာတိုပြေးပွဲမဟုတ်၊ ချန်ပီယံများနှင့်ပြိုင်ပြေးရမည့် ပြေးပွဲမျိုးသာဖြစ်သည်။တရုတ်နိုင်ငံ၏ အဓိက စီး ပွားရေးပြိုင်ဖက်များဖြစ်သော အမေရိကန်နှင့် ဂျပန်တို့၏ ကုန်စည်ပြပွဲအဆောက်အအုံများကမူ အခြားပြပွဲ အ ဆောက်အအုံများအားလုံး၏ အစွန်းဘက်မှာ ရောက်နေကြသည်။ တမင်ပဲ နယ်နှင်ထားခြင်းလား အောက် မေ့ ရသည်။ ကျုပ်က အမေရိကန်ပြခန်းကို သွားချင်တာ။ လက်မြှောက်လိုက်ရတယ်ဟု အသက် ၇၃ နှစ်အရွယ် ပင် စင်စားတရုတ်အဘိုးအိုတစ်ဦးကပြောသည်။ တရုတ်နိုင်ငံ၏ပြခန်းသည် အခြားပွဲရုံများအားလုံးထက် မြင့်မြတ်ပြီး တရုတ်ဘုံကျောင်းပုံစံမျိုးဖြစ်သည်။ တရုတ်ပြခန်း၏ မြောက်ဘက်တွင် မြန်မာနိုင်ငံ၊ အီရန်နှင့် မြောက်ကိုရီး ယားပြခန်းများ တည်ရှိကြသည်။ အာဖရိကနိုင်ငံများမှလည်း ပွဲရုံများရှိကြပြီး၊ လက်ရှိတွင် စီးပွားရေး အကျပ်အ တည်းဖြစ်လျက်ရှိသည့် ဥရောပနိုင်ငံများဖြစ်သည့်ဂရိနှင့် အိုက်စလန်ပြခန်းနှစ်ခုကမူ မျက်နှာချင်းဆိုင် ဆောက်လုပ်ထားကြသည်။

သို့သော် ပူးပြင်သောရှန်ဟိုင်းနေရောင် အောက်တွင်တော့ ပြခန်းတစ်ခုမှတစ်ခုဆီသွား လာရသည်မှာ မလွယ် ကူချေ။ သစ်ရိပ်နှင့် အမိုးအကာမရှိသည့် နေရောင်ထဲတွင် ပွဲလာရောက် သူများသည် တရွေ့ရွေ့ သွားလာနေ ကြသည်။ နေ့လယ်စာစားချိန်တွင်ပင် ပွဲဈေးတန်းလာသူများက နေရောင်ထဲတွင် သွားလာနေကြဆဲ ဖြစ်သည်။ အချို့ကမူ အရိပ်ရသည့်နေရာရှာပြီး တစ်ရေးတစ်မော အိပ်ပျော်ကုန်ကြသည်။ အလွန်အကျွံပဲ၊ တစ်နေရာက နေ တစ်နေရာအကွာအဝေး၊ လူတန်းကြီးထဲ တန်းစီစောင့်နေရတာ၊ ပြီးတော့ အပူချိန်ကလည်း သိပ်ကိုနွမ်း နယ်စေတာပဲ၊ သိပ်ပြီးတော့လည်း အချိန် ကုန်တာပဲ။ ကျွန်မတို့ မနက် ၈ နာရီတည်းက ရောက်နေကြတာ။ ခုထိ ဘယ်ပြခန်းမှ မည်မည် ရရ မရောက်သေးဘူး ဟု အသက် ၃၆ နှစ် အရွယ် ရှန်ဟိုင်းသူအိမ်ရှင်မတစ်ဦးက ဆိုသည်။ ကုန်စည်ပြပွဲသို့ တစ်နေ့လျှင် လာရောက်လည်ပတ်ကြည့်ရှုသူ ၇ သိန်းအထိသာခွင့်ပြုမည်ဟု အာ ဏာပိုင်များက သတ်မှတ်ရန် စီစဉ်သော်လည်း မရခဲ့ချေ။

ကုန်စည်ပြပွဲ၏ မန်နေဂျာတစ်ဦးဖြစ်သော ရှန်းတောင်းက ဖွင့်ပွဲကို ပေကျင်းမှလှမ်းစောင့်ကြည့်နေရင်း ဒီပွဲက တော့ ပေကျင်းအိုလံပစ်နဲ့ တခြားစီပါပဲ။ အိုလံပစ်ပွဲတော်မှာက တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့မျက်နှာစာကိုပဲ ထုတ်ဖော်ပြနိုင်တယ်။ ဒါပေမဲ့ ကုန်စည်ပြပွဲကျတော့ နိုင်ငံတကာပိုဆန်တယ် ဟုဆိုသည်။ ဘာပဲ ဖြစ်ဖြစ် ပေကျင်းအိုလံပစ်ရော၊ ရှန်ဟိုင်း ကုန် စည်ပြပွဲရောပါ နိုင်ငံတကာပွဲလမ်းသဘင်ကြီးတွေကို တရုတ်ပြည်က အိမ် ရှင်အဖြစ်ကျင်းပ နိုင်နေပြီဆိုတာကို ပြသနေတာပါပဲဟု သူကဆိုသည်။ ယခုကုန်စည်ပြပွဲဖြင့် တရုတ်နိုင်ငံ သည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ရရှိနိုင်မည် ဖြစ်သည့်အပြင်၊ နိုင်ငံတကာ ငွေကြေးဈေးကွက် ထဲသို့ ယခုကုန်စည်ပြပွဲအပြီးတွင် ဝင်ရောက်နိုင်ရန်ပါ မဟာဗျူဟာချမှတ်ထားပြီးဖြစ်သည်။ ၂၀ဝ၈ ခုနှစ် ပေကျင်း အိုလံပစ်၊ ၂၀ဝ၉ ခုနှစ် နှစ် ၆၀ ပြည့်အမျိုးသားနေ့၊ ယခု ၂၀၁၀ပြည့်နှစ် ရှန်ဟိုင်း ကုန်စည်ပြပွဲတို့သည် ခမ်းခမ်း နားနား ကျင်းပစီစဉ်နိုင်ခဲ့ခြင်းက တရုတ်နိုင်ငံ၏သမိုင်းတွင် အရေးကြီးသော အမှတ်သင်္ကေတများအဖြစ် ထင် ကျန်နေမည်ဖြစ်သည်။ နောင်မျိုးဆက်တရုတ် လူငယ်များကလည်း ယခုကာလကို တရုတ်ပြည် သူ့သမ္မတနိုင် ငံ၏ ခန့်ထည်မှု၊ အင်အားကြီးမားမှုနှင့် ဂုဏ်ဒြပ်ရှိမှုတို့အဖြစ် သတိရကြလိမ့်မည် ဖြစ်သည်။၁၉၆၄ ခုနှစ်တွင် ကျင်းပခဲ့သော တိုကျို အိုလံပစ်နှင့် ၁၉၇၀ ခုနှစ်တွင် ကျင်းပခဲ့သည့်အိုဆာကာ ကုန်စည်ပြပွဲတို့သည် စစ်ပြီး ခေတ်၌ ဂျပန်နိုင်ငံ ပါဝါအင်အားကြီးနိုင်ငံတစ်ခုအဆင့်သို့ ရောက်လာကြောင်း ပြသနိုင်စေခဲ့သည်။ ယခု ရှန် ဟိုင်းကုန်စည်ပြပွဲသည်လည်း တရုတ်နိုင်ငံ၏ ပါဝါအင်အားကြီးနိုင်ငံတစ်ခုကို တည်ဆောက်နိုင်ကြောင်းကို အ တိုင်းအတာတစ်ခုထိ ပြသနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။



မူရင်း(http://www.ecovisionjournal.com/article/?year=4&month=5&VOL=79)


1. 2. 3.

0 comments: