ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Sunday, May 23, 2010

မင်္ဂလာဈေး မီးလောင်၊ဆုံးရှုံးမှု များပြား


 မီးစွဲလောင်နေသည့် မင်္ဂလာဈေးအဆောက်အဦးအား ဗညားဒလရှိ အဆောက်အဦးတခုပေါ်မှ တယ်လီဖြင့် ဆွဲယူရိုက်ကူထားစဉ် photo(Freedom News Group)

ရန်ကုန် မြို့ မအူကုန်း ရှိ မင်္ဂလာဈေး တွင် ယနေ့ မနက် ၈း၂၀ အချိန် ကတည်းက စတင်မီးလောင်ကျွမ်း နေ ရာ တစ်နာရီကျော်ကြာသည်အထိ မီးညွန့်မကျိုးသေးပဲ ဆက်လက်လောင်ကျွမ်းနေဖြင့် စက်ရုံလမ်းနှင့် ကန် တော်ကလေးနှင့် ရန်ကုန်မြို့ထဲသို့သွားသည့် ဗညားဒလလမ်း တို့ကို ပိတ်ထားရသည်ဟု သတင်းရရှိသည်။

မင်္ဂလာဈေးမီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရမှုများနှင့် ပစ္စည်းလုယက်မှုများရှိသည်ဟု ဈေးများဌာနမှတာ ၀န်ရှိသူ တစ်ဦးကပြောသည်။မင်္ဂလားဈေး မီးလောင်ကျွမ်းမှုကြောင့်ယုဇနပလာဇာရှိ ဆိုင်ခန်းပိုင်ရှင်များ အ ဖိုးတန် ပစ္စည်း များ ကို သယ်ဆောင်၍ အလျှင်အမြန်ဆိုင်များ ပိတ်နေသည် ။ ကားလမ်းများကို မအူကုန်း လမ်းကျယ် မှတ်တိုင်မှ စတင်ပိတ်ထားပြီးပလာဇာ အနောက်လမ်းမှတစ်ဆင့် စက်ရုံးလမ်း၊ဗိုလ်မင်းရောင် လမ်း အတိုင်းအောင်ဆန်းကွင်းမှ တစ်ဆင့် ရန်ကုန်မြို့ ထဲ သို့ သွား ရသည်။
မီးလောင်ရာမှထွက်ပေါ်လာသော မီးခိုးလုံးကြီး
ယနေ့ ဈေးစဖွင့်ချိန်တွင် မီးလောက်ကျွမ်းဖြင်း ဖြစ်ပြီး အချို့ ဆိုင်များတွင် ဈေးသူဈေးသားများ မရောက်ရှိ သေးသဖြင့် ဆိုင်ရှိပစ္စည်းများ သိမ်းဆည်းနိုင်ခြင်း မရှိဘဲ မီးလောင်မှုထဲ ပါသွားသည်ဟု သတင်းရရှိသည်။ မီး လောင်နေသည့် ဆယ်ထပ်ဈေးသစ်ကြီးထဲ ဈေးသူဈေးသားနှင့် ဆိုင်ရှင်များအား ရဲနှင့် စစ်တပ်က ပေးမ၀င် သဖြင့် ဆိုင်ရှင်များက မိမိတို့ ၏ ဆိုင်ခန်းများထဲမှ ပစ္စည်းများအတွက် စိုးရိမ်နေကြသည်ဟု မင်္ဂလာဈေး တွင် အထည် ဆိုင်ဖွင့်ထားသည့် ကို အောင်သူ က (Freedom News Group) သို့ ပြောသည်။

မီးငြိမ်းသတ်ရာ သို့ လာသည့် မီးသတ်ကားများသည့် မီးညွှန့် အရှိန် ရတောက်လောက်ပြီးမိနစ် ၃၀ခန့်ကြာမှ ရောက်လာခြင်း ဖြစ်သည် ဟု ကြက်လျှာစွန်း ဒန်ပေါက် ဆိုင်မှ ၀န်ထမ်းတစ်ဦး ကပြောသည်။

ယခု မီးလောင်သော မင်္ဂလာ ဈေးနေရာသည် မင်္ဂလာဈေးသစ် နေရာဖြစ်ပြီး ရန်ကုန် စည်ပင်၏ မြို့ တော် စည်ပင်ဘဏ်၊ ရန်ကုန်စည်ပင်၏ ဈေးများဌာန၏ ဌာနခွဲတစ်ခုရှိသောနေရာဖြစ်ပြီး မင်္ဂလာခန်းမ ၊ဘိလိ ယက် ကစားဝိုင်းများနှင့် ညကလပ်များရှိသည်။

မူရင်း(http://freedomnewsgroup.com/2010/05/24/%E1%80%99%E1%80%82%E1%81%A4%E1%80%9C%E1%80%AC%E1%80%B1%E1%80%85%E1%80%BA%E1%80%B8-%E1%80%99%E1%80%AE%E1%80%B8%E1%80%B1%E1%80%9C%E1%80%AC%E1%80%84%E1%80%B9%E1%81%8A%E1%80%86%E1%80%B6%E1%80%AF%E1%80%B8/#more-9950)
1. 2. 3.

0 comments: