ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Sunday, May 23, 2010

ရာသီဥတုဆိုးရွားမူကြောင့် ရန်ကုန်- စစ်တွေလေကြောင်းလိုင်းများ ယာယီရပ်ဆိုင်း


ရာသီ ဥတု ဆိုးရွားမူကြောင့် ရန်ကုန်နှင့် စစ်တွေအကြား ပျံသန်းနေသော လေကြောင်းလိုင်းများကို စနေ နေ့ကစပြီး ယာယီ ရပ်ဆိုင်းထားလိုက်ရသည်ဟု သတင်းရရှိသည်။


ခရီးသွားလာရေး လုပ်ငန်းတခုမှ တာဝန်ရှိသူ တဦးက “မနေ့က Air Mandalay လိုင်းက လေယဉ်တစီး မိုး အရမ်းရွာပြီးရာသီဥတုအထူး ဆိုးရွားနေတဲ့အတွက် စစ်တွေလေယဉ်ကွင်းကို မဆင်းနိုင်ဘဲ ရန်ကုန်ကိုပြန် သွားရတယ်။ အဲဒီနောက်ပိုင်း ရန်ကုန်နဲ့ စစ်တွေအကြား ပျံသန်းနေတဲ့ တခြား လေကြောင်းလိုင်းတွေ ကို လည်း ယာယီ ပိတ်ထားလိုက်ပါတယ်” ဟု ပြောသည်။

စစ်တွေတွင် မေလ ၁၈ ရက်နေ့က စပြီး မိုးအဆက်မပြတ် ရွာသွန်းနေပြီး ဆိုင်ကလုန် Liala ကြောင့် လေ ပြင်းများလည်း ရံဖန်ရံခါ တိုက်ခတ်နေသည်ဟုသိရသည်။

လေကြောင်းလိုင်း ရပ်ဆိုင်းလိုက်သဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရသူ စစ်တွေမြို့ခံတဦးက စစ်တွေသို့ သွာမည့် ခရီးသည်များကို လေကြောင်းလိုင်းမှ လာမည့် အင်္ဂါနေ့ကို ပြန်လည် ချိန်းထားပြီး ရာသီ ဥတု ပြန်လည် ကောင်းမွန်လျှင် ခရီးစဉ်များအား ပြန်လည် စတင်နိုင်မည် ဖြစ်ကြောင်း လေကြောင်းလိုင်းကို ကိုးကားပြီး သူကပြောသည်။

စစ်တွေမြို့နှင့် ရန်ကုန်အကြား Air Mandalay မှ တရက် တကြိမ်နှုန်းဖြင့် ပျံသန်း ပြေးဆွဲနေပြီး မြန်မာ့လေ ကြောင်းလိုင်းမှာ တပတ်လျှင်ငါးကြိမ် ပျံသန်းပြေးဆွဲလျှက်ရှိသည်ဟု သိရသည်။

၂၀၀၉ ခုနှစ် ဇွန်လ အတွင်းကလည်း မြန်မာလေကြောင်းလိုင်းမှ လေယာဉ်တစီး စစ်တွေလေယာဉ်ကွင်း တွင် လမ်းချော်ပြီး ပျက်စီးသွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် လေယျာဉ်မှူး တဦးနှင့် ခရီးသည်နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

မူရင်း(http://www.narinjara.com/detailsbur.asp?id=2509)
1. 2. 3.

0 comments: