နအဖ စစ်အစိုးရမှ ပြုလုပ်မည့် ရွှေးကာက်ပွဲအား ဆန့်ကျင်သည့်အသံများ ကျယ်ကျယ်လောင်လောင် ပေါ် ထွက်လာချိန်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌လည်း မြန်မာ့အတိုက်အခံ အင်အားစုများက ၂၀၁၀ ရွေးကောက်ပွဲ အား ဆန့်ကျင်ကန့်ကွက်သည့် အခမ်းအနား တရပ်ကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) မှ မေလ ၂၃ရက်နေ့က ဦးဆောင်ကျင်းပခဲ့ ခြင်းဖြစ်သည်။
အခမ်းအနားတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ဥက္ကဌဦးလှအေးမောင်၊ဒုဥက္ကဌ(၁) ဦးထွန်း အောင်ခင်၊ ဒုဥက္ကဌ(၂)ဦးခင်မောင်ထွန်းတို့မှ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ကြပြီး အထွေထွေအတွင်း ရေးမှုး ဦးပေါ်ထွန်းအောင်နှင့် တွဲဖက်အထွေထွေ အတွင်းရေးမှုး(၁) ဦးကျော်သန်းလှိုင်တို့မှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုမြန်မာနိုင်ငံအလံတော်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အလံတော်ကို အလေးပြုကြပြီး ဒီမိုကရေ စီတိုက်ပွဲများတွင် ကျဆုံးသွားခဲ့ကြသော ရဟန်းရှင်လူ၊ကျောင်းသား ၊ပြည်သူများအတွက် ၁ မိနစ်ခန့်ငြိမ် သက်စွာဖြင့် ဆုတောင်းခဲ့ကြပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
သဘာပတီ ဦးလှအေးမောင်မှ အဖွင့်အမှာ စကား ပြောကြားပြီး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဗဟို) ဥက္ကဌ ဦးဇော်မင်းခိုင်မှ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင့်ရသည့် အကြောင်းအရင်းနှင့် ပါတီ၏ရပ်တည် ချက်ကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။
၎င်းအပြင် အခမ်းအနားသို့တက်ရောက်လာကြသော NLD (LAJAPAN ) ၊ AUN (JAPAN) ၊ NDF (JAPAN) ၊ CNC (JAPAN) PNMS ၊ BDA ၊ KNCD (LA-JAPAN) အစရှိသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ၂၀၁၀ ရွေးကောက်ပွဲအား မိမိတို့အနေဖြင့်လည်း ဆန့်ကျင်ရသည့် အ ကြောင်းအရင်းများနှင့် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည်သူများ အ တွက် လုံးဝအကျိုးမရှိကြောင်းကိုလည်း ပြောကြားခဲ့ကြသည်။
အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင်များနှင့် မြန်မာ့အရေး ကြိုးပမ်းလှုပ်ရှားနေ သူ စုစုပေါင်း ၁၀၀ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ၂၀၀၈ဖွဲ့စည်းပုံဥပဒေ - အလိုမရှိ၊ ၂၀၁၀ ရွေးကောက်ပွဲ - အလိုမရှိ၊ ဒီမိုကရေစီ အရေး တော်ပုံ - အောင်ရမည် စသည်တို့ကို ကြွေးကြော်ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရ သည်။
မူရင်း(http://www.narinjara.com/detailsbur.asp?id=2516)
မူရင်း(http://www.narinjara.com/detailsbur.asp?id=2516)
0 comments:
Post a Comment