ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Sunday, October 10, 2010

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၏ ဇနီးသည် အကျယ်ချုပ်ဖြင့်ထိန်းသိမ်းခံရ

ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် တရုတ်နိုင်ငံသား လျူဇီဘို၏ ဇနီးက သူမသည် ယခုအခါ ဘေဂျင်း တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရကြောင်း Twitterမှတဆင့် ရေးသားဖော်ပြခဲ့သည်။ ခင်ပွန်း သည် အား အကျဉ်းထောင်ထဲတွင် သွားရောက်တွေ့ဆုံခဲ့သည့် လျူဇီယာက သူမ၏ Twitter Accountတွင် “ညီအစ် ကိုတို့၊ ကျွန်မ အိမ်ပြန်ရောက်ပါပြီ။ အောက်တိုဘာ (၈)ရက်နေ့က အိမ်ရောက်ကတည်းက ခုထိ ကျွန်မကို သူတို့တွေအိမ်ထဲမှာ ဖမ်းထားတယ်။ တခြားလူတွေနဲ့ ဘယ်တော့မှ တွေ့ရမလဲ မသိဘူး”ဟု ရေး သားထားကြောင်း သိရသည်။ 
အသက်(၅၄)နှစ်ရှိ စာရေးဆရာ ဇီဘိုသည် တရုတ်နိုင်ငံသားများအနက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ပထမဆုံး ဆွတ်ခူးနိုင်သူဖြစ်ပြီး ကွန်မြူနစ် အုပ်ချုပ်သော နိုင်ငံအတွင်း ပိုမိုကောင်းမွန်သည့် လူ့အခွင့်အရေးများ ရရှိရန် တောင်းဆိုသည့် ချာတာ (၀၈)ခေါ် ကြေညာချက်ကို ရေးသားသည့်အတွက် လက်ရှိတွင် ထောင်ဒဏ်ကျခံနေရသည်။ ယင်းကြေညာချက်ကို ကျေနပ်ထောက်ခံသူ ထောင်ပေါင်းများစွာက လက်မှတ်ရေးထိုးခဲ့သည်။ ဇီဘိုသည် လီယိုလင်းရှိ ဂျင်ဇူးအကျဉ်းထောင်တွင် ထောင်ဒဏ်(၁၁)နှစ် ကျခံနေရခြင်းဖြစ်သည်။ အမေရိကန်တွင် အခြေစိုက်သော တရုတ်လူ့အခွင့်အရေးအဖွဲ့ (HRIC)က ကြေညာချက်တွင် ဇီယာသည် သူမ၏ ခင်ပွန်းနှင့် အကျဉ်းထောင်အတွင်း သွားရောက်တွေ့ဆုံခွင့် ရခဲ့ရာ ဇီဘိုက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုသည် (၁၉၈၉)ခုနှစ် တီယန်မင်းရင်ပြင် ဆန္ဒပြပွဲတွင် အသက်ပေးခဲ့ရသူများအတွက် ရည်ရွယ်ကြောင်း ပြောဆိုခဲ့သည်ဟု ပါရှိသည်။ တက္ကသိုလ် ပါမောက္ခဟောင်း တစ်ဦးဖြစ်သူ ဇီဘိုသည် အဆိုပါ ကမ္ဘာကျော် ဆန္ဒပြပွဲကြီးတွင် အရေးပါသော နေရာမှ ပါဝင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ဇီဘိုအား နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အောက်တိုဘာ (၈)ရက်နေ့က အတည်ပြု ကြေညာချက် ထုတ်ပြန်ပြီးချိန်တွင် ဘေဂျင်း၊ ရှန်ဟိုင်းနှင့် အခြားသော မြို့ကြီးများမှ ၎င်းကိုထောက်ခံသူများ စုပေါင်းအောင်ပွဲခံခဲ့ကြရာ တရုတ်ရဲတပ်ဖွဲ့က လူပေါင်း ဒါဇင်နှင့်ချီ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ရင်းမြစ်(http://www.planet.com.mm/news/read.cfm/id/16017)
1. 2. 3.

0 comments: