ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Sunday, October 10, 2010

Transformers 3 မှာ အကောင်းဆုံးဟု ရှားလီဘော့ဖ်ပြောကြား

ရိုက်ကူးထားသမျှ Transformers ဇာတ်ကားအားလုံးတွင် Transformers 3မှာ အကောင်းဆုံးဖြစ်ကြောင်း ရှားလီဘော့ဖ်က ပြောကြားလိုက်သည်။ အသက်(၂၃)နှစ်အရွယ် မင်းသားသည် ဒါရိုက်တာ မိုက်ကယ် ဘေး နှင့် လက်တွဲကာ ယင်းဇာတ်ကားတွင် ဆမ်ဝစ်တ်ဝစ်ကီအဖြစ် ဆက်လက်ပါဝင်ခဲ့သည်။ Transformers၏ နောက်ဆုံး ဇာတ်ကားတွင် မင်းသမီး မီဂန်ဖောက်စ်အစား Victoria’s Secret မော်ဒယ်လ် ရိုစီဟက်တင်ဂမ် အစားထိုး ပါဝင်လာသည်။  
MTVနှင့် အင်တာဗျူးတွင် လီဘော့ဖ်က “Transformers 3ရဲ့ ဇာတ်ညွှန်းက အကောင်းဆုံးပဲ။ တကယ့်ကို ပြေပြစ်ပြီး အနာအဆာကင်းတယ်။ ပထမဆုံး ဇာတ်ကားကတည်းက (၅)နှစ်လောက်တူတူ တွဲပြီးလုပ်လာတော့ တစ်ယောက်အကြိုက် တစ်ယောက်သိနေလို့လည်း ဖြစ်နိုင်တယ်”ဟု ပြောကြားသွားသည်။ ထို့အပြင် ၎င်းအနေနှင့် Transformers ဇာတ်ကားများတွင် ပါဝင်ခွင့် ရနေခြင်းအပေါ် အလွန်ဂုဏ်ယူကြောင်းလည်း ဖွင့်ဟခဲ့သည်။ ၎င်းက Transformers 3သည် ၎င်းအတွက် နောက်ဆုံးပါဝင်သည့် Transformersဇာတ်ကား ဖြစ်လာနိုင်ကြောင်းလည်း လီဘော့ဖ်က မှတ်ချက်ပြုခဲ့သည်။ “နောက်ထပ် ဆက်မရိုက်တော့ပါဘူး။ ဒါဟာ ကျွန်တော်သရုပ်ဆောင်ခဲ့ဖူးသမျှ ဇာတ်ကားတွေထဲမှာ အကောင်းဆုံွးေလို့လည်း ပြောလို့ရပါတယ်။ ဒီဇာတ်ကားမှာ ပါခွင့်ရတာကိုလည်း အရမ်းပျော်ပါတယ်”ဟု လီဘော့ဖ်က ပြောဆိုသွားသည်။ လီဘော့ဖ်သည် လက်ရှိအမေရိကန်တွင် ရုံတင်ပြသနေသော Wall Street: Money Never Sleeps ဇာတ်ကားတွင် မိုက်ကယ်ဒေါက်ဂလက်စ်၊ ကာရေမူလီဂန်၊ ဂျို့ရှ်ဘရိုလင်းနှင့် ဖရန့်ခ်လန်ဂယ်လာတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားသည်။
ရင်းမြစ်(http://www.planet.com.mm/news/read.cfm/id/16015)
1. 2. 3.

0 comments: