ဒီမိုကရေစီပါတီများ ၆ ဖွဲ့ ဖွဲ့ထားတဲ့ ဒီမိုကရေစီ မိတ် ဆွေများအဖွဲ့ထဲက ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီဟာ လောလောဆယ် ယာယီ ရပ်ထားမယ်လို့ ကျန် ၅ ပါတီကို စာပေးပို့ခဲ့ကြောင်း ဒီငြိမ်းပါတီက ဗဟိုကော်မတီ ဝင် ဦးမျိုးညွန့်က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင်ရွှေက ပြည်တွင်းထုတ် ဂျာနယ်တစောင် မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အန်ဒီအက်ဖ်အပါအဝင် နိုင်ငံရေးပါတီတချို့ကို ငွေကြေးကူညီ ထောက်ပံ့ထားတယ်လို့ ပြောဆိုလိုက်တဲ့အပေါ်မှာ ဒီငြိမ်းအဖွဲ့က ခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
“ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီအနေနဲ့တော့ မည်သည့်လုပ်ငန်းရှင်၊ မည်သည့် အလှူရှင်ကြီးများ၊ သူ ဌေးကြီးများထံကမှ အလှူငွေ မယူပါဘူး။ ပြီးတော့ (ဒီစီးပွားရေးလုပ်ငန်းရှင်တွေက) အစိုးရနဲ့ မကင်းဘူး ခင်ဗျ။ ပြဿနာက ဒီမိုကရေစီပါတီများ မိတ်ဆွေအသင်းဆိုပြီး ကျနော်တို့ သဘောတူညီချက် လက်မှတ် ထိုး လိုက်မိတဲ့ ပါတီတွေထဲက အန်ဒီအက်ဖ်ကိုတော့ နံမည်နဲ့ခေါ်တယ်။ ကျန်တာတွေကိုတော့ နိုင်ငံရေးပါတီ အချို့လို့ ပြောတယ်။ “ပြီးတော့ ရှမ်း၊ မွန်၊ ကရင်၊ ရခိုင် လူမျိုးစုပါတီများလို့လည်း ပြောတယ်ပေါ့။ ဒါကြောင့်မို့ ကျနော်တို့က ဘယ်လို ဆုံးဖြတ်လိုက်လဲဆိုတော့ အောက်တိုဘာ ၂ ရက်နေ့ သဘောတူညီချက်ကိုလည်း သက်ဆိုင်တဲ့ပါတီများက ရှင်းလင်းခြင်း မပြုနိုင်သေးသည် အထိတော့ ယာယီ ရပ်ဆိုင်းထားမယ် ဆိုပြီးပေါ့။” ဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အန်ဒီအက်ဖ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင် ဆွေက ဦးလှမောင်ရွှေဆီက ပါတီရန်ပုံငွေ မယူခဲ့ ဘူးလို့ ပြောပါတယ်။ “ဦးလှမောင်ရွှေဆီက ပါတီရန်ပုံငွေ တပြားတချပ်မှ မယူခဲ့ဘူး ဆိုတာ ကျ နော် မီဒီယာထဲမှာ ဖြေထားပါတယ်။ ကိုယ်စားလှယ်တွေကို ၅ သိန်း၊ ၅ သိန်းကို ပဲခူးတိုင်း ကိုယ်စားလှယ်ဘယ်လောက်ကို လှူပါတယ်။ မကွေးတိုင်း ကိုယ်စားလှယ်ဘယ်နှစ် ယောက်ကို လှူချင်ပါတယ်။ ရန်ကုန်တိုင်းကို လှူပေးပါဆိုပြီးတော့ အသီးသီးလာပြီးတော့ လှူတဲ့ဟာတွေကို ပဲ ကျနော်တို့ရှိပါတယ်။ အဲတော့ ဦးလှမောင်ရွှေတို့က လှူတဲ့ငွေတွေ ရှိတယ်ဆိုရင် (ဦးလှမောင်ရွှေတို့) ကုမ္ပဏီမှာ သွားပြီး စစ်လို့ ရှိရင် သူတို့ ငွေစာရင်းမှာ ကျနော်တို့ကို လှူတယ်ဆိုတာ ပေါ်နေမှာ ဖြစ်ပါတယ်။ အဲတော့ သက်ဆိုင်ရာတွေကလည်း စစ်သွားပြီလို့လည်း ကျနော်ကြားတယ်လေ။ တကယ်လို့များ ဟုတ်တယ် ဆိုရင် စွပ်စွဲတာတွေက မှန်မှာပေါ့ဗျာ။ အခုက ဟုတ်မှ မဟုတ်တဲ့ အခါကျတော့” ခုလို ဒီငြိမ်းအဖွဲ့က ယာယီ ရပ်နားထားမယ်ဆိုတဲ့ ကြေညာချက်အပေါ် သ ဘောထားနဲ့ ပတ်သက်လို့ ဦးခင်မောင်ဆွေက အခုလိုတုံ့ပြန် ပါတယ်။ “ဒီမိုကရေစီမဟာမိတ်များပါတီ ဖွဲ့တုန်းက ၂ ရက်နေ့ပါ။ ဦးလှမောင်ရွှေ ပါတီထဲက ကိုယ်စားလှယ် တွေ အပါအဝင်ပေါ့ သုံးလေးငါးယောက် ခြောက်ယောက် ပေါ့။ သူ့ဘာသူ ပေးထားတာလဲ ရှိတယ်ဆိုတာကို သူပြောသွားတာ ရှိတယ်လေ။ ရှမ်းတို့ ချင်းတို့နဲ့ အဆက်အသွယ်ရှိပါတယ်လို့ ပြောသွားတာ ရှိတယ်ဗျ။ ဒီငြိမ်း က ဦးအောင်သန်းတို့က သိရဲ့သားနဲ့ လက်ခံပြီးတော့ ဘာဖြစ်လို့ မိတ်ဆွေများပါတီမှာ ဝင်ခဲ့လဲ။ “ကျနော်တို့ကိုရော ဘာဖြစ်လို့ လာပြီးတော့ မမေးဘဲနဲ့ သေချာ မစစ်ဆေး ဘဲနဲ့ ၆ ပါတီ ပြန်ခေါ်ပြီးတော့မှ အန်ဒီအက်ဖ်က ဒီလိုဒီလို ယူထားတာတွေ ရှိတာ တွေ ကြားရတယ်။ ဟုတ်လို့ရှိရင် ကျနော်တို့ မကျေနပ်ဘူး။ ယာယီအားဖြင့်တော့ ရပ်ဆိုင်းမယ်ဆိုပြီး ကျနော်တို့ကို အကုန်ခေါ်ပြီးတော့မှ ရှင်းဖို့ သင့်တာပေါ့ဗျာ။ ဒါက ဘာလဲဆိုတော့ ကျနော်တို့ကို လက်ညိုးထိုးပြီးတော့ စွပ်စွဲချင်သူတွေဘက်တွေက လိုက်ပြီးတော့ ရှင်းရှင်း ပြောရရင် ခေတ်ဟောင်းနိုင်ငံရေး အလေ့အထထဲကို ပြန် ရောက်ပြီးတော့ ချက်အောက်ကို လက်သီးနဲ့ ထိုးချင်တဲ့ဟာမျိုးတွေ လုပ်လို့ရှိရင်တော့ ကျနော်တို့က တော်တော်ကြီးကို စဉ်းစားရမယ့် အပိုင်းမှာရှိပါ တယ်။” ဒီမိုကရေစီမိတ်ဆွေပါတီများ အဖွဲ့ကို ဒီလ ၂ ရက်နေ့ကဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ အဖွဲ့ထဲမှာ အမျိုး သားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်း သားများဒီမိုကရက်တစ်ပါတီ၊ချင်းအမျိုးသားပါတီနဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ပါဝင်ပါတယ်။
ရင်းမြစ်(http://burmese.dvb.no/textonly/)
1.
2.
3.
0 comments:
Post a Comment