လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ အဲဒီအချိန်မှာ မရိုးသားခဲ့တဲ့ နိုင်ငံရေး သမားတွေဟာ တိုင်းရင်းသား တွေတောင်းဆိုတဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပေးအပ်မယ့်အစား စစ်အာဏာရှင် စနစ်ကို မွေးထုတ်ပေးခဲ့တာကြောင့် နောက်ဆက်တွဲအနေဖြင့် မဟာလူမျိုးကြီးဝါဒ အာဏာရှင်ဝါဒတွေ အသုံးပြုပြီး တော့ကာ ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့ရပြီး တစ်တိုင်းပြည်လုံးထဲမှာကို ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရကြောင်း နိုင်သုဝဏ္ဏ (မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ) က ပြည်သူ့ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပြောပါတယ်။
“မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိလာကတည်းက ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေ လွတ်လပ်ရေးရဲ့ အရသာကို ဒီကနေ့ထိ မခံစားရပါဘူး။ မကြာခင်မှာလည်း ပြည်ထောင်စုနေ့ဟာ ၇၅နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာထဲကကို စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံမဟုတ်ခဲ့ပါဘူး။ အားလုံးအသိဖြစ်ပါတယ်။ လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ အဲဒီအချိန်မှာ မရိုးသားခဲ့တဲ့ နိုင်ငံရေး သမားတွေဟာ တိုင်းရင်းသားတွေတောင်းဆိုတဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပေးအပ်မယ့်အစား စစ်အာဏာရှင်စနစ်ကို မွေးထုတ်ပေးခဲ့တာပါပဲ။ နောက်ဆုံးတော့ စစ်အာဏာရှင်စနစ်က နည်းမျိုးစုံနှင့် ကြီးထားလာပြီးတော့ကာ မဟာလူမျိုးကြီးဝါဒ အာဏာရှင်ဝါဒတွေ အသုံးပြုပြီးတော့ကာ ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့ပါတယ်။ တစ်တိုင်းပြည်လုံးထဲမှာကို ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ပါတယ်” ဟု ပြောပါတယ်။
“ဒီနိုင်ငံရဲ့သမိုင်းကြောင်းကို ပြန်ကြည့်ရင် တိုင်းရင်းသားလူမျိုးတွေဟာ သူ့နည်းသူ့ဟန် သူ့နယ်မြေ သူ့ဒေသ သူ့အသိုင်းအဝိုင်းနဲ့သူ ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးခဲ့ကြပါတယ်။ အချို့တိုင်းနိုင်ငံတွေ ထူထောင်ခဲ့ကြပါတယ်။ အချို့ရိုးရာဓလေ့ ထုံးစံအရ အုပ်ချုပ်ရေးအရထူထောင်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ ဒါကိုကျနော်တို့ ပြန်လည်အသိအမှတ်ပြုဖို့ အများကြီးလိုအပ်ပါတယ်။ ယနေ့နိုင်ငံရေးပြဿနာဟာ တိုင်းရင်းသား တန်းတူရေးကိုအာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံနှင့် စစ်တပ်ကနိုင်ငံရေးမှာ ဝင်ရောက် မစွက်ဖက်တဲ့ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတည်ဆောက်ရေးဟာ ဒီကနေ့ကျွန်တော်တို့ပြည်သူများ လူငယ်အမျိုးသား၊ အမျိုးသမီးတွေရဲ့ ပုခုံးပေါ်မှာ ရောက်ရှိလာပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မတူညီတဲ့ သမိုင်းကြောင်း၊ ဘာသာစကား၊ စာပေ၊ယဉ်ကျေးမှုတွေနဲ့ တန်ဖိုးများ ရှိကြသော်လည်းပဲ ဘုံအကျိုးစီးပွားကို ပြည်သူ့အာဏာနှင့် အတူတူဖန်တီးကြရမယ်လို့ပဲ ရည်မှန်းပြီးတော့ တန်တူညီတူဖြစ်ဖို့ စုဖွဲ့ကြဖို့ ကြိုးစားခဲ့ကြတာ ခရီးပေါက်မြောက်လာပြီးဖြစ်လို့ အလွန်ပဲကျွန်တော် ဝမ်းမြောက်မိပါတယ်” ဟု ပြောပါတယ်။
မွန်လူမျိုးနှင့် မွန်ပြည်နယ်အတွင်းမှာရှိခဲ့ကြတဲ့ ပြည်သူတွေကို ကိုယ်စားပြုခဲ့ကြပြီးတော့ MSICC ဟာ ဖက်ဒရယ်ဒီမိုကရေစီ ချာတာ ၁ အရ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး ချာတာ ၂ အရပါ ကြားကာလတော်လှန်ရေး အောင်မြင်မှုအတွက်ကို တစ်တပ်တစ်အား ပါဝင်သွားရမှာဖြစ်ကြောင်းကို သံဓိဌာန်ပြုထားကြောင်းတိုက်တွန်း ပြောဆိုထားပါတယ်။
https://www.federaljournal.org/
1.
2.
3.
0 comments:
Post a Comment