ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
Saturday, January 29, 2022
ရေးမြို့တွင် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်
မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံး (MSRU) မှ စမ်းသပ်ထုတ်လုပ်ထားသော တာဝေးပစ် Mortar ဖြင့် ဇန်နဝါရီလ ၂၈ရက်နေ့ ည ၆နာရီ ခွဲတွင် ရေးမြို့နယ် ခမရ (၅၈၆) တပ်ရင်းအား  နှစ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
  ဇန်နဝါရီလ ၂၈ရက်နေ့ ည ၁၀ နာရီဝန်းကျင် ခန့်တွင် ရန်ကုန် ထားဝယ် အာရှလမ်းမကြီး ပေါ်သို့ မောင်းနှင်လာသော ခလရ (၃၄၃) တပ်ရင်းမှ ကင်းလှည့် စစ်ကား တစ်စီးအား မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အစည်းအရုံး (MSRU) နှင့် Ye Special Task Force (YSTF) ပူးပေါင်းအဖွဲ့မှ  မိုင်းဆွဲတိုက်ခိုက် ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ထိတွေ့ တိုက်ပွဲငယ်ဖြစ်ပွားခဲ့သည်။ 
စစ်ကောင်စီ ဘက်မှ ထိခိုက်မှုများ နှင့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး MSRU နှင့် YSTF ပူးပေါင်းအဖွဲ့ မှ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။ 
ည ၁၀ နာရီဝန်းကျင်ခန့်တွင် လည်း စစ်ကောင်စီ ခလရ (၃၄၃) တပ်ရင်း မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့သော်လည်း ပူးပေါင်းအဖွဲ့မှ  ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဟု MSRU က ထုတ်ပြန်ထားသည်။
https://www.facebook.com/202214196877820/posts/1395596567539571/
1.
Saturday, January 29, 2022
Women Alliance အဖွဲ့ဝင်များ လာရောက်ပူးပေါင်းသည့် လက်ပံတောင်းတောင် သပိတ်စစ်ကြောင်
မြန်မာတွင် အိုမီခရွန်ရောဂါပိုး ပြည်တွင်း၌ကူးစက်မှုရှိလာ
မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးသည် ပြည်တွင်း၌ကူးစက်မှုများရှိလာနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ဗီဇပြောင်းကိုဗစ်ပိုးသစ် အိုမီခရွန်ရောဂါပိုးကို ၂၀၂၁ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၄ ဦးတွင် စတင်တွေ့ရှိခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်းတွင် ပြည်တွင်း၌လည်း ပိုးတွေ့ရှိမှုများရှိလာနေသည်ဟု သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း အိုမီခရွန်ရောဂါပိုးအား တမူးမြို့တွင် ၄၈ ဦး၊ ကလေးမြို့တွင် ၂၀ ဦး၊ ထပ်မံကူးစက်ခံရသူ ၃ ဦးနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး၊ စုစုပေါင်း ၇၂ ဦးတို့ထံတွင် တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၄င်းတို့နှင့်အနီးကပ်ထိတွေ့သူများကို အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ အထူးအားဖြည့်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အိုမီခရွန်ပိုးကူးစက်ခံရသူသည် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများနှင့် ပြည်တွင်းမှကူးစက်ခံရသည့်ဦးရေစုစုပေါင်း ၂၈၃ ဦးအထိရှိလာပြီဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
ရခိုင်ပြည်နယ်အတွင်းတွင်မူ အိုမီခရွန်ရောဂါပိုးကူးစက်ခံရမှုမရှိသေးကြောင်း သိရသည်။
ကိုဗစ်မျိုးကွဲဖြစ်သည့် အိုမီခရွန်ရောဂါပိုးကူးစက်ခံရပါက ရောဂါလက္ခဏာသည် အဓိကအသက်ရှုလမ်းကြောင်းနှင့်သက်ဆိုင်သည့် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အဖျားရှိခြင်း၊ နွမ်းနယ်ခြင်း၊ ဖျားနာခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် အနံ့ပုံမှန်မရခြင်းတို့ဖြစ်တတ်ကြောင်း သိရသည်။
အိုမီခရွန်ပိုးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအစောပိုင်းက တောင်အာဖရိကနိုင်ငံတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/151742128171206/posts/5162286157116753/
------------------------------------
Zawgyi - 
၎င်းတို့နှင့်အနီးကပ်ထိတွေ့သူများကို အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ အထူးအားဖြည့်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုသည်။
1.
မိမိပေါ်စေချင်သောစာသားကိုဤစာကြောင်းအားဖျက်ပြီးရေးပါ။ မိမိသိမ်းထားလိုသောစာသားကိုဤစာကြောင်းအားဖျက်ပြီးရေးပါ။ 1.
မရိုးသားခဲ့တဲ့ နိုင်ငံရေးသမားတွေဟာ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပေးအပ်မယ့်အစား စစ်အာဏာရှင် စနစ်ကို မွေးထုတ်ပေးခဲ့တာကြောင့် ပြည်တွင်းစစ် မီးတောက်လောင်ခဲ့
လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ အဲဒီအချိန်မှာ မရိုးသားခဲ့တဲ့ နိုင်ငံရေး သမားတွေဟာ တိုင်းရင်းသား တွေတောင်းဆိုတဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပေးအပ်မယ့်အစား စစ်အာဏာရှင် စနစ်ကို မွေးထုတ်ပေးခဲ့တာကြောင့်  နောက်ဆက်တွဲအနေဖြင့် မဟာလူမျိုးကြီးဝါဒ အာဏာရှင်ဝါဒတွေ အသုံးပြုပြီး တော့ကာ ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့ရပြီး တစ်တိုင်းပြည်လုံးထဲမှာကို ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရကြောင်း နိုင်သုဝဏ္ဏ (မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ) က ပြည်သူ့ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပြောပါတယ်။
“မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိလာကတည်းက ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေ လွတ်လပ်ရေးရဲ့ အရသာကို ဒီကနေ့ထိ မခံစားရပါဘူး။ မကြာခင်မှာလည်း ပြည်ထောင်စုနေ့ဟာ ၇၅နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာထဲကကို စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံမဟုတ်ခဲ့ပါဘူး။ အားလုံးအသိဖြစ်ပါတယ်။ လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ အဲဒီအချိန်မှာ မရိုးသားခဲ့တဲ့ နိုင်ငံရေး သမားတွေဟာ တိုင်းရင်းသားတွေတောင်းဆိုတဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပေးအပ်မယ့်အစား စစ်အာဏာရှင်စနစ်ကို မွေးထုတ်ပေးခဲ့တာပါပဲ။ နောက်ဆုံးတော့ စစ်အာဏာရှင်စနစ်က နည်းမျိုးစုံနှင့် ကြီးထားလာပြီးတော့ကာ မဟာလူမျိုးကြီးဝါဒ အာဏာရှင်ဝါဒတွေ အသုံးပြုပြီးတော့ကာ ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့ပါတယ်။ တစ်တိုင်းပြည်လုံးထဲမှာကို ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ပါတယ်” ဟု ပြောပါတယ်။ 
 “ဒီနိုင်ငံရဲ့သမိုင်းကြောင်းကို ပြန်ကြည့်ရင် တိုင်းရင်းသားလူမျိုးတွေဟာ သူ့နည်းသူ့ဟန် သူ့နယ်မြေ သူ့ဒေသ သူ့အသိုင်းအဝိုင်းနဲ့သူ ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးခဲ့ကြပါတယ်။ အချို့တိုင်းနိုင်ငံတွေ ထူထောင်ခဲ့ကြပါတယ်။ အချို့ရိုးရာဓလေ့ ထုံးစံအရ အုပ်ချုပ်ရေးအရထူထောင်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ ဒါကိုကျနော်တို့ ပြန်လည်အသိအမှတ်ပြုဖို့ အများကြီးလိုအပ်ပါတယ်။ ယနေ့နိုင်ငံရေးပြဿနာဟာ တိုင်းရင်းသား တန်းတူရေးကိုအာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံနှင့် စစ်တပ်ကနိုင်ငံရေးမှာ ဝင်ရောက် မစွက်ဖက်တဲ့ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတည်ဆောက်ရေးဟာ ဒီကနေ့ကျွန်တော်တို့ပြည်သူများ လူငယ်အမျိုးသား၊ အမျိုးသမီးတွေရဲ့ ပုခုံးပေါ်မှာ ရောက်ရှိလာပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မတူညီတဲ့ သမိုင်းကြောင်း၊ ဘာသာစကား၊ စာပေ၊ယဉ်ကျေးမှုတွေနဲ့ တန်ဖိုးများ ရှိကြသော်လည်းပဲ ဘုံအကျိုးစီးပွားကို ပြည်သူ့အာဏာနှင့် အတူတူဖန်တီးကြရမယ်လို့ပဲ ရည်မှန်းပြီးတော့ တန်တူညီတူဖြစ်ဖို့ စုဖွဲ့ကြဖို့ ကြိုးစားခဲ့ကြတာ ခရီးပေါက်မြောက်လာပြီးဖြစ်လို့ အလွန်ပဲကျွန်တော် ဝမ်းမြောက်မိပါတယ်” ဟု ပြောပါတယ်။ 
မွန်လူမျိုးနှင့် မွန်ပြည်နယ်အတွင်းမှာရှိခဲ့ကြတဲ့ ပြည်သူတွေကို ကိုယ်စားပြုခဲ့ကြပြီးတော့ MSICC ဟာ ဖက်ဒရယ်ဒီမိုကရေစီ ချာတာ ၁ အရ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး ချာတာ ၂ အရပါ ကြားကာလတော်လှန်ရေး အောင်မြင်မှုအတွက်ကို တစ်တပ်တစ်အား ပါဝင်သွားရမှာဖြစ်ကြောင်းကို သံဓိဌာန်ပြုထားကြောင်းတိုက်တွန်း ပြောဆိုထားပါတယ်။
https://www.federaljournal.org/
1.
Monday, October 11, 2010
ရွေးကောက်ပွဲမတိုင်ခင် အကျဉ်းသား ၁ သောင်းကျော် လွတ်ဖို့ရှိ
နာမည်ဆိုးနှင့် ကျော်ကြားသောအင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ
 နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်း သား ၁ သောင်း ၁ ထောင်ကို လွှတ်ပေးဖို့ရှိကြောင်း ပြည်တွင်းထုတ် သတင်းဂျာနယ် တစောင်ကို ကိုးကားပြီး ဂျာမန်သတင်းဌာန DPA က ရေးသားလိုက်ပါတယ်။
1.
Monday, October 11, 2010
ဒီမိုကရေစီမိတ်ဆွေများပါတီထဲမှ ဒီငြိမ်းပါတီ ယာယီရပ်ဆိုင်းမည်
ဒီမိုကရေစီပါတီများ ၆ ဖွဲ့ ဖွဲ့ထားတဲ့ ဒီမိုကရေစီ မိတ် ဆွေများအဖွဲ့ထဲက ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီဟာ လောလောဆယ် ယာယီ ရပ်ထားမယ်လို့ ကျန် ၅ ပါတီကို စာပေးပို့ခဲ့ကြောင်း ဒီငြိမ်းပါတီက ဗဟိုကော်မတီ ဝင် ဦးမျိုးညွန့်က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင်ရွှေက ပြည်တွင်းထုတ် ဂျာနယ်တစောင် မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အန်ဒီအက်ဖ်အပါအဝင် နိုင်ငံရေးပါတီတချို့ကို ငွေကြေးကူညီ ထောက်ပံ့ထားတယ်လို့ ပြောဆိုလိုက်တဲ့အပေါ်မှာ ဒီငြိမ်းအဖွဲ့က ခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
1.
Sunday, October 10, 2010
လယ်မြေသိမ်းရန် ခမရ ၂၀၉ ပြင်ဆင်နေ
 နအဖစစ်သားတစ်ဦး
 မွန်ပြည်နယ် မုဒုံမြို့နယ်ကမာဝက်ကျေးရွာ အခြေစိုက် ခမရ ၂၀၉ တပ်တို့က လယ်မြေဧကပေါင်း ၈၀ ကျော်ကို တပ်မြေအဖြစ် သိမ်းဆည်းရန် ပြင်ဆင်နေသည်။မုဒုံမြို့နယ် ဒိုးမားကျေးရွားရှိ လယ်ပိုင်ရှင် ၈ ဦးပိုင်ဆိုင်သည့် လယ်မြေဧက ၅၀ ကျော်နှင့်၊ ကွမ်လှာရွာရှိ လယ်ပိုင်ရှင် ၇ ဦးတို့ပိုင်ဆိုင်သည့် လယ်ဧက ၃၀ ကျော်တို့ကို ရွေးကောက်ပွဲမတိုင်ခင် တပ်မြေအဖြစ် သိမ်းဆည်းရန် ၄င်းတပ်တို့က ကျေးရွာဥက္ကဌအား တိုက်တွန်းနေသည်။
1.
Sunday, October 10, 2010
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၏ ဇနီးသည် အကျယ်ချုပ်ဖြင့်ထိန်းသိမ်းခံရ
ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် တရုတ်နိုင်ငံသား လျူဇီဘို၏ ဇနီးက သူမသည် ယခုအခါ ဘေဂျင်း တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရကြောင်း Twitterမှတဆင့် ရေးသားဖော်ပြခဲ့သည်။ ခင်ပွန်း သည် အား အကျဉ်းထောင်ထဲတွင် သွားရောက်တွေ့ဆုံခဲ့သည့် လျူဇီယာက သူမ၏ Twitter Accountတွင် “ညီအစ် ကိုတို့၊ ကျွန်မ အိမ်ပြန်ရောက်ပါပြီ။ အောက်တိုဘာ (၈)ရက်နေ့က အိမ်ရောက်ကတည်းက ခုထိ ကျွန်မကို သူတို့တွေအိမ်ထဲမှာ ဖမ်းထားတယ်။ တခြားလူတွေနဲ့ ဘယ်တော့မှ တွေ့ရမလဲ မသိဘူး”ဟု ရေး သားထားကြောင်း သိရသည်။ 
1.